အပိုင်း (၂၂) (Uni+Zawgyi)

14.2K 886 25
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၂)

"ရော့"
တစ်နေ့လုံးစကားမပြောဘဲနေနေပြီးညဘက်ရောက်မှ စောင်နဲ့ခေါင်းအုံးယူကာ ပစ်ပေးလိုက်တာကြောင့်မြင့်မိုရ်ကြောင်သွားမိသည်။
"ဘာလုပ်ဖို့လဲ တီချယ်"
"အိပ်ဖို့လေ အခန်းထဲမှာ နေရာလွတ်မရှိဘူး အဲ့တာကြောင့်အပြင်မှာအိပ်"ဟုဆိုကာ အခန်းထဲပြန်ဝင်သွားလေသည်။
"နှစ်​ယောက်အိပ်ကုတင်ကြီးကို နေရာမရှိလို့ဆိုတော့ ဟွန့် မရပါဘူး အခန်းထဲလိုက်အိပ်မှာ"တစ်ယောက်တည်းပွစိပွစိရွတ်ရင်း စောင်နဲ့ခေါင်းအုံးအားပိုက်ကာ အခန်းတံခါးသွားခေါက်လေသည်။
"တီချယ်..တံခါးဖွင့်ပေးအုံးလေ"
"အပြင်မှာအိပ်ပါဆို မဖွင့်ပေးဘူး နေရာမရှိဘူး"
"မအိပ်ရဲဘူးလေ ကြောက်တယ်လို့ ဖွင့်ပေးပါတီချယ်ကလည်း"
"မဖွင့်ဘူး မဖွင့်ဘူး အပြင်မှာအိပ်"
မြင့်မိုရ်ဘယ်လိုပြောပြောမရသည့်အဆုံးအပြင်မှာသာအိပ်ဖို့ဆုံးဖြတ်လိုက်ရတော့သည်။မအိပ်ခင်စချင်သေးတာကြောင့် အခန်းတံခါးနားသွားကာအော်လိုက်မိပြန်သည်။
"တီချယ်..အကြွေးယူမှာကြောက်လို့လား"မြင့်မိုရ်ပြော​တော့ အထဲမှာစကားပြန်မလာတော့။ခဏအကြာမှာ "ဟုတ်တယ်"ဆိုသည့်အသံလေးမှာထွက်လာတော့သည်။မြင့်မိုရ်လည်းရယ်ချင်စိတ်အားထိန်းရင်း
"ရတယ်လေ အစကတော့အကြွေးမယူတော့ဘူးလို့နေနေတာ အခုတော့ မရတော့ဘူး အပြင်ရောက်လာရင်တော့ အကြွေးယူတော့မယ်"ဟုဆိုကာ အပြင်မှကုတင်ပေါ်တွင် လှဲလိုက်မိသည်။
"အထဲမှာတစ်ယောက်တည်းတွေးပြီးရှက်နေလောက်ပြီ ဟီး "
အခန်းထဲမှနွေးမှာလည်းအိပ်ပဲအိပ်ရတော့မလို ကလေးမကိုပဲ အထဲခေါ်သိပ်ရတော့မလိုနဲ့တစ်ယောက်တည်းအတွေးတွေယောက်ယက်ခတ်နေတော့သည်။ဒီတိုင်းအပြစ်ပေးချင်တာကြောင့်အပြင်မှာအိပ်ခိုင်းခဲ့တာက ကိုယ့်ဆီပြန်ပြီးမျှားဦးလည်လာမလားဆိုပြီးတွေးရင်း ချွေးတောင်ပြန်လာတော့သည်။နားထဲမှာလည်း ထိုကလေးမပြောခဲ့သည့် "အကြွေးပြန်ယူမှာနော်"ဆိုသည့်စကားအားပြန်ကြားရင်း လက်ဖျားတွေပင်အေးကာ ရင်ခုန်နေတော့သည်။
"အား.ငါဘာတွေကြောက်နေတာလဲ သူက ဒီတိုင်းစနေတာကို မကြောက်နဲ့အိပ် အိပ်"ဟုကိုယ့်ဘာသာပြောရင်း ချွေးစိုနေသည့်ကိုယ်အား စောင်အထူကြီးပတ်ကာခြုံပြီး လှဲလိုက်မိသည်။
"ဟူး ပူလိုက်တာ"စောင်ကြီးပတ်ကာ ဟိုဘက်လှိမ့်ဒီဘက်လှိမ့်ရင်းဖြင့် နွေးတစ်ယောက်အိပ်ပျော်သွားလေတော့သည်။အတော်ကြာအိပ်ပြီးနိုးလာကာ နာရီကြည့်လိုက်မိတော့ ဆယ့်တစ်နာရီခွဲကျော်ပင်။Marchလဆိုပေမဲ့ညလယ်ပိုင်းရောက်ခါနီးတာရယ်၊ဒီမြေကအပင်ပေါများတာကြောင့်ရယ်ပေါင်းကာ အအေးဓာတ်ဝင်လာတော့သည်။အပြင်မှာအိပ်နေသည့်ကလေးမအား စိတ်ထဲသတိရမိကာ စောင်ကိုခွာရင်းထွက်လာလိုက်မိသည်။
ကုတင်ပေါ်တွင် ခြင်ထောင်လည်းမပါပါဘဲ ကွေးကွေးလေးအိပ်နေသည့်သူအားမြင်တော့ စိတ်ထဲမကောင်းမိပေမဲ့ သူ့အပြစ်နဲ့သူဟုတွေးကာ ထားလိုက်မိသည်။စောင်မခြုံထားတာမလို့ ဖျားနေမှာစိုးတာကြောင့်ကုတင်နားသွားကာ ဘေးနားမှစောင်အားယူလိုက်မိတယ်ဆိုရင်ပဲ ထိုကလေးမမှာမျက်ဝန်းတို့ပွင့်လာတော့သည်။
"အို့...အမေ့!"
မြင့်မိုရ်ရုတ်တရက်ဆွဲပြီးလှည့်လိုက်တာကြောင့် နွေးမှာမြင့်မိုရ်ကိုယ်အောက်ရောက်သွားတော့သည်။
"ဘာ..ဘာလုပ်တာလဲ..လွှတ်"
"ပြောထားသားပဲ အပြင်ထွက်လာရင် အကြွေးယူမှာပါလို့"နားနားကပ်ကာပြောလိုက်တာကြောင့်နွေးကျောပင်ချမ်းသွားမိတော့သည်။မြင့်မိုရ်အားမကြည့်ပါဘဲမျက်ဝန်းတို့အားမှိတ်ကာ တစ်ဘက်သို့မျက်နှာလွှဲနေလိုက်မိသည်။တဖြည်းဖြည်းနီးကပ်လာသည့်အသက်ရှူသံကြောင့် နွေးမှာ မျက်လုံးကိုတင်းတင်းသာမှိတ်လိုက်မိသည်။
"တီချယ်"
"တီချယ် မျက်လုံးဖွင့်ပါအုံးလို့"မြင့်မိုရ်ပြောပေမဲ့ဖွင့်မလာပဲ အတင်းမှိတ်ထားတာကြောင့်ပြုံးလိုက်မိသည်။
"ဖွင့်မလာရင်...နမ်းတော့မှာနော်"ဟုဆိုတော့ ချက်ချင်းဖွင့်ကာ မြင့်မိုရ်အားကြည့်လာလေသည်။ပါးပြင်လေးအား တစ်ချက်နမ်းလိုက်တော့ မျက်နှာလေးရဲကာ ရှက်သွားလေသည်။ရုန်းကာထဖို့ပြင်တော့ ပုံစံပြောင်းကာ တီချယ့်အားရင်ခွင်လေးထဲထည့်ဖက်ထားလိုက်မိသည်။
"ဒီတိုင်းလေးပဲ နေပေးနော် မြင့်မိုရ်ဘာမှမလုပ်ဘူး..ဒီတိုင်း တီချယ့်ကိုလွမ်းနေခဲ့ရတဲ့ရက်တွေအတွက်ဖက်ထားချင်ရုံလေးပါ"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now