အပိုင်း (၁၇) (Uni+Zawgyi)

12.7K 846 107
                                    

မြတ်နိုးရသော ပန်းတစ်ပွင့်
အပိုင်း (၁၇)

"ဘာစကားတွေမလို့ ပြောဖို့ခက်နေသလဲ တီချယ်"
"မြင့်မိုရ် ချစ်တယ် မပြောဘဲ တီချယ်တို့နမ်းလို့ရလား"
"မြင့်မိုရ်တို့ကြားမှာ ချစ်တယ်ဆိုတာကို စကားနဲ့ပြောပြဖို့လိုသေးလို့လား"ဟုဆိုရင်း တီချယ့်မျက်နှာနားသို့တိုးကပ်ကာ နှုတ်ခမ်းလေးကိုနမ်းလိုက်မိသည်။

"ဒါကို နမ်းတယ်လို့ခေါ်သလား"ဟု နွေးမှလှောင်ပြုံးလေးပြုံးရင်း မေးလိုက်တာကြောင့် မြင့်မိုရ်နှုတ်ခမ်းလေးစူပြလိုက်မိသည်။
"ဒါက နမ်းတာမဟုတ်လို့ ဘာလဲ"
"မသိရင် ကလေးတစ်ယောက် လျှောက်ကလိနေသလိုပဲ သိလား ဟားဟား"
"တီချယ်နော်"မြင့်မိုရ်မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းလေးစူကာပြောတော့ နွေးရယ်လိုက်မိသည်။
"နမ်းတယ်ဆိုတာ ဒီလိုကိုပြောတာ"ဟုဆိုရင်းမြင့်မိုရ်ကိုယ်လုံးလေးအား မိမိဘက်သို့ဆွဲကာ နှုတ်ခမ်းလေးအား တစ်လွှာချင်း စုပ်ယူနမ်းရှိုက်နေမိသည်။အတန်ကြာနမ်းပြီးသည့်နောက် အသက်ရှူကျပ်နေပြီမလို့ လွှတ်ကာ လည်တိုင်နုနုလေးအား အနမ်းလေးခြွေရင်း
"အာ့...တီချယ်..ဘာလို့ကိုက်တာလဲ"ရုတ်တရက်ကြီး ပုခုံးလေးအား ကိုက်ခံလိုက်ရတာကြောင့် မြင့်မိုရ် အော်လိုက်မိသည်။
"ဟီး လှလို့ အသည်းယားလို့"
"ဟွန့် ဒီတစ်ခါသူများအလှည့်ပဲနော်"ဟုဆိုလိုက်တော့ နွေးမျက်နှာလေးရဲကာ ထထိုင်ဖို့အလုပ် မြင့်မိုရ်က လှမ်းဆွဲကာ ပြန်လှဲစေလိုက်ပြီးလက်နှစ်ဖက်အားစုကာချုပ်ကိုင်ပြီး နှုတ်ခမ်းလေးနှစ်ခုအား ပူးကပ်ကာ နမ်းရှိုက်နေမိသည်။လက်တစ်ဖက်မှာလည်း နွေးကျောပြင်လေးတစ်လျှောက်ပွတ်သပ်ရင်း ခန္ဓာကိုယ်နှစ်ခုမှာ ဖေဖော်ဝါရီလရဲ့အအေးဒဏ်ကို တွန်းလှန်ကာ ပူနေကြတော့သည်။အတန်ကြာနမ်းရှိုက်ပြီးသည့်နောက် တီချယ့်အသက်ရှူသံဟာ ပုံမှန်မဟုတ်တော့တာကြောင့် မြင့်မိုရ် ခွာလိုက်မိရင်း အရှက်သည်းနေသည့်မျက်နှာလှလှလေးအား စိုက်ကြည့်နေမိတော့သည်။

ဒီအဆင့်ကနေ ဆက်ကျော်ခဲ့ရင် တီချယ်ဟာလည်းသူမကိုခွင့်ပြုမယ်မှန်း မြင့်မိုရ်သိသည်။ဒါပေမဲ့ မြင့်မိုရ်ဒီထက်ပိုပြီးအဆင့်မကျော်ရက်ခဲ့။တီချယ်ဟာ ဆိုင်သူရှိနေပြီးသား၊ဒါ့အပြင် ကိုယ်မြတ်နိုးရတဲ့ပန်းလေးမလို့ အလွယ်တကူခူးယူပြီး မညှိုးနွမ်းစေချင်၊ကိုယ့်ကြောင့် တီချယ် ဆိုင်သူရှေ့ဝယ် အနေရခက်မှာမျိုးလည်းမလိုလားခဲ့ပေ။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now