အပိုင်း (၈) (Uni+Zawgyi)

12.4K 821 24
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၈)

"မြင့်မိုရ် လာပြီလား ဒီထဲလာထိုင်လေ"
"ဟုတ်ကဲ့တီချယ်"
"ဒီမှာသမီးဖုန်း"ပြောကာ အဆောင်မှူးကဖုန်းလှမ်းပေးတော့မြင့်မိုရ်ယူလိုက်မိသည်။တီချယ်တို့က ကုတင်ပေါ်မှာဖြစ်ပြီးမြင့်မိုရ်က ဖျာပေါ်မှာပင်။တီချယ်နွေးဆီလှမ်းကြည့်မိတော့ အကြည့်ချင်းဆုံသွားတာမလို့ မြင့်မိုရ်ပြုံးပြရင်း အသာမျက်နှာလွှဲလိုက်မိသည်။
"မနက်ဖြန် ဘုန်းကြီးကျောင်းမှာဆွမ်းသွားကပ်ကြမှာ မြင့်မိုရ် သိတယ်မလား"
"ဟုတ် သိပါတယ်တီချယ် ဟိုဘက်အဆောင်ကသူတွေလိုက်မှာလို့ပြောတယ်"
"ဟုတ်တယ် ဒီတစ်ခါသူတို့ဘက်အလှည့်ဆိုတော့လိုက်ကြမှာ ကြီးကြပ်ဖို့ဒီဘက်ကအဆောင်မှူးတစ်ယောက်ထည့်ပေးရမှာလေ "
"သြော် ဟုတ်"
မြင့်မိုရ်ခုချိန်ထိတီချယ်ဘာပြောချင်မှန်းသဘောမပေါက်သေးပါ။ဟိုဘက်အဆောင်ကကျောင်းသူတွေကဆွမ်းကပ်ဖို့လိုက်မှာမြင့်မိုရ်သိပြီးသားပင်။ကျောင်းကပွဲတစ်ခုခုဆိုရင် လူဦးရေအလိုက်တစ်ဆောင်စီသွားကြရတာပင်။အခုကဟိုဘက်အဆောင်အလှည့်ပင်။ကြီးကြပ်ဖို့ဒီဘက်ကလိုက်ရမှာကလည်း အဆောင်မှူးတစ်ယောက်ပင်။ကျောင်းသူလိုတာမဟုတ်။ဒါဆိုဘာလို့များ မြင့်မိုရ်ကိုခေါ်ရတာလဲ။
"အဲ့တာ တီချယ်ကမအားလို့ ရှင့်တီချယ်နွေးကလိုက်ရမှာ ကလေးတွေကဟိုဘက်ကပဲဆိုတော့သိပ်မရင်းနှီးတာကြောင့် မြင့်မိုရ်ကိုအဖော်လိုက်ပေးစေချင်တာ"
ဒီတော့မှမြင့်မိုရ်သဘောပေါက်သွားတော့သည်။တီချယ်နွေးအဖော်မရှိတာကြောင့်မြင့်မိုရ်ကလိုက်သွားပေးရမှာပင်။အဆောင်မှူးပြောတဲ့ထဲ "ရှင့်တီချယ်"ဆိုတဲ့စကားကြောင့်ရင်ထဲမှာကလိကလိနဲ့ပင်။ကိုယ့်ဘာသာတွေးချင်ရာတွေးပြီးသဘောအကျကြီးကျရင်း အဆောင်မှူးပြောတာကြားတစ်ချက်မကြားတစ်ချက်ပင်။နောက်ဆုံးနာမည်ကြားမှပင် သတိကပ်တော့သည်။
"နွယ်ခက်ဝေ ဟုတ်လား တီချယ်"
"အင်း ဟုတ်တယ် မြင့်မိုရ်သိတယ်မလား အပေါ်ထပ်ကပဲလေ"
"ဟုတ် သိတယ်တီချယ် ကျောင်းမှာတစ်ခန်းတည်းပါ"ပြောကာ မြင့်မိုရ် သက်ပြင်းမသိမသာချလိုက်မိသည်။ပျော်နေတဲ့အပျော်လေးတောင် သူ့နာမည်ကြားတော့ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။မတည့်ပါဘူးဆိုတဲ့သူနဲ့မှအတူသွားရမယ်ဆိုတော့ တော်တော်စိတ်လေမိသည်။တီချယ်ကလည်းဘာလို့သူ့ကိုမှထည့်ရတာလဲမသိ။တစ်ယောက်တည်းတောင်မဟုတ် နွယ်ခက်ဝေနဲ့သူ့သူငယ်ချင်းနဲ့ဆိုတော့ တော်တော်စိတ်ရှုပ်သွားသည်။
"ငါ့ကံကလည်းအကောင်းအဆိုး ဒွန်တွဲနေရောပဲ"ဟုစိတ်ထဲကဆိုနေမိတော့သည်။တီချယ်နွေးကြည့်နေတာကိုပင်သတိမထားမိတော့ပေ။
"တီချယ် မနက်လေးနာရီခွဲလူစုမှာမလား"
"အင်း ဟုတ်တယ် နည်းနည်းတော့အိပ်ရေးပျက်မှာပေါ့"
"ရပါတယ် တီချယ် မပျက်ပါဘူး အအိပ်လွန်ပြီးမနိုးမှာပဲစိတ်ပူရတာ"မြင့်မိုရ်ပြောတော့ ရယ်လိုက်မိကြတော့သည်။
"မနိုးမှာစိုးရင် မြင့်မိုရ် တီချယ့်အခန်းသွားအိပ်လိုက်ပါလား"ပြောကာအခန်းထဲဝင်လာသူကတော့ ပေဖူးပင်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now