အပိုင်း (၇) (uni+Zawgyi)

10.7K 763 9
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၇)

"တီချယ်"
အခန်းဝကခေါ်သံကြောင့်နွေးလှမ်းကြည့်မိတော့ပေဖူးနဲ့သဇင်ပေ။အရင်သုံးယောက်တွဲကိုနှစ်ယောက်တည်းဆိုတော့ဘာများဖြစ်လို့လဲဆိုပြီးနွေးရင်ထဲထိတ်သွားမိသည်။
"လာလေ သမီးတို့ ဘာဖြစ်လို့လဲ"
"သမီးတီချယ့်ကိုရှင်းပြစရာလေးရှိလို့ပါ"
ပေဖူးမျက်လွှာလေးချကာမရဲတရဲပြောလိုက်မိသည်။
"ရှင်းပြစရာ!"နွေးနောက်ကနေသံယောင်လိုက်ရင်းဘာများလဲလို့တွေးတောနေမိသည်။
"ကဲ ပြောပါအုံးတီချယ့်ကိုဘာရှင်းပြမလို့လဲ"မေးရင်းနွေးစားလက်စထမင်းချိုင့်ကိုဆင့်ကာသိမ်းလိုက်သည်။ဌာနခန်းမှာဆိုပေမဲ့နွေးတစ်ယောက်ပဲရှိသည်။ကျန်တဲ့သူတွေကဘယ်သွားကြလဲနွေးလည်းမသိ။နွေးကအတန်းချိန်ရှိတာကြောင့်ထမင်းမစားဖြစ်လိုက်တာကြောင့်ကျောင်းဆင်းမှစားဖြစ်တာပင်။
"ဒီလိုပါတီချယ် ခုနကတီချယ့်အချိန်မှာတုန်းက စာအုပ်မပါတာက သမီးပါ။မြင့်မိုရ်ကသမီးအစားဝင်ခံပေးလိုက်တာပါ။သမီးကစာအုပ်မှားယူလာမိတာရယ်ပြီးတော့ menstruation ကကျောင်းကျမှဖြစ်ပြီး ထဘီတွေစွန်းနေလို့ပါ။"
"သြော် ဒီလိုကိုး တီချယ်ကထင်တော့ထင်တယ် ဒါပေမဲ့သမီးအတွက်လို့တော့မထင်လိုက်မိတာ ဘာလို့လဲဆို ဟိုနေ့ကသမီးတို့သုံးယောက်စာလုပ်နေတာတီချယ်မြင်ခဲ့တယ်လေ"
"ဟုတ်ပါတယ်တီချယ် အဲ့တာကြောင့်သမီးလာပြောပြပေးတာပါ တီချယ်မြင့်မိုရ်ကိုအထင်လွဲပြီးစိတ်ဆိုးနေမှာစိုးလို့ပါ"
"အင်းပါ တီချယ်သဘောပေါက်ပါပြီ အခုရောမြင့်မိုရ်ကဘယ်မှာလဲ"
"အခန်းထဲမှာတီချယ် "
"သြော် အင်းပါ "
"သမီးတို့ကိုသွားခွင့်ပြုပါအုံးတီချယ်"
"အင်းအင်း အဆောင်ကျမှတွေ့ကြမယ်"
"ဟုတ်ကဲ့တီချယ်"ပြောကာ ထွက်သွားတဲ့ပေဖူးတို့ကိုကြည့်ရင်းနွေးစိတ်ထဲသက်သာရာရသွားမိသလိုပင်။ဒါပေမဲ့စိတ်ခုနေတာတစ်ခုကတော့အနွေးထည်ကိစ္စပင်။
"အာ ငါလည်းရူးနေပါပြီ သူ့ဘာသူအနွေးထည်ဝတ်တာဘာဖြစ်လဲ သူ့ကောင်လေးအနွေးထည်သူဝတ်တာပဲကို ဘာလို့အတွေးတွေများနေရတာလဲ တကယ်ပါပဲ"နွေးကိုယ့်ကိုယ်ကိုယ်ပြောကာ ဖုန်းယူပြီးfacebook ခဏသုံးနေမိတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now