အပိုင်း (၁၁) (Uni+Zawgyi)

11.5K 792 49
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁၁)

"Hello My Lovely Mommy"
အိမ်ရှေ့ဝယ်ကားလေးထိုးရပ်လိုက်ပြီဆိုတာနှင့်မြင့်မိုရ်အပြေးဆင်းကာ မေမေ့ကိုဖက်လိုက်မိသည်။
"အမလေး ဖြည်းဖြည်းလုပ်ပါ ကလေးလည်းမဟုတ်တော့ဘဲနဲ့အားကြီးနဲ့ဖက်လိုက်တာ"မေမေပြောတော့မြင့်မိုရ်မျက်စောင်းလေးထိုးကာ
"မေမေကလည်း မြင့်မိုရ်က ကလေးပဲကို မေမေ့ကိုမခေါ်တော့ဘူး"
"အမလေး စတာပါကွယ် မေမေ့သမီးလေးက ကလေးလေးပါ သမီးလေးအကြိုက် ဟင်းတွေချက်ထားတယ် ပုစွန်သေးသေးလေးတွေကိုငရုတ်သီးစိမ်းနဲ့ငံပြာရည်ချက်ချက်ထားတယ် ငါးဟင်းရောပဲ ပြီးတော့ အခုဟင်းချိုအိုးတည်ထားတယ်"
မေမေကဟင်းတွေတွက်ပြနေတာကြောင့်မြင့်မိုရ်ဗိုက်ပင်ဆာလာတော့သည်။
"ကဲ အစားအသောက်ကိုပဲပြောမနေနဲ့တော့ နောက်မှာ တီချယ်ပါလာတာကိုလည်းသတိရအုံးလေ"
မေမေပြောမှ မြင့်မိုရ် တီချယ်နှင်းကိုသတိရကာအားနာမိသွားတော့သည်။
"ဟီး တီချယ်"
"သူကအဲ့လိုပဲနှင်းရေ အမြဲမေ့နေတာ လာလာ အိမ်ထဲကို အမောအပန်းလေးဖြေကြအုံး ခဏနေမှရေချိုးထမင်းစားကြနော်"
"ဟုတ်ရတယ် အန်တီဖြူရေ နှင်းအတွက် ဘာမှတွေးမနေနဲ့ဧည့်သည်မှမဟုတ်တာ"နှင်းဒီအိမ်ကိုရောက်တာ ဒါနဲ့ဆို ငါးခါထက်မနည်းတော့ပေ။အိမ်အချင်းချင်းသိကြတာရော၊မြင့်မိုရ်နဲ့ရင်းနှီးတာရောကြောင့်ရောက်ဖြစ်တာပင်။
"တီချယ် အခန်းထဲသွားကြမယ်လေ ရေချိုးပြီးထမင်းစားကြရအောင်"
"အင်း သွားကြမယ်လေ "နှစ်ယောက်သားရေမိုးချိုးအဝတ်အစားလဲကာ ထမင်းဝိုင်းဆီရောက်လာကြတော့သည်။ထမင်းဝိုင်းကဟင်းတွေက မြင့်မိုရ်ကို မြန်မြန်လာစားဖို့ မြှူစွယ်နေကြသလိုပင်။
"သမီး နှင်း စားနော် အားမနာနဲ့ "
"ဟုတ်ကဲ့ပါ အန်တီဖြူရဲ့ နှင်းစားပါတယ် လေးလေးက ခရီးသွားနေတာပေါ့"
"ဟုတ်တယ်သမီးရေ ခရီးသွားနေတာ မနေ့ကမှပါ သမီးတို့နဲ့နည်းနည်းလွဲသွားတာ"
တီချယ်နဲ့မေမေက စကားပြောလိုက်ထမင်းစားလိုက်လုပ်နေပေမဲ့ မြင့်မိုရ်နဲ့ကိုကိုကတော့ ထမင်းကိုသာ အသားကုန်စားနေတော့သည်။စားသောက်ပြီးသွားတော့မေမေလုပ်ပေးတဲ့ကျောက်ကျောကိုတစ်ပန်းကန်ကုန်အောင်စားလိုက်ကြသေးသည်။အဲ့နောက်တော့ မျက်ခွံတွေလေးလံလာတာကြောင့်အခန်းဆီပြန်ဝင်ကာ အိပ်ပျော်သွားတော့သည်။မေမေနဲ့တီချယ်ကတော့အောက်ထပ်မှာစကားကောင်းနေကြဆဲပင်။
"တီချယ်တို့မပတ်သက်ကြတော့တာကောင်းမယ်"တဲ့။ဒီစကားသံဟာအိပ်မက်တွေထဲထိလိုက်နှောင့်ယှက်နေဆဲ၊အိပ်ပျော်သွားပြီဆိုတာနဲ့ရောက်လာတတ်တဲ့စကားသံတွေ၊အေးစက်စက်သူ့အကြည့်တွေကြောင့် မြင့်မိုရ် ပြန်လည်နိုးထလာရပြန်သည်။
"အဲ့လောက်ထိလုပ်ဖို့လိုလို့လား တီချယ်ရယ်"မြင့်မိုရ်တိုးတိုးလေးရေရွတ်လိုက်မိသည်။
မပတ်သက်ကြရအောင်ဆိုတဲ့ တီချယ့်စကားအဆုံးမှာ ယိုင်နဲ့မသွားအောင်မနည်းထိန်းပြီး စကားပြန်ပြောကာ ကိုယ့်အခန်းငယ်ဆီအပြေးပြန်လာလိုက်ရသည်။လှေကားထစ်တွေကိုတောင်နင်းမိရဲ့လား၊လေဟာနယ်ထဲများလျှောက်လာမိသလား။ပြန်တောင်မတွေးတတ်တော့၊ဝမ်းနည်းမှုတွေကသာ လူကိုကြီးစိုးနေခဲ့တော့ ပတ်ဝန်းကျင်လည်းဂရုမထားအားခဲ့ပေ။အခန်းထဲကိုသာအပြေးအလွှားပြန်ရင်းကုတင်ပေါ်မှောက်ငိုခဲ့ရတာ။ပြန်မတွေးမိအောင် နေပေမဲ့ အရိပ်လိုကပ်ပါလာတဲ့သူ့ပုံရိပ်တွေနဲ့စကားသံတွေကြောင့်မတွေးလည်း ကြားနေမိတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now