အပိုင်း (၂၉) (Uni+Zawgyi)

16.3K 899 34
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၉)

"Happy Birthday Tchel"
အခန်းခေါက်သံကြားလို့နွေးတံခါးထဖွင့်စဥ် မွေးနေ့ကိတ်ကလေးကိုင်ကာ အော်လိုက်သည့်မြင့်မိုရ်ကြောင့် ပါးစပ်လေးအားလက်ဖြင့်အုပ်လိုက်မိကာ အံ့သြသွားလေသည်။တစ်နေကုန်အလုပ်ရှုပ်နေတာကြောင့် မွေးနေ့ရောက်တာတောင်သတိမရခဲ့။ပြက္ခဒိန်လည်းမကြည့်မိတာကြောင့် August 3ရက်နေ့ဆိုတာကိုတောင်သတိမထားခဲ့မိတော့ပေ။မွေးနေ့ကိတ်အားမြင်မှပင် အသက် (၃၀)ပြည့်ပြီဆိုတာ သတိရတော့သည်။
"Surprise နော်တီချယ်"ဟုဆိုကာ ပေဖူးတို့ကပါပြောလိုက်တာကြောင့်နွေးပြုံးလိုက်မိသည်။ရင်ထဲတွင်လည်းပျော်ရွှင်ကြည်နူးမှုတို့ဖြင့်ပြည့်နှက်နေတော့သည်။
"အထဲမခေါ်တော့ဘူးလားတီချယ် ဖယောင်းတိုင်တောင်ငြိမ်းတော့မယ်"ဆိုတော့မှ တီချယ်ကရှက်ပြုံးလေးပြုံးကာ အထဲဝင်ခိုင်းလေသည်။Birthday songဆိုပေးပြီးတော့ တီချယ်ကဖယောင်းတိုင်မှုတ်လိုက်လေသည်။
"ကိတ်ကလေးကလှလို့ ခွဲတောင်မခွဲရက်တော့ဘူး"နွေးပြောတော့ အကုန်ရယ်ကြလေသည်။တကယ်လည်းကိတ်ကလေးကရှင်းရှင်းလေးနှင့်လှပါသည်။နွေးအကြိုက်ဆုံးအရောင်ဖြစ်သည့်ခရမ်းရောင်လေးအား အဖြူရောင်လေးနှင့်ရောစပ်ကာသုံးထားသည့်ကိတ်အဝိုင်းလေးပေါ်တွင် ကံ့ကော်ပုံစံပန်းလေးတစ်ပွင့်မှာအရွက်စိမ်းစိမ်းလေးဖြင့်ရှိနေလေသည်။"Happy Birthday"ဆိုသည့်စာလုံးလေးမှာလည်းခရမ်းရောင်ကလေးပင်။
"တကယ်ပြောတာ မခွဲရက်တော့ဘူး ဘယ်လိုလုပ်ရမလဲ"ဖုန်းအားယူပြီးပုံရိုက်လိုက်ရင်းနွေးဆိုလိုက်မိသည်။
"ခွဲပါတီချယ်ကလည်း တီချယ်ခွဲမှပေဖူးတို့စားရမှာပေါ့"အစားသမားပေဖူးကတော့ အတင်းကိုခွဲခိုင်းနေလေသည်။
"တီချယ်ကလည်းခွဲပါ အမှတ်တရပေါ့နော်"မြင့်မိုရ်ပြောတော့ တီချယ်ကခေါင်းတစ်ချက်ညိတ်ပြကာ ကိတ်လှီးဓားလေးအားကိုင်ပြီး ခွဲကာ ပန်းကန်ထဲထည့်လိုက်လေသည်။
"သမီးငယ်..ပါးစပ်ဟ"ဟုဆိုတာကြောင့် မြင့်မိုရ်လည်း ဟလိုက်ကာ တီချယ်ခွံ့ကျွေးသည့် ကိတ်အားစားလိုက်မိသည်။ပေဖူးနှင့်သဇင်တို့ကိုလည်း တီချယ်ကခွံ့ကျွေးလေသည်။ကျွေးပြီးသွားတော့ ပန်းကန်ထဲရှိကိတ်ကလေးအား မြင့်မိုရ် ဇွန်းဖြင့်ယူလိုက်ပြီး
"တီချယ့်ကိုလည်းကျွေးမယ်လေ မွေးနေ့ရှင်ကိုလည်းပြန်ခွံ့ကျွေးရတယ်"ဟုဆိုတော့ တီချယ်ကရယ်ကာ မြင့်မိုရ်ကျွေးသည့်ကိတ်ကလေးအားစားလေသည်။ပေဖူးနှင့်သဇင်ကတော့ အဆောင်မှူးအားကိတ်ပို့ပေးမယ်ဟုဆိုကာ ကိတ်တစ်ဝက်အားယူပြီး ရှောင်ထွက်သွားတာကြောင့်မြင့်မိုရ်နဲ့တီချယ်သာကျန်ခဲ့လေသည်။
"တီချယ်ပျော်ရဲ့လားဟင် ညကတည်းကwishချင်ပေမဲ့အဆောင်မှာဆိုတော့ ညကြီးမပြေလို့လေ"
"ပျော်တာပေါ့သမီးငယ်ရဲ့ တီချယ်ကမေ့တောင်မေ့နေတာ ကျေးဇူးတင်ပါတယ်နော်"
"မလိုပါဘူးတီချယ်ကလည်း"
နွေးအတွက်တော့ဒီနှစ်မွေးနေ့ကပြည့်စုံသည်ဆိုတာထက်ပိုခဲ့ပါသည်။အမြဲတမ်းတစ်ယောက်တည်းလိုလိုဖြတ်သန်းခဲ့ရသည့်မွေးနေ့က ဒီနှစ်မှာတော့ထူးထူးခြားခြားဖြစ်ခဲ့ရသည်။ချစ်ရတဲ့သူနှင့်ဆိုသည့်အတွေးကြောင့်ပိုရျ်ပျော်မိပါသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Wo Geschichten leben. Entdecke jetzt