အပိုင်း (၅)

12.9K 803 31
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၅)

ပြုတ်ကျတဲ့အရှိန်ကြောင့်နှစ်ယောက်လုံးနာသွားတာအမှန်ပင်။အထူးသဖြင့်မြင့်မိုရ်ကအောက်ကဆိုတော့ပိုရျ်အထိနာသွားတော့သည်။
မြင့်မိုရ်ကိုယ့်အပေါ်ကခန္ဓာကိုယ်နွေးနွေးလေးကြောင့်ရင်ခုန်သံတွေမြန်နေတော့သည်။လေတစ်ချက်မဝေ့ပါဘဲနှာဖျားဆီရောက်လာတဲ့ရေမွှေးနံ့သင်းသင်းလေးရယ် သိပ်ကိုနီးကပ်လွန်းတဲ့မျက်ဝန်းတစ်စုံရယ်ကြောင့်ရင်ခုန်သံတွေဗြောင်းဆန်ကာအတန်ကြာငေးနေမိရင်း

"မင်းတို့တီချယ်ကိုထူပေးလိုက်အုံး ဘာဖြစ်သွားကြသေးလဲ"
အဆောင်မှူးရဲ့အသံကြောင့်မြင့်မိုရ်အသိပြန်ဝင်ကာ မျက်နှာလွှဲလိုက်မိသည်။နွေးလည်းမြင့်မိုရ်ကိုယ်ပေါ်ကနေအတင်းကုန်းရုန်းထကာမြင့်မိုရ်ကိုအားနာသလိုကြည့်ပြီးဆွဲထူပေးလိုက်သည်။

"မြင့်မိုရ် ဘာဖြစ်သွားသေးလဲ"

"ဘာမှမဖြစ်....."မြင့်မိုရ်စကားပင်မဆုံးသေးပေဖူးအသံစွာစွာလေးကာဝင်လာတော့သည်။

"မြင့်မိုရ်နင့်လက်ကွဲသွားတာပဲသွေးတွေထွက်နေတယ် ဟယ် ခြေထောက်မှာရောပဲ"
ပေဖူးပြောလို့ကြည့်လိုက်တော့အမှန်ပင်။မြေပြင်ကိုလက်အထောက်မှာ အောက်က အုတ်ခဲကျိုးတွေကခြစ်သွားတာဖြစ်မည်ထင်သည်။ဒူးဖုံးဂါဝန်ဝတ်ထားတာကြောင့်လဲတဲ့အချိန်မှာ ခြေထောက်ကိုတစ်ခုခုထိုးစိုက်သွားတာထင်ပါရဲ့။

"ဟုတ်ပါရဲ့ သွေးတွေထွက်နေပြီ "

"ရတယ်တီချယ် ရေဆေးပြီးဆေးထည့်လိုက်ရင်ရပါတယ် ခြစ်သွားရုံလေးပါ"

"တကယ် ရရဲ့လား အားမနာနဲ့နော်"

"ရပါတယ်တီချယ်ရဲ့"
မြင့်မိုရ်ပြောသာပြောနေရပေမဲ့အနာက တဆစ်ဆစ်နဲ့နာနေတော့သည်။အရှိန်နဲ့မလို့အနာကနက်သွားတယ်ထင်ပါရဲ့။ပေဖူးနဲ့သဇင်ကအလိုက်တသိမြင့်မိုရ်ကိုတွဲကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်ကြသည်။

"ရေကန်မှာရေအရင်ဆေးမှထင်တယ် ရွှံ့တွေပေနေတော့"
"အင်း ဟုတ်တယ် ရေချိုးကန်အရင်သွားကြမယ်"ရေတွေဆေးပြီးအခန်းထဲဝင်ကာ မြင့်မိုရ်အဝတ်အစားလဲဖို့ပြင်လိုက်တော့တယ်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now