Extra 1

16.6K 837 31
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
Extra..

"တီချယ်.."
"တီချယ်လို့.."
ဟင်းချက်နေသူအားအနောက်မှသိုင်းဖက်ထားပြီးပုခုံးပေါ်မေးတင်ကာ ခေါ်နေသည့်ကလေးမအား နွေးမထူးပါဘဲ ​နေနေမိသည်။
"တီချယ်လို့..ခေါ်နေတာကို"
"ပြောလေသမီးငယ်ရယ်..ဒီမှာတီချယ်ဟင်းချက်နေတာသိရဲ့နဲ့။ပြောမှာသာပြော တီချယ်ကြားရတယ်"
"တီချယ်ကလည်းခေါ်ရင်ထူးပေါ့လို့ တီချယ့်အသံလေးကြားချင်လို့ခေါ်တာကို"
လုပ်လာပြန်ပါပြီ။တစ်နေကုန်တစ်နေခန်းကြားနေရတဲ့ဒီအသံကို ကြားချင်လို့တဲ့လေ။ဒီကလေးမလေးကလေ အားကြီးချွဲတာပဲ။တစ်ခါတစ်လေ သူချွဲပုံကို ကလေးတွေတောင်လိုက်မှီတာမဟုတ်ပေ။
"ကလေးလည်းမဟုတ်ဘဲ ချွဲမနေနဲ့။ရှင်ကဆရာမဖြစ်နေပြီနော်..ဟွန့်"
"ဆရာမဆိုတာ ကလေးတွေရှေ့မှာလေ..တီချယ့်ရှေ့မှာတော့မြင့်မိုရ်ကကလေးပဲကို ဟုတ်တယ်မလားလို့"
"တော်ပါ တော်ပါ စကားတတ်တိုင်းလိုက်ပြောနေ ဖယ်အုံး ပန်းကန်ယူအုံးမယ်။ခုံပေါ်သွားထိုင်နေသွား၊ ပြီးရင်သမီးငယ်ပြောတာကိုနားထောင်ပေးမယ် ဟုတ်ပြီလား"
ထိုအခါမှ ဖက်ထားသည်အားလွှတ်ကာ အိမ်ရှေ့ခန်းတွင်သွားထိုင်နေလေသည်။လုပ်လက်စအလုပ်များအားအမြန်ပင်လက်စသတ်လိုက်မိသည်။တော်ကြာ ကြာနေလျှင် နှုတ်ခမ်းစူကာ ကောက်နေလိမ့်အုံးမှာပင်။
"ကဲရပြီ ပြောပါအုံး"
"တီချယ်မနက်ဖြန်ဘာနေ့လဲသိလား"
"မနက်ဖြန် စနေနေ့လေသမီးငယ်ရဲ့"
"တီချယ်ကလည်း မနက်ဖြန်ဘယ်နှစ်ရက်နေ့လဲ"
"မနက်ဖြန်..မနက်ဖြန်က ၁၄ရက်နေ့လေ။ဒါသိချင်တာကိုများ ဟိုမှာ ပြက္ခဒိန်ရှိသားနဲ့"
"တီချယ့်!!.."
"အို..ဖြေးဖြေးအော်လေလို့။တီချယ်ပြောတာမှားသလားလို့။မနက်ဖြန် ဒီဇင်ဘာ၁၄ရက်နေ့ စနေနေ့လေ အဲ့တာဘာဖြစ်သလဲ"
နွေးပြောတော့ အလိုမကျစွာနှုတ်ခမ်းမှာစူလာရင်း မျက်ဝန်းတို့တွင်မျက်ရည်များရစ်ဝိုင်းလာသည့်ကလေးမလေးအား ဆက်ပြီးမစရက်တော့ပေ။
"အဲ့လိုကြီးလုပ်မနေပါနဲ့ တီချယ်သိတာပေါ့ မနက်ဖြန် သမီးငယ်နဲ့တီချယ်ရဲ့အမှတ်တရနေ့လေးလေ။တီချယ့်ဘဝထဲကို သမီးငယ်ဝင်လာတဲ့နေ့ကိုတီချယ်ကမေ့ပါ့မလားလို့"
ထိုအခါမှ နွေးရင်ခွင်ထဲခေါင်းတိုးဝင်ကာပြုံးရယ်နေသည့်ကလေးမ။ကလေးမကျလူကြီးမကျလေးအား နွေးလည်းပြန်ဖက်ထားလိုက်မိသည်။
"မြင့်မိုရ်က တီချယ်များမေ့နေတာလားလို့"
"မေ့စရာလားလို့ကွယ် သမီးငယ်နဲ့ပတ်သက်ရင် တီချယ်အမြဲသတိတရရှိပါ့နော်။မနက်ဖြန်ဆို တီချယ်တို့လက်ထပ်ခဲ့တာ နှစ်နှစ်ပြည့်ပြီ။သမီးငယ်ဘာလုပ်ချင်လဲ"
"အရင်နှစ်လိုပဲ ဒီကျောင်းထဲက ဘုန်းကြီးကျောင်းမှာ  ဆွမ်းကပ်မယ်လေ"
"အဲ့တာ တီချယ်စီစဥ်ပြီးပါပြီ။ဘယ်သွားချင်သေးလဲ တီချယ်တို့အတူမသွားဖြစ်တာကြာပြီ"
"ရုပ်ရှင်လိုက်ပြမလား ပြီးရင်တော့တစ်ခုခုသွားစားမယ်လေ။မြင့်မိုရ်နဲ့တီချယ်တစ်ခါမှ အေးအေးဆေးဆေး မဒိတ်ဖူးသေးဘူးနော်"
"အဲ့တာဆို တီချယ်ရုပ်ရှင်ရုံလက်မှတ်ဖြတ်ထားလိုက်မယ်"
"ဟုတ်..အဲ့တာကြောင့်ချစ်တာ"
ပါးပြင်ထက်နွေးခနဲဖြစ်သွားပြီး လူမှာလည်းရင်ခုန်သွားမိပြန်သည်။လက်ထပ်ထားသည်မှာကြာနေသည့်တိုင် သမီးငယ်ရဲ့အနမ်းတစ်ပွင့်ရတိုင်း ရင်ခုန်ကာရှက်နေမိတုန်းပင်။
"တီချယ်ရှက်နေပြန်ပြီ"
"ဘယ်မှာရှက်လို့လဲ.."
"တီချယ့်မျက်နှာရဲနေတာကို.."
"သမီးငယ်နော်..မစနဲ့။ရှက်မှန်းသိရဲ့ဘာလို့လာနမ်းသလဲ"
"ကိုယ့်မိန်းမလေးမလို့နမ်းတာလေ ဘာဖြစ်သလဲ.. "
"သမီးငယ်!!..တီချယ့်ကိုအဲ့လိုမပြောနဲ့လို့ပြောထားတာကို"
"ဟီးဟီး ချစ်လို့"
ဒီစကားတစ်ခွန်းနဲ့တင် ကောက်ချင်ကွေးချင်သည့်စိတ်အစုံမှာ လွင့်ပြယ်ရစမြဲပင်။
---
ကျောင်းဝန်းထဲရှိ ဘုန်းကြီးကျောင်းမှသံဃာတော်များအားဆွမ်းကပ်ပြီး ကျောင်းထဲတွင်နေထိုင်သည့် ဆရာ၊ဆရာမအချို့နှင့်ဝန်ထမ်းအချို့ကိုပါ ဖိတ်ကာ အလှူဒါနလေးနှစ်ယောက်အတူပြုမိကြသည်။
"တီချယ် ပျော်တယ်မလား"
"ပျော်တာပေါ့သမီးငယ်ရဲ့..နောက်နှစ်တွေလည်းဒီလိုပဲလုပ်ကြမယ်နော်"
"ဒါပေါ့ ဒါပေါ့..မြင့်မိုရ်ကတီချယ့်ဘေးမှာနှစ်တွေအကြာကြီးနေသွားမှာလေ"
အကုန်ကျွေးမွေးသိမ်းဆည်းပြီးတော့ ကိုးနာရီခွဲနေလေပြီ။ရုပ်ရှင်လက်မှတ်က ဆယ်နာရီခွဲဖြတ်ထားခြင်းသာ။တီချယ့်အဆောင်သို့ပြန်ကာ ရေမိုးချိုးအဝတ်အစားလဲပြီး ရုပ်ရှင်ရုံသို့ သွားမိကြသည်။တီချယ်နဲ့တစ်ခါမှရုပ်ရှင်အတူမကြည့်ဖူးလို့သာကြည့်ရသည်။တီချယ်လက်မှတ်ဖြတ်ထားသည်မှာ သရဲကားတဲ့လေ။အစကတည်းကသရဲကြောက်တဲ့ မြင့်မိုရ်ကတော့ တီချယ့်ကိုသာ တင်းတင်းဖက်ထားပြီးလိုက်ကလိနေမိသည်။
"သမီးငယ် ဘယ်လိုဖြစ်နေတာလဲ"
"ကြောက်လို့လေ.."
"ကြောက်ရင် ပြန်ထွက်မလား။ပြောသားပဲ မကြည့်ရဲရင်မဖြတ်ဘူးလို့"
"ဒီလောက်ကြောက်ဖို့ကောင်းမယ်မှမထင်ခဲ့တာကိုလို့"
"သရဲပါဆို..လာပြန်ထွက်ကြရအောင်။တစ်ခုခုသွားစားမယ်"
"ဟုတ်"
Oceanအပေါ်ဆုံးထပ်သို့တက်ကာ ကြက်ကြော်ဆိုင်ထိုင်မိလိုက်ကြသည်။မြင့်မိုရ်အားကြည့်ကာ ပြုံးစိပြုံးစိဖြစ်နေသည့်တီချယ့်အား မျက်စောင်းတို့သာပစ်လွှတ်နေမိသည်။ဘယ့်နှယ့် သူများကြောက်တာကို ရယ်စရာမှတ်နေတယ်။အပြင်မှာမို့လို့သာပေါ့ အိမ်မှာသာဆို အဲ့ပြုံးစိပြုံးစိဖြစ်နေတဲ့နှုတ်ခမ်းကိုဆွဲနမ်းပစ်တယ်။
"ဟိတ်..စိတ်ထဲကနေ ဘာတွေပြောနေတာလဲ စားလို့ရပြီ"
"ဟွန့် ရယ်ပါ ရယ်ပါ အိမ်ရောက်ရင် အဲ့ရယ်နေတဲ့နှုတ်ခမ်းကို တရစပ်နမ်းပစ်မယ်သိလား"
"သမီးငယ်!"
ပြောချင်တာပြောပြီး ကြက်ကြော်စားနေသည့်သမီးငယ်အား နွေးမျက်စောင်းတို့သာထိုးပြီး မရယ်ရဲတော့ပေ။ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာ နွေးအသိမလား။
"ဟ.."
"ဟမ်"
"ဟလို့ ဒီမှာခွံ့ကျွေးမလို့"
"အာ သမီးငယ်ကလည်း "
"စားပါဆို.."
မစားမချင်းကျွေးနေမှာမလို့ နွေးစားလိုက်မိသည်။နွေးတို့ထိုင်သည့်နေရာမှာ ချောင်ကျတယ်ဆိုပေမဲ့ ဘေးတစ်ခြမ်းမှာကောင်မလေးတွေတစ်ဝိုင်းရှိလေသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now