အပိုင်း (၁၀) (Uni+Zawgyi)

12.4K 827 77
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁၀)

"ပေဖူး ငါ့မျက်နှာကိုကြည့်ပေးစမ်းပါ"မြင့်မိုရ်ကခပ်တိုးတိုးပြောလာတာကြောင့်ပေဖူးလည်းကြောင်အအဖြင့်ကြည့်ရင်း
"ဘာဖြစ်လို့လဲဟဲ့"
"ငါ့မျက်နှာမှာတစ်ခုခုပေနေသလားလို့လေ "
"မပေပါဘူးဟဲ့ပေရင်ငါပြောမှာပေါ့"
"မသိပါဘူး ငါအဆောင်ကထွက်ပြီးအခုစာသင်ဆောင်ရောက်လာတဲ့အထိ တွေ့သမျှလူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ဘာများရှိလို့လဲလို့"မြင့်မိုရ်ပြောတော့ ပေဖူးလည်းစဥ်းစားနေတော့သည်။

မြင့်မိုရ်အဆောင်ကစထွက်တည်းက တစ်ယောက်ပြီးတစ်ယောက်ကြည့်နေကြတာပင်။အစက ဒီတိုင်းကြည့်တယ်ထင်ပေမဲ့စားဆောင်ရောက်တော့လည်းဒီလိုပင်၊ကိုယ့်ကိုကြည့်လိုက်သူတို့ဘာသာစကားပြောလိုက်နှင့် ကိုယ့်ကိုယ်ကိုတောင်မလုံတော့ပေ။စားဆောင်ကထွက်ပြီးအခုစာသင်ဆောင်လာတော့လည်းဒီတိုင်းပင်၊မျက်နှာမှာတစ်ခုခုပေလို့များလားဆိုတော့လည်းမဟုတ်၊တစ်ချို့ကကြည့်ရင်းကိုယ်နဲ့အကြည့်ဆုံတော့မပြုံးချင်ပြုံးချင် ပြုံးပြကြသည် ။စိတ်ထဲမတင်မကျနဲ့အခန်းဆီသာဝင်လာလိုက်တော့သည်။
"ဟဲလို သဇင်ပြော"
"...."
"အင်း မြင့်မိုရ်လား ရှိတယ် "
"...."
"မြင့်မိုရ် သဇင်ကဖုန်းပြောချင်လို့တဲ့ နင့်ဖုန်းဆက်တာမရလို့တဲ့"
"ဟမ် အင်းအင်း"
"ဟဲလို သဇင်ပြော"
"...."
"အင်း ညကတော့တက်ဖြစ်ပါတယ်ဘေလ်ကုန်သွားလို့မတက်ဖြစ်သေးတာ"
"..."
"အင်း ဘာလို့လဲ အခုလား"
"...."
"အေးအေး ငါဘေလ်ထည့်ပြီးဖွင့်လိုက်မယ်"

သဇင်က အခုချက်ချင်းလိုင်းဖွင့်ကြည့်ဖို့ပြောတာကြောင့်မြင့်မိုရ်လည်းကြောင်သွားမိသည်။သဇင်ကတော့တစ်ုခုခုကိုစိုးရိမ်နေသည့်အသံဖြင့်သာ၊အကြောင်းတစ်ခုခုရှိလို့ဖြစ်မှာပါဟုပေဖူးကိုပြောရင်းဖုန်းဘေလ်ဖြည့်ကာလိုင်းဖွင့်ကြည့်လိုက်မိသည်။

သဇင်ပြောသည့်pageကိုဝင်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ပုံနဲ့စာတွေကြောင့် မြင့်မိုရ်အံ့သြကာလက်ထဲကဖုန်းပင်လွတ်ကျမတတ်ဖြစ်သွားရသည်။
"ဒါ ဒါတွေက...."နှစ်ယောက်လုံးဖုန်းscreenကပုံတွေကိုသာငေးစိုက်ကြည့်ရင်း စကားတွေရှေ့မဆက်နိုင်တော့။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now