အပိုင်း (၃) Zawgyi

2.1K 61 4
                                    

"မြင့်မိုရ် သဇင်တစ်ယောက် မလာပါလား"

"Study hourချိန်ပြီးရင်လာမယ်တဲ့မလာရင်တို့တွေသွားမယ်လေအိမ်စာမပြီးသေး လို့တဲ့လေ သူမနေ့ကမလုပ်ဖြစ်လို့တဲ့"

"သြော် အင်းအင်း ၇ နာရီတောင်ထိုးတော့မယ် ဖုန်းအားသွင်းပြီးစာလုပ်ကြမယ်လေ"

"အွန်း"

"မြင့်မိုရ်တို့ကျောင်းကSunday to Thursday ကို studyhour ချိန် ၇နာရီကနေ၉နာရီသတ်မှတ်ထားသည်။ဒီအချိန်ဆို ကိုယ့်အခန်းမှာကိုယ်စာလုပ်ရသည်။အခန်းမကူးရ၊စာမေးစရာရှိရင်တော့ကူးလို့ရသည်။အဆောင်မှူးတွေကလည်းဒီအချိန်အတွင်းနှစ်ခေါက်လောက်လှည့်ပတ်စစ်တတ်ကြသည်၊မြင့်မိုရ် Assignment ရေးဖို့အတွက်ပြင်လိုက်မိသည်။

"အစ်မရေ ညီမလေးရောက်ပြီနော်"

"သြော် နွေးလာလေ ညီမလေး ထိုင်အုံး မနက်ဖြန်လူစစ်တော့မှပဲကလေးတွေနဲ့မိတ်ဆက်ပေးတော့မယ် သူတို့ကသိတော့သိပြီးသားပါ"

"ဟုတ်အစ်မ"

"အဆောင်နဲ့ပတ်သက်တာသိချင်ရင်မေးနော်အားမနာနဲ့ မြင့်မိုရ်ကိုလည်းမေးလို့ရတယ် သူကအဆောင်နဲ့ပတ်သက်ရင်စိတ်ချလို့ရတယ်"

"ဟုတ်အစ်မ ၇နာရီခွဲနေပြီဆိုတော့ သူတို့ကိုတစ်ချက်ပတ်ကြည့်လိုက်အုံးမယ်နော်အစ်မ"

"အင်း သွားလေ ကလေးတွေနဲ့တွေ့ရတာပေါ့"

*နွေး အလယ်ထပ်ကိုအရင်ဆုံးပတ်ကြည့်လိုက်မိသည်၊စာရေးတဲ့သူစာဖတ်တဲ့သူနဲ့အသီးသီးအလုပ်ရှုပ်နေကြသည်။နွေးအပေါ်ထပ်ကိုတက်တော့ဘုရားခန်းကဘယ်ဘက်မှာမလို့အရင်ကြည့်လိုက်မိသည်။အခန်းထဲမှာကလေးတစ်ချို့စာရေးနေကြသည်*

"သမီးတို့Assignment ပေးပြီးတာလား"

"ဟုတ်ကဲ့တီချယ်ပေးတဲ့ဘာသာပေးပြီးပြီ တစ်ချို့ကျန်တဲ့ဘာသာတွေကဒီတစ်ပတ်ထဲပေးမယ်တဲ့တီချယ်"

"အင်း စာရေးကြနော် စကားများမနေကြနဲ့အုံး"​နွေးရယ်ကာပြောတော့ကလေးတွေအကုန်လုံးပြုံးစိစိနှင့်သာ။ကိုယ်တိုင်ဒီဘဝကဖြတ်သန်းလာတာမလို့သိနေသည်။စာလုပ်တာကနည်းနည်းစကားပြောတာကများမျာဖြစ်ခဲ့တာကို။နွေးတွေးရင်းလျှောက်လာတော့ အရှေ့ခြမ်းဘက်တောင်ရောက်လာခဲ့သည်။နွေးလမ်းလျှောက်နေရင်းရှေ့ခန်းကတံခါးပွင့်လာတာမလို့ကြည့်လိုက်မိတော့ မြင့်မိုရ်ဆိုတဲ့ကလေးမပင်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now