အပိုင်း (၂၅) (Uni+Zawgyi)

13.4K 842 28
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၅)

အချိန်တွေဟာတစ်ရွေ့ရွေ့ဖြင့်ကုန်ဆုံးလာလိုက်တာ နောက်တစ်ပတ်ဆိုရင် မြင့်မိုရ်တို့ကျောင်းတွေပြန်တက်ရတော့မည်။အရင်ကပျင်းခဲ့သလောက် ခုတော့ တစ်ပတ်မလိုခင်တည်းက ကျောင်းသွားဖို့တက်ကြွနေတာကြောင့်ဖေဖေနဲ့မေမေမှာ တအံ့တသြဖြင့်သာ။အကြောင်းသိနေသည့်ကိုကိုကတော့ ပြုံးရျ်သာ။တီချယ်နှင်းဟာလည်း ကျောင်းပိတ်တိုင်းဒီကိုလာလေ့ရှိပြီး ကိုကိုကလည်း တီချယ့်အိမ်အဝင်အထွက်လုပ်လေ့ရှိသည်။မြင့်မိုရ်ရဲ့စနောက်မှုကြောင့်ဖေဖေတို့ကလည်း သိသင့်သလောက်တော့ သိနေခဲ့ကြသည်။တီချယ်နှင်းကလည်းလာတိုင်း မြင့်မိုရ်အတွက် မေမေတို့ဆီ လမ်းဖော်ပေးလေ့ရှိသည်။တစ်ခါကဆို တီချယ်နှင်းကောင်းမှုဖြင့် တီချယ်နွေးဟာ မေမေနဲ့ vc ပြောဖြစ်ခဲ့သည်အထိပင်။အဲ့တုန်းကဆိုလူမှာရင်တုန်နေခဲ့တာ ပြန်တွေးရင်တောင် တုန်လှုပ်နေဆဲ။မေမေတို့ကိုလည်း ဒီနှစ်လအတွင်း မြင့်မိုရ်အကြောင်းကို သိအောင်တစ်မျိုး၊မသိအောင်တစ်မျိုးကြားညှပ်ကာပြောဖြစ်ခဲ့သည်။အခြေအနေတွေကတော့ မြင့်မိုရ်ဘက်ပါလေသည်။ဒါပေမဲ့ခက်တာက ခုချိန်ထိ မြင့်မိုရ်နဲ့တီချယ်ဟာ တရားဝင်မဟုတ်သေးတာတစ်ခုပါပဲ။မြင့်မိုရ်တို့ကြားမှာခုထိ စည်းတွေခြားနေဆဲ။

"ငယ်လေး ဘာတွေတွေးနေလို့ခေါ်နေတာမကြားရတာလဲ"ကိုကိုအခန်းတံခါးဖွင့်ကာဝင်လာတာကြောင့် မြင့်မိုရ်လည်းပြုံးလိုက်ရင်း
"ဒီလိုပါပဲ ကိုကိုရယ် ဟိုတွေးဒီတွေးပေါ့"
"ကျောင်းဖွင့်တော့မယ်ဆိုတော့ ပျော်နေတာမလား"
"ဟီး ဟုတ်ပါ့ နှစ်လတောင်ပိတ်ထားတော့"
"အရင်က နှစ်လနည်းတယ်ဆို"ကိုကိုပြော​တော့မြင့်မိုရ်ရယ်လိုက်မိသည်။အရင်ကဆို ကျောင်းဖွင့်ခါနီးတိုင်းပိတ်ရက်နည်းလိုက်တာဆိုပြီး တစ်တွတ်တွတ်ရွတ်ခဲ့တဲ့ကိုယ်က အခုတော့ များသတဲ့လေ။တကယ်ရယ်စရာပါပဲ။
"မတူတော့ဘူးလေကိုကိုရဲ့"ဟုဆိုတော့ ကိုကိုက အသံထွက်အောင်အားရပါးရရယ်လေသည်။ဒီလိုဆိုတော့လည်း မြင့်မိုရ်မှာပါးလေးရဲကာ ရှက်မိပြန်သည်။လူတစ်ယောက်ကိုချစ်မိတဲ့အခါ အဲ့လောက်ထိ ပြောင်းလဲလွယ်သတဲ့လား။မြင့်မိုရ်ကိုယ့်ဘာသာတွေးရင်းသဘောတကျပြုံးနေမိတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now