အပိုင်း (၂၁) (Uni+Zawgyi)

12.2K 887 54
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၁)

"ပစ္စည်းတွေ အကုန်ပါကြပြီနော်"ကိုကိုမှပြာယာနေသည့် မြင့်မိုရ်တို့သုံးယောက်အားမေးလိုက်ခြင်းသာ။မပါလို့ကျန်ခဲ့ရင် သူတစ်ခေါက်ပြန်ယူပေးရမှာကို ကြိုသိနေလို့ပင်။
"ပါပြီ ကိုကို ဘာမှမကျန်တော့ဘူး"
"ပြီးရော ဒါဆို အဝတ်အစားလဲဖို့ပဲကျန်တော့တာမလား သွားလဲကြလေ ကိုကိုစောင့်နေမယ်"
"ဟုတ်"
သုံးယောက်သား ကျောင်းဝတ်စုံကိုချွတ်ကာ အပြင်အဝတ်အစားများဝတ်လိုက်ကြသည်။ပေဖူးနဲ့သဇင်က ဂျင်းဘောင်းဘီနှင့်အပေါ်က တီရှပ်လေးတွေကိုဝတ်ထားကြပေမဲ့ မြင့်မိုရ်ကတော့ ကွဲစွာ ဒူးဖုံးဂါဝန်အပြာလေးဝတ်ပြီး ခါးစည်းကြိုးလေးအား စည်းနေကျအတိုင်း တင်းအောင်းချည်လိုက်မိသည်။ပေဖူးတို့မပြီးသေးတာမလို့စောင့်ရင်းအဆောင်ရှေ့ကြည့်မိတော့ ကိုကိုဟာဖုန်းပြောပြီး အဆောင်ရှေ့လမ်းကြားအားလျှောက်သွားတာမြင်လို့ကြည့်လိုက်မိတော့ တီချယ်ပင်။အကြည့်တွေကိုချက်ချင်းလွှဲကာ ဝရံတာအား မှီရပ်ပြီး ပေဖူးတို့အားစောင့်နေလိုက်မိသည်။
"မြင့်မိုရ် သွားကြမယ်လေ"
"အင်း...သွားကြမယ်"မျက်နှာပေါ်အပြုံးအား ချက်ချင်းဆင်မြန်းကာ အောက်သို့ဆင်းလာတော့ ကိုကိုမှာ ကားဆီပြန်လျှောက်လာနေတာမြင်လိုက်ရသည်။
"ဟင်...ကိုလွင်က တီချယ်နွေးနဲ့ဘယ်လိုသိ"ပေဖူးကပြောနေပေမဲ့မြင့်မိုရ်မကြားယောင်ဆောင်ကာ ကားပေါ်သို့ တက်လိုက်မိသည်။ကိုကိုကားလေးမောင်းတော့ ကားမှန်အားတင်ရင်း ခပ်ဝေးဝေးမှကျောပြင်လေးအားတစ်ချက်ငေးမောလိုက်မိသည်။
"ကိုလွင်က...ပေဖူးတို့အဆောင်မှူးငယ်နဲ့ သိတာလား"ပေဖူးမှမုန့်ထုပ်အားဖောက်ရင်းရှေ့ခန်းမှကားမောင်းနေသည့်ကိုကို့အားမေးလိုက်ခြင်းပင်။
"ဘယ်သူ့ကိုပြောတာလဲ ပေဖူး"
"သြော် ခုနကိုလွင်စကားပြောနေတဲ့သူလေ တီချယ်ဒေါ်နွေးသဒ္ဓါကိုပြောတာ"
"သြော်"ဟုဆိုရင်း ကိုကိုကပြုံးလိုက်လေသည်။
"ဟုတ်တယ် သိတယ်လေ"
"ဘယ်လို...."ပေဖူးစကားမဆုံးသေးမြင့်မိုရ်မှမုန့်အားပေဖူးပါးစပ်ထဲသို့သွပ်လိုက်ရင်း
"နင်သိပ်စကားများတာပဲ မုန့်စားစရာရှိတာစား"ဟုဆိုလိုက်တာကြောင့်ပေဖူးလည်းမုန့်သာစားနေလိုက်သည်။
"ကိုကိုနဲ့သိတာလေးတောင်အံ့သြနေရင် တီချယ်ဟာ ကိုကို့ကောင်မလေးပါဆိုတာသာသိရင် ဘယ်လောက်တောင်အံ့သြနေလိုက်မလဲ"မြင့်မိုရ်တွေးရင်းသက်ပြင်းချကာ ဖုန်းထုတ်ပြီး နားကြပ်ဖြင့် သီချင်းနားထောင်နေမိလိုက်သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now