အပိုင်း (၂၈)(Uni+Zawgyi)

14K 859 21
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၈)

"နင်ကလည်းဒီလောက်လေးတောင်အဖြစ်ရှိအောင်မလုပ်နိုင်ဘူး"
"ငါလည်းလုပ်တာပဲ သူကblockသွားတော့ဘာတတ်နိုင်မှာလဲ"
နွယ်ခက်ဝေမှာသူ့အကြံအစည်မအောင်မြင်သည့်အတွက်ကောင်းဆက်သန့်အား စိတ်ပျက်စွာပြောဆိုနေလေသည်။သူတို့တိုင်ပင်ခဲ့ကြသည်မှာကောင်းဆက်သန့်ကမြင့်မိုရ်ဆီစာတွေပို့ဖို့ပင်။တီချယ့်အခန်းထဲရောက်သည့်အချိန်တွင် စာတွေဆက်တိုက်ပို့ပြီး တီချယ်နဲ့မြင့်မိုရ်အား အထင်လွဲအောင် လုပ်ဖို့တိုင်ပင်ခဲ့ကြခြင်းသာ။ဒါပေမဲ့တကယ့်လက်တွေ့ကျ မြင့်မိုရ်က ကောင်းဆက်သန့်ကို block သွားသည့်အပြင်တီချယ်နှင့်မြင့်မိုရ်မှာလည်း အဆင်ပြေနေဆဲပင်။
"တစ်ခါမရရင်နောက်တစ်ခါပေါ့ ဒါနဲ့နင်နဲ့သူတွဲရိုက်ထားတဲ့ပုံလေးဘာလေးမရှိဘူးလား"
"ငါ့ကိုဆိုအကပ်တောင်မခံတာ ဘယ်လိုရှိမှာလဲ..."
"နင်ကလည်း..တကယ်ညံ့လိုက်တာ"နွယ်ခက်ဝေမှာ စုပ်တစ်ချက်သပ်ရင်းမကျေမချမ်းရေရွတ်ကာ ဘယ်လိုလုပ်ရမလဲဆိုသည့်အစီအစဥ်အားဆွဲနေလေသည်။
"ဟာ! ငါမေ့နေတာ တစ်ပုံတော့ရှိတယ်ဟ"
"ဟုတ်လား ဘယ်လိုပုံလဲ"
"တစ်ခါဘုရားသွားတုန်းက သူ့နေ့နာမ်ထောင့်မှာ ဘုရားရှိခိုးနေတာတွေ့လို့ငါလည်းဝင်ထိုင်ပြီး ဘုရားရှိခိုးခဲ့တာ။အဲ့တုန်းက သူငယ်ချင်းက သူမသိအောင်ငါ့ကိုဓာတ်ပုံရိုက်ပေးခဲ့တာ ငါမေ့နေတာ ပုံတောင်ထုတ်ထားသေးတာ ရုတ်ရက်ဆိုတော့"ကောင်းဆက်သန့်မှာဝမ်းသာစွာပြောနေသလို နွယ်ခက်ဝေမှာလည်း မျက်လုံးလေးများလက်ကာ ဝမ်းသာသွားလေသည်။
"ဟုတ်ပြီ ဒါဆို ငါ့ကိုဒီညအဲ့ပုံပို့ပေး...ကျန်တာငါလုပ်ပေးမယ်"
"အင်း နင်ဘယ်လိုလုပ်မှာလဲပုံနဲ့"
"......."
"ဟာ ငါမလုပ်ရဲပါဘူး ပြီးတော့ ရူးကြောင်ကြောင်အလုပ်ကြီးကို"
"နင်ကလည်းလုပ်စမ်းပါ မကြောက်နဲ့ အဲ့လိုလုပ်လိုက်ရင်သူမငြင်းသာတော့ဘူးလေ၊"
"ဒါပေမဲ့လည်း"
"ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့။နင်သူ့ကိုလိုချင်ရင် ဒီနည်းပဲရှိတယ်"
ကောင်းဆက်သန့်ငြင်းပေမဲ့နွယ်ခက်ဝေတိုက်တွန်းတာကြောင့်လက်ခံလိုက်မိသည်။သူ့အတွက်လုပ်ပေးတယ်လို့ထင်နေခဲ့တဲ့အရာကတကယ်တော့ နွယ်ခက်ဝေဟာ သူ့ကိုအသုံးချနေတာကိုသူမသိခဲ့ပေ။
"ငါသွားတော့မယ်"
"အင်း ဘိုင့်ဘိုင် ပုံပို့ဖို့မမေ့နဲ့"ကောင်းဆက်သန့်ထွက်သွားသည်နှင့်နွယ်ခက်ဝေလည်းပြုံးလိုက်မိသည်။
"ဆောရီးပါကောင်းဆက်ရေ ဒီလိုလုပ်မှတီချယ်နဲ့မြင့်မိုရ်ကွဲမှာမလို့နင့်ကိုအသုံးချမိလိုက်တယ်"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now