အပိုင်း (၁၈) (Uni+Zawgyi)

11K 865 30
                                    

​မြတ်နိုးရသော ပန်းတစ်ပွင့်
အပိုင်း (၁၈)

"တောင်း..တောင်းပန်ပါတယ် ကိုကို..ငယ်.ငယ်လေးမလာဖြစ်တော့ဘူး"ဟုဆိုရင်း ဖုန်းကိုချကာ ထိုနေရာမှလှည့်ထွက်လာမိတော့သည်။
ခြေလှမ်းတွေက မြေပေါ်ထိရဲ့လား၊ဘေးဘီဝဲရာမှာရော လူတွေရှိနေလားသတိမထားမိတော့။အထပ်မြင့်တိုက်တွေဟာခုမှ ပိုပြီးမြှင့်လိုက်ကြတာလား။လျှောက်လှမ်းနေခဲ့မိတာကြာပေမဲ့ ခုထိ တံခါးပေါက်ကိုမတွေ့သေး။

ဘာလို့လဲ၊ ဘာလို့ ဒီလိုတွေဖြစ်ရတာလဲ၊ မြတ်နိုးမိသူရဲ့ချစ်ရသူဟာ ကိုယ့်အချစ်ရဆုံးသွေးသားရင်းတဲ့လား။
လမ်းတွေဟာ ကားတွေနဲ့ရှုပ်နေတယ်၊အနားကဖြတ်သွားဖြတ်လာ ပုံရိပ်တွေဟာလည်း ဝိုးတိုးဝါးတား၊မျက်ဝန်းထဲမြင်မိတဲ့ပုံရိပ်တစ်ချို့၊ရုးန်းရင်းဆန်ခတ်အဖြစ်အပျက်တွေ၊ရှေ့တည့်တည့်မှာလာနေတဲ့ကားတွေ၊ရောင်စုံကားတွေဟာအခုမှလှနေသလို၊ကားတစ်စီးစီးရှေ့မှာသွားရပ်ကြည့်ချင်တယ်။ဘာတွေဖြစ်လာမလဲ။အပြစ်တွေအများကြီးလုပ်ခဲ့ဖူးတဲ့သူဆိုတော့ ဒီကမ္ဘာမြေက ထွက်သွားလိုက်တာ အကောင်းဆုံးပဲထင်ပါရဲ့။ရှေ့တည့်တည့်မှာလာနေတဲ့ကားလေးကထိတွေ့ပစ်ချင်စရာ။ကမ္ဘာမြေပေါ်ကအမှုန်အမွှားလေး လေထဲ လွင့်သွားချင်မိတယ်။
"ကျွီ"ဆိုပြီးမြည်သွားတဲ့ကားဘရိတ်အုပ်သံတွေ၊လူတစ်ချို့ရဲ့အော်ဟစ်လိုက်တဲ့အသံတွေ၊နောက်နားဆီက ခေါ်သံသဲ့သဲ့တွေ၊ထပ်ပြီးကြားလိုက်ရတဲ့ပြတ်ပြတ်သားသားအသံတစ်ခုနဲ့အတူ ယိမ်းယိုင်သွားတဲ့ခန္ဓာကိုယ်တစ်ခု။
ဒီမြေကနေထွက်သွားချင်တယ်၊အပြစ်တွေအများကြီးလုပ်ခဲ့မိတာမလို့ ဒီကမ္ဘာမြေမှာမနေချင်တော့ဘူး။
"ကလေးငယ်"
"ကလေးငယ် သတိထားပါအုံး"
ခေါ်သံကြောင့်မျက်လုံးဖွင့်ကြည့်မိတော့တီချယ်။
"ဘာလို့ကယ်လိုက်ရတာလဲ သမီးက ဒီလောကကြီးထဲကနေ ထွက်သွားလိုက်ချင်တာ"ဆိုတော့ တီချယ့်မျက်ဝန်းမှာအလိုမကျမှုနဲ့စိုးရိမ်မှုကအထင်းသား။ဘာလို့များစိတ်မနာခဲ့တာလဲ။ဒီလောက်အပြစ်တွေအများကြီးကျူးလွန်ခဲ့မိတဲ့သူကိုလေ ဘာလို့ စိုးရိမ်ပေးနေသလဲ။အစ်ကို့ရဲ့ချစ်ရသူကိုမှချစ်ခဲ့မိတဲ့အပြင်၊အရင်းနှီးဆုံးသူအပေါ်လည်းအမှားတွေ ကျူးလွန်ခဲ့မိတာမလား။
"အဆင်ပြေရဲ့လား ဘယ်နားထိခိုက်သွားသေးလဲ"စိုးရိမ်တကြီးကိုယ်ကမေးခဲ့ပေမဲ့ ကလေးငယ်ဆီက အဖြေဟာတစ်ခြား။
"သမီး အဲ့ညက အကြောင်းတွေ မှတ်မိပြီ သိလား တီချယ်"ဟုဆိုရင်း မှိတ်ကျသွားတဲ့မျက်ဝန်းငယ်တွေ။
"မြင့်မိုရ် မြင့်မိုရ် သတိထားအုံးလေ တီချယ် လုပ်ပါအုံး မြင့်မိုရ်...."
"ကားတစ်စီးတားလိုက် တီချယ်တို့ ဆေးရုံပို့ရမယ်"
"ဟုတ်ကဲ့တီချယ်"ဟုဆိုရင်း ပေဖူးနဲ့သဇင်လည်းကားတားကာ ဆေးရုံဆီသို့ ထွက်လာလိုက်မိသည်။မြင့်မိုရ်ကတော့ သတိမေ့နေဆဲပင်။
---
"ဒေါက်တာ ကလေးက ဘာဖြစ်တာလဲ စိုးရိမ်ရလား"နှင်းစိုးရိမ်တကြီးမေးလိုက်မိသည်။ဘာတွေဖြစ်ခဲ့လို့များ ဒီလောက်ထိ ကလေးငယ်လေးဟာ ဖြစ်ခဲ့ရသလဲ၊မနက်ကထိ အသံလွင်လွင်လေးနဲ့ကလေးမလေးက အခုတော့ ကုတင်ပေါ်မှာ လှဲလျောင်းနေလျှက်။
"လူနာက စိုးရိမ်စရာမရှိပါဘူး ပွန်းပဲ့ဒဏ်ရာလောက်လေးပဲရှိတာ ခဏကြာရင်နိုးလာပါလိမ့်မယ်"
"ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာ"ဆရာဝန်ထွက်သွားပြီမလို့ နှင်း မြင့်မိုရ်လက်ကလေးကိုဆုပ်ကိုင်ထားလိုက်မိသည်။
"ဘာတွေဖြစ်ခဲ့သလဲ ကလေးငယ်ရယ် ဘယ်ကိစ္စတွေကြောင့်များ ဒီလောက်ထိ တွေးရဲလိုက်တာလဲ တီချယ်ဖြင့် စဥ်းတောင်မစဥ်းစားရဲဘူး"ဟုဆိုရင်း မျက်ဝန်းအိမ်မှာလည်းမျက်ရည်တို့ဝေလာခဲ့မိသည်။သတိမမေ့ခင်ပြောသွားတဲ့စကားက "အဲ့ညကအကြောင်းတွေမှတ်မိပြီ"တဲ့။ဒီကိစ္စအတွက်လောက်လေးနဲ့တော့ ဒီလောက်ကြီးထိမဖြစ်သင့်ပါဘူး ကလေးရယ်။
"တီချယ် ဒေါက်တာက ဘာပြောသွားလဲ"ပေဖူးနဲ့သဇင်လည်း မျက်နှာလေးညှိိုးငယ်နေလေသည်။သူငယ်ချင်းအတွက်စိတ်မကောင်းပေ။ဘာတွေဘယ်လိုဖြစ်သွားလဲ သူတို့လည်းမသိခဲ့။
"ခဏကြာရင်နိုးလာလိမ့်မယ်လို့ပြောတယ် စိုးရိမ်စရာမရှိဘူးတဲ့"
"တော်ပါသေးရဲ့ ဘာလို့များရုတ်တရက်ကြီး ဒီလိုလုပ်လိုက်ရသလဲ မတွေးတတ်တော့ဘူး တီချယ်ရယ် အချိန်ခဏလေးအတွင်းကို"
"မနက်ကထိတီချယ့်ဆီဖုန်းဆက်တုန်းကတောင်အကောင်းမလား ဘယ်လိုဖြစ်ကြတာလဲ ပြောပါအုံး"
"တီချယ့်ဆီဖုန်းဆက်ပြီးတော့ ပေဖူးတို့Oceanသွားကြတာ အဲ့မှာကိုလွင်နဲ့လည်းချိန်းထားတော့ သွားကြတာ။အပေါ်ဆုံးထပ်ရောက်တော့ဝယ်စရာရှိတာနဲ့သမီးနဲ့သဇင်နဲ့ကဆိုင်မှာဝင်ဝယ်နေတာ၊မြင့်မိုရ်ကသွားနှင့်မယ်ဆိုပြီးသွားတာပဲ၊သိပ်မကြာဘူး သူထွက်သွားတာမြင်တော့ သမီးတို့လည်းငွေရှင်းပြီး နောက်ကလိုက်လာတာ ကြားထဲဘာတွေဖြစ်ခဲ့သလဲ မသိတော့ဘူး တီချယ်ရယ်"ပေဖူးကမျက်ရည်လေးဝိုင်းကာဆိုလာသည်။
"ဒါနဲ့ ကိုလွင်ကရော..."နှင်းစကားမဆုံးသေး အခန်းတံခါးပွင့်သံနဲ့အတူဝင်ရောက်လာတဲ့ မြင့်မ်ုရ်ကိုကို။
"ဘယ်လိုဖြစ်တာလဲ ပေဖူးဖုန်းဆက်တော့ အစ်ကိုယုံတောင်မယုံနိုင်ဘူး"
"ပေဖူးတို့လည်းဘာဖြစ်မှန်းကိုမသိတော့ပါဘူး"
"အခု ဒေါက်တာကဘာပြောသလဲ ပန်းချီ စိုးရိမ်ရသလား"
"ဟင့်အင်း အိပ်ဆေးကြောင့်အိပ်ပျော်နေတာပါ မစိုးရိမ်ရပါဘူး ပွန်းပဲ့ရုံလောက်ပဲဒဏ်ရာက"
"ဘာလို့ရုတ်တရက်ကြီးဖြစ်ရတာလဲ Ocean ကိုမလာဖြစ်ဘူးဆိုပြီး ခုကျဘယ်လိုဖြစ်လို့Oceanရှေ့မှာဖြစ်ရတာလဲ"ကိုနေသစ်လွင် စကားအဆုံးပေဖူးနဲ့သဇင်မှာအံ့သြသွားရသည်။တစ်ခုခုတော့လွဲခဲ့ပြီဆိုတာသိပေမဲ့ ဘာလည်းအဖြေရှာမရသေး။
"မြင့်မိုရ်က ကိုလွင့်ကို မလာဖြစ်ဘူးလို့ပြောတာလား"
"ဟုတ်တယ် မလာဖြစ်တော့ဘူးဆိုပြီး"
"ဒါဆို...."ပေဖူးစကားမဆုံးခင် မြင့်မိုရ်နိုးလာတာကြောင့် အကုန်လုံးရဲ့ အာရုံတွေဟာ မြင့်မိုရ်ဆီရောက်သွားတော့သည်။
"ကလေးငယ် နိုးပြီလား ဘယ်လိုနေသေးလဲ"
"ငယ်လေး ဘယ်လိုနေသေးလဲ ကိုကိုဆရာဝန်ခေါ်ပေးမယ်နော်"ဟုဆိုရင်းသွားဖို့ပြင်တော့ လက်ကလေးကိုလှမ်းဆွဲလိုက်သည့်မြင့်မိုရ်။
"ငယ်လေး အဆင်ပြေပါတယ် ဆရာဝန်ခေါ်မနေပါနဲ့တော့"
"တကယ်အဆင်ပြေရဲ့လား ကိုကိုဘယ်လောက်ထိစိတ်ပူသွားရလဲ ငယ်လေးသိရဲ့လား"ဟုဆိုရင်း လက်ကလေးအား လက်နှစ်ဖက်ဖြင့်ပြန်ဆုပ်ကိုင်ရင်း ယောကျာ်းလေးတန်မဲ့မျက်ရည်တွေကျလာမိတော့သည်။နှင်းတို့လည်း မောင်နှမနှစ်ယောက်စကားပြောပါစေဆိုပြီး အခန်းပြင်ထွက်လာလိုက်ကြသည်။
"ကိုကိုဘာလို့ငိုနေတာလဲ ငယ်လေးဘာမှမဖြစ်ပါဘူး"ဟုဆိုရင်း မျက်ရည်တွေကိုသုတ်ပေးနေတဲ့သူရဲ့မျက်ဝန်းမှာလည်း မျက်ရည်စတွေတွဲခိုလို့နေခဲ့တယ်။
"ငယ်လေးသာတစ်ခုခုဖြစ်ရင် ကိုကို ရင်ကျိုးမှာသိလား ဘာလို့ဆိုးရတာလဲ"
"တောင်းပန်ပါတယ် ဒါမတော်တဆပါ ကိုကိုရယ်နော် မငိုတော့နဲ့ မေမေ့ကိုလည်းမပြောနဲ့နော် စိတ်ပူနေအုံးမယ်"
"အင်းပါ ကိုကိုမပြောပါဘူး ငယ်လေးသာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော် ကိုကိုငယ်လေးစားဖို့တစ်ခုခုသွားဝယ်လိုက်မယ် ပန်းချီကို လွှတ်လိုက်မယ်"
"ဟုတ် ကိုကို"
အခန်းလေးထဲကထွက်သွားသည့်ကျောပြင်လေးကိုကြည့်ရင်းအတိတ်ကစကားသံတစ်ချို့ကို နားထဲပြန်ကြားယောင်မိတော့သည်။
"ကိုကို တကယ်လို့ကိုကို့မှာချစ်သူရခဲ့တယ်ဆိုပါစို့ ငယ်လေးနဲ့ကိုကို့ချစ်သူဆိုရင် ဘယ်သူ့ကိုရွေးမလဲ"
"ဟား ဒီကောင်မလေးကလည်း ဒီမေးခွန်းကမေးစရာကိုမလိုတာ သေချာပေါက်ငယ်လေးပဲပေါ့"
"ဟီး တကယ်နော်"
"တကယ်ပေါ့ ငယ်လေးကရော တစ်ယောက်ယောက်နဲ့ကိုကိုနဲ့ဆို ဘယ်သူ့ရွေးမလဲ"
"ကိုကို့ကိုပဲရွေးမှာပေါ့ ကိုကိုက အရာအားလုံးထက် ငယ်လေးအတွက်ပိုအရေးကြီးတယ်လေ"
"ဟား ဒီကလေးစကားတတ် လာမုန့်စားပါအုံး"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now