အပိုင်း (၁၄) (Uni+Zawgyi)

12.9K 870 66
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁၄)

နေ့လည်ကျောင်းဆင်းချိန်ရောက်တာမလို့ Canteenသွားဖို့အခန်းထဲကအထွက် ဖုန်းလာတာကြောင့်ကိုင်လိုက်မိသည်။
"ဟဲလို တီချယ်"
".........."
"ဟုတ် တီချယ် လာခဲ့မယ်နော်"ဟုဆိုကာ မြင့်မိုရ်ဖုန်းချလိုက်သည်။
"ဟဲ့ ပြုံးစိပြုံးစိနဲ့ ဘာတဲ့လဲ"
"ဟဲ ဟဲ ထမင်းအတူစားရအောင်တဲ့ နင်တို့ပါခေါ်ခဲ့တဲ့"မြင့်မိုရ်သွားတန်းလေးပေါ်အောင်သဘောတကျပြုံးရင်းပြောလိုက်မိသည်။
"အမလေး ကြားထဲမှာ ငါတော့ညပ်တော့မယ် မရဘူး သဇင့်ဆီဖုန်းဆက်အုံးမှ"ပြောကာ ပေဖူးက သဇင်ဆီဖုန်းဆက်နေလေသည်။မြင့်မိုရ်ကတော့ ခြေလှမ်းတွေသွက်လက်ပေါ့ပါးစွာဖြင့် Canteenဘက်သို့မပြေးရုံတမယ်လျှောက်လာမိလေသည်။ပတ်ဝန်းကျင်ကလည်း ခုမှပိုလှနေသလိုမျိုး အတွေးတွေကလတ်ဆတ်နေတော့သည်။
"တီချယ်"
"ရောက်လာကြပြီလား လာထိုင်လေ ပေဖူးတို့ သဇင်တို့ရော"
"ဟုတ်ကဲ့တီချယ်"
တီချယ်နေရာယူထားတဲ့ခုံဟာ ခုံတန်းရှည်ဖြစ်တာကြောင့် ခြောက်ယောက်စားလို့ရသည်။တီချယ်နဲ့မြင့်မိုရ်နဲ့ကတစ်ခြမ်းထိုင်ပြီးပေဖူးနဲ့သဇင်နဲ့ကတစ်ခြမ်းထိုင်လေသည်။ခုံစွန်းနှစ်ဘက်ကတော့ နေရာလွတ်ပင်။
"တီချယ် ဟင်းတွေတော့မှာထားတယ် လိုရင်ထပ်မှာနော်"
"ရပါတယ် တီချယ် အခုတောင်များနေပြီလာချတာ"ပေဖူးက စားပွဲပေါ်ကဟင်းတွေကိုကြည့်ကာပြောလိုက်လေသည်။ထမင်းပန်းကန်တွေကတော့မရောက်သေးပေ။
"မြင့်မိုရ်"ခေါ်သံကြောင့်ကြည့်လိုက်တော့ ​ကောင်းဆက်သန့်။

အား ဒင်းနဲ့လည်းမလွတ်ပါလား တီချယ်နဲ့ထမင်းအေးဆေးစားမလို့ပါဆို ဘာတွေပွေအုံးမလဲမသိ။တီချယ့်မျက်နှာကြည့်မိတော့ ခုနလိုပြုံးရယ်မနေတော့။
"အင်း ကောင်းဆက်"
"ထမင်းလာစားကြလား တီချယ်လည်းပါတာပဲ"
"အင်း ဟုတ်တယ်"
"ဒါဆို ကိုယ် လည်းဒီမှာပဲစားမယ်နော် ဝိုင်းကပြည့်နေတော့ ရတယ်မလား တီချယ်"
မြင့်မိုရ်တီချယ်ကိုကြည့်မိတော့ ငြိမ်လျှက်သာ။ပြီးမှ
"အင်း ရပါတယ် ဒီနေ့မှ ဝိုင်းလွတ်ကမရှိတော့လည်း"
"ဟုတ် တီချယ် ကျေးဇူးပါ"ကောင်းဆက်သန့်ကပြောကာ ထွက်သွားတော့မှ မြင့်မိုရ်သက်ပြင်းမသိမသာချလိုက်မိသည်။ပေဖူးနဲ့သဇင်ကတော့ မြင့်မိုရ်ကိုပြူးကြည့်ရျ်သာ။ခဏကြာတော့ ထမင်းပန်းကန်တွေလာချပေးတော့သည်။ကောင်းဆက်သန့်ကလည်းထမင်းပန်းကန်နဲ့ဟင်းပန်ကန်ယူကာ မြင့်မိုရ်ဘေးရှိ ခုံစွန်းတွင်လာထိုင်လေသည်။
"စားကြနော် တီချယ်ရှင်းမှာ ကောင်းဆက်သန့်လည်းစားနော်"
"ဟုတ်ကဲ့တီချယ်"
မြင့်မိုရ်စိတ်ထဲလည်းခုနလောက်မပျော်တော့ပေ။တီချယ်လည်းပြုံးနေပေမဲ့ တီချယ့်အပြုံးတွေအသက်မပါကြောင်းမြင့်မိုရ်သိသည်။ထမင်းစားဖို့ဇွန်းကိုကိုင်တော့ တီချယ်က ဟင်းထည့်ပေးလေသည်။
"တီချယ် ဒါဘာဟင်းလဲ"
"အမဲသားလေ စားတယ်မလား"နွေးထည့်ပေးပြီးကာမှ တော်တော်များများအမဲသားမစားမှန်းသတိရသွားတော့သည်။
"မြင့်မိုရ်က အမဲသားမစားဘူးလေ တီချယ်"ဟု ဝင်ပြောလိုက်သူမှာမြင့်မိုရ်မဟုတ် ကောင်းဆက်သန့်ပင်။
"ဟင် သမီးငယ် မစားဘူးလား"နွေးမျက်နှာလေးညှိုးနွမ်းစွာ မေးလိုက်မိသည်။
"ဟုတ်တယ် တီချယ် မြင့်မိုရ်ကအမဲသားမစားဘူးလေ သူနဲ့မတည့်လို့ "
မြင့်မိုရ်ဘာမှပြောချိန်မရကောင်းဆက်သန့်ကဒိုင်ခံဖြေပေးနေလေသည်။
"sorryနော် တီချယ်အသစ်မှာပေးမယ် ထမင်းပန်းကန်"
"ရတယ် တီချယ် သားယူလိုက်မယ် သားပန်းကန်ကမစားရသေးဘူး မြင့်မိုရ်ယူလိုက်နော်"ပြောကာ ကောင်းဆက်သန့်မှာ ပန်းကန်နှစ်ခုကိုချိန်းယူလိုက်လေသည်။အဖြစ်အပျက်တွေက လိုက်မမှီတာမလို့ပေဖူးနဲ့သဇင်လည်း ဇွန်းကိုင်လျှက်သာ သူတို့သုံးယောက်ကိုကြည့်နေလေသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now