အပိုင်း (၆) (Uni+Zawgyi)

12.3K 817 36
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၆)

မြင့်မိုရ်ကော်ရစ်တာမှာစာရေးရင်း စာရေးခုံပေါ်မှောက်အိပ်နေမိသည်။အခန်းရှေ့မှာတော့မဟုတ် ဘေးဘက်မှာပင်။မြင့်မိုရ်တို့ရှေ့ဘက်ခြမ်းကခုနှစ်ခန်းရှိပြီးမြင့်မိုရ်တို့ကတော့အလယ်ခန်းပင်။အခန်း၇ဘေးမှာ လူသွားလမ်းပင်။ဒီဘက်ကအခန်းမထားတာမလို့တစ်ချို့တစ်လေစာလာကျက်ကြသည်။အခန်းထဲကပူတာကြောင့်မြင့်မိုရ်စာလာရေးရင်းအိပ်ပျော်သွားခြင်းပင်။မျက်နှာပေါ်ကျနေတဲ့ဆံစတွေကိုတစ်ယောက် ယောက် ကသပ်ပေးလိုက်သလိုထင်မိတာကြောင့်မျက်ဝန်းတွေကိုအားယူကာဖွင့်လိုက်တော့ပြုံးပြနေတဲ့အမျိုးသမီးတစ်ယောက်။မြင့်မိုရ်ချက်ချင်းမျက်ဝန်းတွေကိုပိတ်ချလိုက်သည်။

"ဒီအမျိုးသမီးကိုဒီလောက်တောင်စွဲလမ်းရသလား၊မျက်ဝန်းတွေဖွင့်လိုက်တိုင်းမြင်မိရအောင်ထိမစွဲလမ်းသင့်ဘူးမလား "ပြန်အိပ်ဖို့လုပ်ပေမဲ့ မျက်နှာပေါ်လေနဲ့မှုတ်ခံလိုက်ရတာကြောင့်မြင့်မိုရ်မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

"တီချယ်"မြင့်မိုရ်အိမ်မက်လို့ထင်ခဲ့ပေမဲ့တကယ်ဖြစ်နေတာကြောင့်အံ့သြသွားမိသည်။ကိုယ့်ဆံစတွေကိုလက်လေးနဲ့သပ်တင်ရင်းကိုယ့်မျက်နှာကိုလေနဲ့မှုတ်ပေးနေတာက အိမ်မက်မဟုတ်ခဲ့ချေ။

"နိုးသွားပြီလား အိပ်ချင်တာဘာလို့အခန်းထဲမအိပ်လည်း"နွေးဒဏ်ရာသက်သာလားလို့တွေးမိတာကြောင့်လာကြည့်တော့အခန်းဖော်ကကော်ရစ်တာစာသွားရေးကြောင်းပြောတာနဲ့လိုက်လာခဲ့မိသည်။ဒီရောက်တော့ ကလေးမကစာမရေးဘဲအိပ်နေတာကြောင့်မျက်နှာပေါ်ကျနေတဲ့ဆံစတွေကိုလက်နဲ့ဖယ်ရင်း နေရောင်ခြည်ကျတာကြောင့်ချွေးစို့နေတဲ့မျက်နှာလေးကိုလေနဲ့မှုတ်လိုက်ချိန်နိုးလာတာကြောင့် စကားစလိုက်မိသည်။

"စာရေးရင်းအိပ်ပျော်သွားတာမလို့ပါ"
"ဒဏ်ရာကရောသက်သာလား ဆေးရောသောက်ထားရဲ့လား"
"ဟုတ် သက်သာပါတယ် ဆေးလည်းသောက်ထားပါတယ်"
"အင်း စာဆက်မရေးတော့ဘူးဆိုရင်အခန်းထဲသွားအိပ်တော့ အေးတယ်လေ အောက်ကအခင်းမပါဘဲ"
"ဟုတ် အခန်းထဲပြန်လိုက်မယ်"
နွေးပြောချင်တာပြောပြီးပြီမလို့ပြန်ဖို့ထရပ်လိုက်မိသည်။
"တီချယ်"မြင့်မိုရ်ခေါ်ပြီးကာမှပြောသင့်မပြောသင့်စဥ်းစားနေမိသည်။
"ပြောလေမြင့်မိုရ်"
"ဘာလို့ ဂရုစိုက်ပေးရတာလဲ"
ကိုယ့်ကိုယ်ကိုယ်ဝန်ခံပြီးသားမလို့သူမစိတ်ကိုနည်းနည်းလောက်တော့မြင့်မိုရ်သိချင်မိသည်။သူ့အပေါ်ဘယ်လိုသဘောထားရှိကြောင်းသိထားသင့်တယ်မလား။စကားသံကခဏမျှတော့တိတ်ဆိတ်သွားခဲ့သည်။နှစ်ယောက်လုံးအတွေးကိုယ်စီတွေးနေမိကြသည်။
"အင်း ဘာလို့လဲဆိုရင် ဒီဒဏ်ရာကတီချယ့်ကြောင့်ရတာမလား ပြီးတော့ မြင့်မိုရ်ကို တီချယ့်ညီမလေးတစ်ယောက်လို ချစ်လို့"စကားအဆုံးမှာတော့ မြင့်မိုရ်ဝမ်းနည်းမိသွားသည်။
*ညီမလေးတစ်ယောက်လိုတဲ့လား အင်း ဟုတ်တာပေါ့ ညီမလေးပေါ့...ညီမလေးလိုချစ်လို့တဲ့*

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Où les histoires vivent. Découvrez maintenant