အပိုင်း (၂)

16.9K 907 20
                                    

မြတ်နိုးရသောပန်းတစ်ပွင့်

အပိုင်း(၂)

စိမ်းနုရောင်လက်ပြတ်ဝမ်းဆက်လေးဝတ်ထားပြီး ခါးနားထိရောက်နေသည်ဆံနွယ်များအားခေါင်းစည်းကြိုးလေးဖြင့် စည်းထားပြီး အရမ်းမမြင့်တဲ့ပုံမှန်အရပ်လေးကို ကတ္တီပါ ဖိနပ်လေးစီးထားတဲ့သူမ။ပါးဖောင်းဖောင်းလေးနှင့်အတော်ပင်ချစ်စရာကောင်းလှသည်။

မြင့်မိုရ်တစ်ယောက် သတိလက်လွတ်ငေးနေမိရင်း ရုတ်တရက်ကြည့်လာတဲ့မျက်ဝန်းတွေကြောင့်အမြန်မျက်လွှာချကာရှောင်လိုက်မိသည်။

"မြင့်မိုရ်တို့နှစ်ယောက်ပြန်နှင့်ကြလေ အဆောင်နားရောက်နေပြီဆိုတော့ အနားယူကြတော့နော်"

"ဟုတ်ကဲ့ပါတီချယ်"

မြင့်မိုရ်တို့ပြောကာ အဆောင်သို့ပြန်လာခဲ့လိုက်ကြသည်။တီချယ်ကတော့တီချယ်ကြီးရယ်၊မြင့်မိုရ်တို့မသိတဲ့နှစ်ယောက်ရယ်နဲ့စကားပြောကာကျန်ခဲ့တော့သည်။

"မြင့်မိုရ် တီချယ်ကြီးဘေးကနှစ်ယောက်ကလေ တီချယ်အသစ်တွေဖြစ်မယ်နော် ချောလိုက်တာ"

"အင်းဟုတ်လောက်တယ်နော် ခုရက်ရာထူးအတိုးအပြောင်းတွေနဲ့အသစ်တွေရောက်လာကြတယ်၊ လာလာ မြန်မြန်လျှောက် "

"ဒါ ဒီနေ့မှအသစ်ရောက်လာတဲ့သူတွေလေ သူက နွေးသဒ္ဓါ တဲ့မြန်မာစာဌာနက၊ဘေးက ယမင်းဖြူ တဲ့ English Academic ကလေ"

"ဟုတ်ကဲ့ပါ အစ်မနာမည် စန်းရတီပါ။ ဇီဝ​​ဗေဒ ဌာနက"

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ရှင့်"

"သင်ကြားရေးအပြင် "ပမ္မဝတီဆောင်"ရဲ့အဆောင်မှူးအဖြစ်တာဝန်ယူထားတာလည်းသူပါပဲ။စန်းရေ သူတို့နှစ်ယောက်ထဲကတစ်ယောက်ကတော့အဆောင်မှူးကူလုပ်ပေးလိမ့်မယ်။ မနက်ကျ လုပ်မဲ့သူအဆောင်ဘက်လာလိမ့်မယ်သိလား"

"ဟုတ်ကဲ့ပါ တီချယ်ကြီး။ဒါဆို သမီးလည်း အင်အားသစ်ရပြီပေါ့"

"အေးအေး၊ဟုတ်ပ အင်အားသစ်ရပြီ။ အဲ့တာဆို တီချယ်သွားအုံးမယ် သမီးတို့လည်းသွားကြတော့လေ "

"ဟုတ်တီချယ်ကြီး"
အားလုံးနှုတ်ဆက်ကာအဆောင်ဆီသို့ပြန်ခဲ့ကြတော့သည်။သစ်ပင်ရိပ်တို့၏အေးမြမှုအားလည်းခံစားလိုက်ရသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now