အပိုင်း (၄)

12.7K 803 14
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၄)

"ဟေ့ ငါတို့တွေ ပါဆယ်ဂိမ်းဆော့ကြမယ်လေ"
သောကြာနေ့ဆိုတော့ study hourချိန်မရှိတာမို့မြင့်မိုရ်တို့တွေဆော့ဖို့ပြင်ကြတော့သည်။ဘေးခန်းကလူတွေလည်းပါတာမလို့ပျော်စရာပင်။

"ခိုင်းတာလုပ်ရမှာနော် မရှောင်ရဘူး"
ပေဖူးမှပြောလိုက်တော့အားလုံးကသဘောတူသည်ဆိုတဲ့သဘောဖြင့်ခေါင်းငြိမ့်ပြကြသည်။

တစ်ပွဲ..နှစ်ပွဲ...သုံးပွဲ...ပြီးလေးပွဲမြောက်မှာ စက္ကူဘူးလေးဟာ မြင့်မိုရ်လက်ထဲမှာရပ်တန့်သွားတော့သည်။

"ဟေး မြင့်မိုရ်အလှည့် "

"ပေဖူး နင်တမင်လုပ်တာမလား"

"အမယ်ငါကဘာလို့လုပ်ရမှာလဲ သူ့ကံနဲ့သူကို"
လျှာလေးထုတ်ကာမြင့်မိုရ်ကိုပြောင်ပြနေတော့သည်။

"ငါဘာလုပ်ရမှာလဲ"

"သီချင်းဆိုပြ"

"ဟုတ်တယ် ဟုတ်တယ် ဂီတာတီးပြီး သီချင်းဆိုပြ"
အကုန်လုံးကဝိုင်းပြောတာမလို့မြင့်မိုရ်မငြင်းသာတော့။ဂီတာလေးထုတ်ကာယူလာပြီးကုတင်ပေါ်ပြန်ထိုင်လိုက်တော့သည်။ကျန်တဲ့သူတွေက ပေဖူးကုတင်ပေါ်ထိုင်သူကထိုင်၊ခုံပေါ်ထိုင်သူကထိုင်နှင့်ပွဲစည်နေတော့သည်။

"အဟမ်း အဟမ်း ဘာသီချင်းဆိုရမှာလဲ"

"အခုတလော နာမည်ကြီနေတဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ ဒဏ်ရာများနဲ့ဆိုတဲ့သီချင်း အားလုံးသဘောတူလား"

"တူတယ် တူတယ်"အားလုံးသံပြိုင်ထအော်တော့သည်။

"ဟဲ့တိုးတိုးလေ နင်တို့ကလည်းအောက်က အဆောင်မှူးနှစ်ယောက် အစ် ဝါ့ချင်းနော်"
မြင့်မိုရ်ပြောတော့အကုန်လုံးတသောသောဖြင့်ရယ်ကြတော့သည်။

"တီချယ်လေးပဲရှိတာပါဟ မဆူပါဘူး တီချယ်ကြီးကလည်းဘယ်တုန်းကဆူဖူးလို့လဲ ဒါပထမဆုံးမှမဟုတ်တာ"

"အင်းပါ အဲ့တာလည်းဟုတ်တာပဲ အဲ့တာဆိုငါဆိုတော့မယ်နော် နင်တို့မရယ်နဲ့"

"အင်း"

မြင့်မိုရ် သီချင်းဆိုရန် moodသွင်းကာ ဂီတာလေးကိုစတင်တီးခတ်တော့တယ်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now