အပိုင်း (၁၃) (Uni+Zawgyi)

13K 820 41
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁၃)

"မြင့်မိုရ်" ဒီတစ်ခါတော့ မမှားနိုင်တော့ပါ။မြင့်မိုရ်ရင်တွေခုန်သလို လက်တွေလည်းရုတ်တရက်အေးစက်လာမိတော့သည်။အနောက်ကို ဖြည်းဖြည်ချင်းလှည့်ကာ ကြည့်လိုက်မိတော့....
"တီချယ်"
သူမသိပ်ကိုမြတ်နိုးရတဲ့ တီချယ်ဟာ သူမကို ပြုံးကာ လက်ပြနေလေရဲ့။မြင့်မိုရ် အံ့သြကာ ခဏမျှဆွံ့အသွားမိသည်။
"တို့ခေါ်တာကိုတောင် လှည့်မကြည့်ဘူးဆိုတော့ တို့ကိုသိပ်မုန်းသွားတာများလား သမီးငယ်"ပြောရင်း မြင့်မိုရ်ဆီကိုနွေးလျှောက်လှမ်းလာမိသည်။မြင့်မိုရ်ကတော့ မလှုပ်မယှက် ရပ်နေဆဲပင်။အနားကပေဖူးနဲ့သဇင်ကတော့ပြုံးစိစိဖြင့်သာ။
"စကားတောင်မပြောချင်တော့တာများလား"နွေး မြင့်မိုရ်ရှေ့ခြေစုံရပ်ရင်းဆိုလိုက်မိသည်။
"မြင့်မိုရ်ကို တီချယ်စိတ်နာသွားပြီထင်နေတာ"ဟုဆိုရင်း နွေးကိုယ်လုံးလေးအား မြင့်မိုရ်ဖက်လိုက်မိသည်။ပေဖူးနဲ့သဇင်ကတော့ တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ကာ ဘာမှမပြောဘဲ ထွက်လာခဲ့ကြတော့သည်။
"စိတ်မနာပါဘူး ကလေးရယ် တကယ်ဆို တီချယ်ကအကြီးဖြစ်ပါလျှက် မြင့်မိုရ်ပေါ်မှားခဲ့မိတာပါ"
"မြင့်မိုရ်က တီချယ့်ကိုခေါ်ခွင့်မရတော့ဘူးလို့ထင်နေခဲ့မိတာ"
မြင့်မိုရ်အသံမှာ ရှိုက်သံပါနေတာကြောင့် ငိုနေပြီမှန်း နွေးသိလိုက်တော့သည်။
"ကဲ ဒီကိုကြည့်ပါအုံး ဘာလို့များငိုနေရသလဲ တီချယ်ရှိနေပြီလေ"မြင့်မိုရ်မျက်နှာပေါ်က မျက်ရည်စတွေကို နွေးလက်လေးဖြင့်သုတ်ပေးရင်း ဆိုလိုက်မိသည်။
"မငိုနဲ့တော့နော် တိတ်တော့ တို့တွေ ကံ့ကော်တွေကြည့်ရအောင်လေ"
"ဟုတ်"မြင့်မိုရ်ပြုံးရင်း ပြောလိုက်မိသည်။
"ကျောင်းဝန်းထဲ ပတ်မလား ဒါမှမဟုတ် ခုံတွေဆီထိုင်မလား တီချယ်"မြင့်မိုရ်ကံ့ကော်တန်းအောက်က ခုံကိုလက်ညှိုးထိုးကာပြောလိုက်မိသည်။
"အင်း တီချယ်တို့ ခုံပေါ်ထိုင်ပြီးစကားပြောကြရအောင်လေနော် ကံ့ကော်တွေကြည့်ရင်းပေါ့"နွေးပြောတော့ မြင်မိုရ်သဘောကျစွာခုံတွေဆီအပြေးသွားလိုက်မိသည်။ကံ့ကော်တွေနဲ့အတူမြင့်မိုရ်မျက်နှာထက်မှာလည်းအပြုံးပန်းတွေဝေနေလေသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Tempat cerita menjadi hidup. Temukan sekarang