အပိုင်း (၃)

14.5K 923 4
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၃)

"မြင့်မိုရ် သဇင်တစ်ယောက် မလာပါလား"
"Study hourချိန်ပြီးရင်လာမယ်တဲ့၊မလာရင်တို့တွေသွားမယ်လေ၊သူအိမ်စာမပြီးသေးလို့တဲ့။"
"သြော် အင်းအင်း ၇ နာရီတောင်ထိုးတော့မယ် ဖုန်းအားသွင်းပြီးစာလုပ်ကြမယ်လေ"
"အွန်း"

မြင့်မိုရ်တို့ကျောင်းကSunday to Thursday ကို studyhour ချိန် ၇နာရီကနေ၉နာရီသတ်မှတ်ထားသည်။ဒီအချိန်ဆို ကိုယ့်အခန်းမှာကိုယ်စာလုပ်ရသည်။အခန်းမကူးရ၊စာမေးစရာရှိရင်တော့ကူးလို့ရသည်။အဆောင်မှူးတွေကလည်းဒီအချိန်အတွင်းနှစ်ခေါက်လောက်လှည့်ပတ်စစ်တတ်ကြလေသည်။

"အစ်မရေ ညီမလေးရောက်ပြီနော်"
"သြော် နွေးလာလေ ညီမလေး ထိုင်အုံး မနက်ဖြန်လူစစ်တော့မှပဲကလေးတွေနဲ့မိတ်ဆက်ပေးတော့မယ် သူတို့ကသိတော့သိပြီးသားပါ"
"ဟုတ်အစ်မ"
"အဆောင်နဲ့ပတ်သက်တာသိချင်ရင်မေးနော်အားမနာနဲ့၊ မြင့်မိုရ်ကိုလည်းမေးလို့ရတယ်။ သူကအဆောင်နဲ့ပတ်သက်ရင်စိတ်ချလို့ရတယ်"
"ဟုတ်အစ်မ ၇နာရီခွဲနေပြီဆိုတော့ သူတို့ကိုတစ်ချက်ပတ်ကြည့်လိုက်အုံးမယ်နော်အစ်မ"
"အင်း သွားလေ ကလေးတွေနဲ့တွေ့ရတာပေါ့"

နွေး အလယ်ထပ်ကိုအရင်ဆုံးပတ်ကြည့်လိုက်မိသည်။စာရေးတဲ့သူ၊စာဖတ်တဲ့သူနဲ့အသီးသီးအလုပ်ရှုပ်နေကြသည်။နွေးအပေါ်ထပ်ကိုတက်တော့ဘုရားခန်းကဘယ်ဘက်မှာမလို့အရင်ကြည့်လိုက်မိသည်။အခန်းထဲမှာကလေးတစ်ချို့စာရေးနေကြသည်။

"သမီးတို့Assignment ပေးပြီးတာလား"

"မပေးသေးဘူးတီချယ် Tutoပြီးမှပေးမှာ"

"အင်း စာရေးကြနော် စကားများမနေကြနဲ့အုံး"​
နွေးရယ်ကာပြောတော့ကလေးတွေအကုန်လုံးပြုံးစိစိနှင့်သာ။ကိုယ်တိုင်ဒီဘဝကဖြတ်သန်းလာတာမလို့သိနေသည်။စာလုပ်တာကနည်းနည်းစကားပြောတာကများများဖြစ်ခဲ့တာကို။နွေးတွေးရင်းလျှောက်လာတော့ အရှေ့ခြမ်းဘက်တောင်ရောက်လာခဲ့သည်။နွေးလမ်းလျှောက်နေရင်းရှေ့ခန်းကတံခါးပွင့်လာတာမလို့ကြည့်လိုက်မိတော့ မြင့်မိုရ်ဆိုတဲ့ကလေးမပင်။

"အမေ့"
မြင့်မိုရ်အယောင်ယောင်အမှားအမှားဖြင့်ကိုယ်ရှိန်သတ်လိုက်မိသည်။မော့ကြည့်လိုက်တော့ ကိုယ့်ကိုပြုံးစိစိနဲ့ကြည့်နေတဲ့တီချယ်ကြောင့်မြင့်မိုရ်ခဏမျှငြိမ်သက်ပြီးကြောင်ကြည့်နေမိသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now