အပိုင်း (၂၃) (Uni+Zawgyi)

12.9K 872 21
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၃)

ဘာလိုလိုနဲ့မြင့်မိုရ်အိမ်ပြန်ရောက်သည်မှာ တစ်ပတ်ပင်ကျော်လေပြီ။တီချယ်နဲ့တော့ ပိတ်ရက်ဆို VC ခေါ်ပြီးစကားပြောဖြစ်ကြသည်။ကျောင်းဖွင့်ရက်တွေမှာတော့ messengerမှာစာသာပို့ဖြစ်ကြသည်။
"သမီးရေ.."အောက်ထပ်မှမေမေ့ခေါ်သံကြားတာကြောင့် မြင့်မိုရ်လည်းအပြေးဆင်းလာလိုက်မိသည်။
"မေမေ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး ခိုင်းစရာလေးရှိလို့ မုန့်သွားဝယ်ခိုင်းမလို့"
"ဘာမုန့်လဲမေမေရဲ့ "
"ကိတ်ကောင်းကောင်းလေးနဲ့အချိုရည်ဘာညာပေါ့ သမီးကြည့်ဝယ်ခဲ့ ခဏနေကျဧည့်သည်လာမှာမလို့လေ"
"ဟင် ဧည့်သည် ဘယ်သူလဲမေမေ သမီးတောင်မသိဘူး"
"သမီးဖေဖေရဲ့သူငယ်ချင်းမိသားစုပါ ဒီနေ့ ထမင်းစားဖိတ်ထားလို့လေ ပြီးတော့ ညနေကျ နှင်း လည်းလာမှာ သူကြိုက်တတ်တဲ့ဟာလေးတွေဝယ်လာခဲ့"
"ဟုတ်"ဟုဆိုရင်း မြင့်မိုရ်လည်းထွက်လာလိုက်မိသည်။
"မတော်ရသေးတဲ့ချွေးမလောင်းကို အချစ်ပိုနေတယ် ဟွန့်"

မြင့်မိုရ် ဆိုင်ကယ်ဖြင့် မြို့ထဲသို့မုန့်သွားဝယ်ပြီးပြန်လာတော့ ဖေဖေ့ဧည့်သည်တွေမှာရောက်နေလေပြီ။မေမေ့ကိုကူစရာရှိတာတွေဝိုင်းကူပေးပြီး ထမင်းဝိုင်းပြင်ပေးလိုက်သည်။ဖေဖေတို့ကတော့ စကားတစ်ပြောပြောဖြင့်သာ။မြင့်မိုရ်မှာတော့ ပျင်းရျ်နေတော့သည်။ထိုအချိန်ပေဖူးရောက်လာတာကြောင့် စိတ်ထဲကြိတ်ပျော်သွားလေသည်။
"ပေဖူး လာလေ နင်လည်းခုမှပဲ လာတော့တယ်"
"ငါလည်းအနားယူရတာပေါ့ ဟဲ့"
"မေမေ သမီးတို့အပေါ်တက်အုံးမယ်နော် အန်တီတို့ ဦးတို့လည်းမြင့်မိုရ်ကိုခွင့်ပြုပါအုံးရှင့်"
"ရတယ် ရတယ် သမီး သွား သူငယ်ချင်းနဲ့နေ"ဟုဆိုတာကြောင့် မြင့်မိုရ်တို့လည်းအပေါ်ထပ်အခန်းဆီတက်လာလိုက်မိကြသည်။
"မြင့်မိုရ် သူတို့ကဘယ်သူတွေလဲ"
"ဖေဖေ့ သူငယ်ချင်းတွေလို့ပြောတယ် နင်လာလို့တော်သေး ငါ့မှာပျင်းနေတာ"မြင့်မိုရ်စကားကြားတော့ ပေဖူးမှာရယ်လေသည်။
"ဒါနဲ့ သင်္ကြန်ကျ နင်ဘယ်သွားမလဲ အရင်လိုပဲလား"
"အင်း ငါလည်းမသိသေးဘူး ဒီနှစ်တော့ မေမေကတော့ ရွာဘက်အလည်သွားမယ်ပြောတယ် အခုကျသူလည်းအလုပ်ရှုပ်နေတော့ ဒီနေ့ပဲ April 8 ရက်ဖြစ်နေပြီ နောက်ငါးရက်ဆို ရောက်ပြီလေ"
မြင့်မိုရ်ကသင်္ကြန်မှာရေမဆော့တာကြာပေပြီ။သင်္ကြန်ရက်ဆို ရွာဘက်ကိုအလည်သွားတတ်ကြသည်။မေမေ့ရဲအမေ၊မြင့်မိုရ်ရဲ့အဘွားရှိရာ ရွာကလေးပေါ့။သင်္ကြန်မှာသွားရောက်ပြီးလူကြီးတွေကန်တော့ရင်း အဲ့မှာပဲနေဖြစ်ကြသည်။ဒီနှစ်တော့ဘယ်လိုလာမလဲမသိသေးပေ။
"အန်တီတို့မသွားလည်း ငါတို့တွေသွားကြမယ်လေ"
"ဟင်ငါတို့ပဲဘယ်သူကလွှတ်မှာလဲ ပြီးတော့ အဘွားဆီတော့ငါတို့ကြီးပဲသွားလို့မပြေပါဘူးဟယ်"
"အဲ့တာဆို ရွာမသွားဘူးလေ..နင့်ဦးလေးတွေရှိတဲ့မြို့ကိုသွားကြမယ်"
"အေးအဲ့တာလည်းဟုတ်တာပဲ ဒါပေမဲ့တော်ကြာ အဘွားကဦးလေးတွေဆီရောက်ပြီးသူ့ဆီမရောက်လို့ပြောရင်ဘယ်လိုလုပ်မလဲ သူနဲ့ဦးတို့နဲ့က မြစ်ပဲခြားတာလေ"
"အဲ့တော့လည်း အဆင်ပြေသလိုပေါ့ဟ ဒါနဲ့ငါတို့သွားရင် တီချယ့်ကိုပါခေါ်သွားလို့ရတယ်သိလား"
"တီချယ်နွေးလား..သူနားပါစေဟယ် ဒီရက်လေးပဲသူ့ခမျာ နားရတာကို"
"အင်း ဒါလည်း ဟုတ်တာပဲ"
နှစ်ယောက်သား သင်္ကြန် အကြောင်းတိုင်ပင်ကြတာနဲ့အချိန်ကုန်သွားတော့သည်။နောက်ဆုံးမှာတော့ မေမေတို့ကိုပြောတော့ သွားချင်ရင်သွားဆိုတာကြောင့် သွားဖို့ဖြစ်လာတော့သည်။
"သဇင့်ဆီ နင်ဖုန်းဆက်လိုက် သင်္ကြန်လေးရက်လုံးတော့ မနေဘူးလို့ပြောအုံး တော်ကြာ လေးရက်လုံးနေမယ်မှတ်ပြီးငြင်းနေအုံးမယ်"
"အင်း..ငါဆက်လိုက်မယ် ဒါနဲ့နင်တီချယ့်ကိုမေးကြည့်ပါအုံး လိုက်မလားလို့"ပေဖူးကပြောတာကြောင့်မြင့်မိုရ်လည်းခေါင်းငြိမ့်ပြလိုက်မိသည်။တကယ်တမ်းတော့ တီချယ့်ကိုလိုက်စေချင်ပါတယ်။ဒါပေမဲ့တီချယ်ပင်ပန်းမှာလည်းစိုးမိသည်။ကျောင်းကပိတ်ရက်ရှားပါးလှသည်။အခုလိုရက်ရှည်မျိုးမှသာနားရတာပင်။စနေ၊တနင်္ဂနွေပိတ်ရက်တွေကျ အဆောင်သူတွေရှိတာကြောင့် အဆောင်မှူးတွေက အိမ်မပြန်ရတာများလှသည်။အခုလိုပိတ်ရက်ရှည်မှသာ ပြန်ကြရသည်။ဒါတောင်တစ်ခါတစ်လေ မပြန်ရတာတွေရှိတတ်လေသည်။
---
"သမီး ရေချိုးပြီးပြီလား"
"ဟုတ်ကဲ့ချိုးပြီးပြီမေမေ ဒါနဲ့ဖေဖေနဲ့ကိုကိုရော"
"သမီးဖေဖေကတော့ အလုပ်ကပြန်မလာသေးဘူး ကိုကိုကတော့ အိမ်ရှေ့မှာရှိပါ့"မေမေ့အပြောကြောင့်မြင့်မိုရ်လည်းအိမ်ရှေ့ထွက်လာလိုက်မိသည်။အိမ်ရှေ့တွင်ပန်းပင်များအားရေလောင်းနေသည့်ကိုကို့အားတွေ့လိုက်ရတာကြောင့် ခပ်လှမ်းလှမ်းဒန်းပေါ်တွင်ထိုင်ရင်း ကိုကို့ကိုလှမ်းစမိလေသည်။
"ဘာလဲ..ဒါက သတို့သမီးလောင်းလေးလာမှာမလို့အလုပ်လုပ်ကြောင်းပြတာလား"မြင့်မိုရ်အသံကြားတော့ ကိုကိုမှပိုက်အားချပြီး ရေဘားပိတ်ကာ မြင့်မိုရ်ဆီလျှောက်လာလေသည်။
"တိုးတိုးပြောပါ ငယ်လေးကလည်း မေမေကြားအုံးမယ်"
"ကြားပါစေပေါ့ နားဖောက်ပြီးသားဖြစ်တာပေါ့ကိုကိုကလည်း"ဆိုတော့ ကိုကိုမှာရှက်နေလေသည်။မြင့်မိုရ်လည်းကိုကို့အားကြည့်ကာရယ်ရင်း ကားဟွန်းတီးသံကြားတာကြောင့် တီချယ်နှင်းလာပြီမှန်းသိလိုက်လေသည်။
"ဟဲဟဲ ပြောရင်းဆိုရင်း ယောင်းမလေးကရောက်လာပြီပဲ"ဟုဆိုကာ ကားလေးရပ်သည့်နားလျှောက်သွားလိုက်မိသည်။
"တီချယ် လာ ကိုကိုကစောင့်နေတာ"ဆိုတော့ တီချယ့်မျက်နှာမှာရဲသွားလေသည်။ကိုကိုက မြင့်မိုရ်အားဆွဲကာ ပါးစပ်အား သူ့လက်ဖြင့်ပိတ်ကာ တီချယ့်ရှေ့ ရှက်ကိုးရှက်ကန်းဖြစ်နေလေသည်။
"နှင်းရောက်ပြီလား အိမ်ထဲလာလေ ဟိုမောင်နှမနှစ်ယောက်ကဧည့်သည်ကိုအိမ်ထဲမခေါ်ဘဲ ဘာတွေလုပ်နေကြတာလဲ"မေမေ့အသံကြားတော့ တီချယ်က မြင့်မိုရ်တို့ရှေ့မှခပ်သွက်သွက်လျှောက်ကာ မေမေ့ဆီသွားလေသည်။မြင့်မိုရ်နဲ့ကိုကိုလည်းနောက်မှလိုက်လာရင်း တစ်ယောက်နဲ့တစ်ယောက် တစ်တောင်ဖြင့်တွတ်နေမိကြသည်။
"ကဲ သြော် ဒီနှစ်ယောက်နှယ်ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်ကိုမနေဘူး"
"မေမေကလည်း သမီးတို့ပဲ ကြည့်ပြီးလိုက်ပြောနေတယ်"မြင့်မိုရ်နှုတ်ခမ်းလေးစူကာပြောတော့ မေမေတို့မှာရယ်လေသည်။
"နှင်း မုန့်စားနော် အန်တီထမင်းဝိုင်းသွားပြင်အုံးမယ်"
"ရပါတယ် အန်တီဖြူရဲ့ နှင်းကဧည့်သည်မှမဟုတ်တာ"
မေမေမှပြုံးကာ ထမင်းစားခန်းအားထွက်သွားလေသည်။
"ဧည့်သည်မှမဟုတ်တာ နောက်ဆို ဒီအိမ်သားဖြစ်မှာ..နော် ယောင်းမလေးရယ်"
"အဟွတ်...အဟွတ်"မြင့်မိုရ်စကားကြားတော့ အအေးသောက်နေသည့် တီချယ်နှင်းမှာ သီးလေတော့သည်။
"အမလေး ဖြည်းဖြည်း ဖြည်းဖြည်း ယောင်းမလေး"ဟုခေါ်ရင်း ကျောလေးအား ပွတ်ပေးလေသည်။
"ကလေးငယ်ကကွာ အဲ့လိုကြီးမစပါနဲ့ဆို"
တီချယ့်စကားအဆုံး ကိုကို့ လက်သီးမှာမြင်မိုရ်ခေါင်းပေါ် ခပ်ဖွဖွရောက်လာလေသည်။
"ငယ်လေးက မဆိုးနဲ့နော်"
"အမလေး သူ့သတို့သမီးလောင်းကိုထိတော့ သူများကိုထုရက်တယ်"
ပြောလေကဲလေ ဖြစ်နေသည့်မြင့်မိုရ်ကြောင့် နှင်းတို့လည်း ရှက်ရျ်သာနေပြီးဘာမှမပြောကြတော့။
"စတာ စတာ မပြောတော့ဘူး နော်ယောင်းမလေး"
"ကလေးငယ်!"
"ဟီး ဟီး မှားလို့ တီချယ် တီချယ်"
"ဒီမှာ မုန့်စား သမီးကိုယ်တိုင်ဝယ်ထားတာ"
"ရှင်က မုန့်တွေစွတ်ကျွေးပြီး ထမင်းမစားနိုင်အောင်လုပ်တာလား"
"အား မဟုတ်တာ "သုံးယောက်သား စကြနောက်ကြဖြင့် ပွဲကျနေတော့သေည်။ခဏအကြာမေမေမှ ထမင်းစားရန်ခေါ်တာကြောင့် ထွက်လာလိုက်မိကြသည်။ဖေဖေကတီချယ်နှင်းနဲ့ရှေ့ဆင့်နောက်ဆင့်ရောက်လာတာကြောင့် ဒီတစ်ခါထမင်းဝိုင်းက လူစုံနေတော့သည်။
"မေမေတို့ဖေဖေတို့ ကိုကို့ကို မိန်းမမပေးစားကြသေးဘူးလား"ရုတ်တရက်ထပြောလိုက်တဲ့မြင့်မိုရ်ကြောင့် တီချယ်နဲ့ကိုကိုမှာ လက်ထဲမှဇွန်းပင်ပြုတ်ကျသွားလေသည်။
"သမီးက သမီးကိုကိုအတွက် သတို့သမီးတွေ့ထားလို့လား"ဖေဖေမှ အရှေ့မှ ကြက်သားဟင်းအားခပ်ထည့်ရင်း မေးလိုက်သည်။မေမေကလည်းပြုံးရျ်သာ။
"တွေ့ထားတယ် ကိုကိုနဲ့အဆင်ပြေမဲ့သူလေ အခု​တောင်ထမင်းဝိုင်းရောက်နေပြီ"
"အဟွတ်....အဟွတ်..."
"ဟယ် ဒီကောင်မလေးဘာတွေလျှောက်ပြော နှင်းရရဲ့လား ရေယူပေးလိုက်ပါအုံး"ဟုဆိုရင်း မေမေမှာမတော်ရသေးသည့်ချွေးမလေးအတွက်ပျာယာခတ်နေတော့သည်။ကိုကိုမှာတော့ မြင့်မိုရ်ကိုပြူးကြည့်လျှက်ဘာမှမဆို။ဖေဖေကတော့ ရယ်သာနေလေသည်။
"ရ...ရပြီ..အန်တီဖြူ"
"ပန်းမြင့်မိုရ် ဘာတွေလျှောက်ပြောနေတာလဲ နောက်နှင်းကအိမ်မလာဖြစ်နေအုံးမယ်"
"မေမေကလည်း..."ဟုဆိုရင်းစိတ်ထဲမှာတော့ "သမီးပြောတာအမှန်ပဲကို" ဟုပြောမိတော့သည်။
"ထားလိုက်ပါအန်တီဖြူ ကလေးငယ်က နောက်တာပါ"
အကုန်လုံးစားသောက်ပြီးတော့ ထမင်းဝိုင်းမှထွက်သွားကြလေသည်။မြင့်မိုရ်နဲ့တီချယ်နှင်းသာကျန်ခဲ့သည်။
"အား...နာ..နာတယ်..တီချယ်..နာတယ်"တီချယ်နှင်းမှာ မြင့်မိုရ်ဗိုက်ခေါက်အားလိမ်ဆွဲလိုက်တာကြောင့် မြင့်မိုရ်အော်နေခြင်းသာ။
"ဟွန့် အဲ့တာ သူများကို သီးအောင်လုပ်ချင်အုံး"ဟုဆိုကာ မျက်စောင်းထိုးလေတော့သည်။
"နောက်လည်း လုပ်အုံးမှာသိလား....ယောင်းမလေး"မြင့်မိုရ်စကားအဆုံး ကျောပြင်ပေါ်သို့ နှင်းလက်သီးဆုပ်ဖွဖွလေးဟာ အဆက်မပြတ်ကျလာတော့သည်။
"အာ..ဖြည်းဖြည်းလေ..ယောင်းမလေးကလည်း"
"ကဲ ရှင်နော်ပြောလေ ကဲလေ ရှင့်ကိုနိုင်တဲ့သူနဲ့သွားတိုင်အုံးမှာ ကြည့်နေ"ဟုဆိုကာ နှုတ်ခမ်းလေးစူပြီးအိမ်ရှေ့ထွက်သွားလေသည်။မြင့်မိုရ်လည်းမနာသည့်ဗိုက်ခေါက်လေးအားပွတ်ရင်း တီချယ်နှင်းပြောသည့် နိုင်တဲ့သူ ဆိုတာကိုတွေးနေမိရင်းမှ တီချယ်နွေးအား သတိသွားရတော့သည်။
"ဟ..သေပြီ..တီချယ်နွေးကိုသွားတိုင်မှာပေါ့"ဟုဆိုရင်းထမင်းခန်းမှအပြေးထွက်လာ​တော့သည်။
"ဟဲ့ကောင်မလေး ဖြေးဖြေး ချော်လဲအုံးမယ်"
"သိပါတယ် မေမေကလည်း၊မြင့်မိုရ် မလဲပါဘူး"ဟုပြောရင်း တီချယ်နှင်းထိုင်နေရာ ခုံဘေးတွင်ဝင်ထိုင်လိုက်မိသည်။
"နှင်းရေ အဲ့ကောင်မလေးကိုအလိုမလိုက်နဲ့ သူ့ကိုနိုင်အောင်ထိန်း"
"နှင်းကတော့ သူ့ကိုတကယ်မနိုင်တော့တာ အန်တီဖြူရေ ဒါပေမဲ့နိုင်မဲ့သူတော့ရှိတယ်"ဟုဆိုကာ မြင့်မိုရ်ဘက်လှည့်လိုက်တာကြောင့် မြင့်မိုရ်မှာရင်ခုန်သွားရတော့သည်။
"ဟုတ်လား သူ့ကိုနိုင်မဲ့သူရှိပြီလား ဘယ်သူလဲပြောပါအုံးအိမ်ခေါ်ထားရအောင်"မေမေကပြုံးကာမေးတော့ တီချယ်မှ မြင့်မိုရ်အားပြောလိုက်ရမလားဆိုသည့်အကြည့်တို့ဖြင့်ကြည့်တာကြောင့် မြင့်မိုရ်လည်းခေါင်းခါပြလိုက်မိသည်။
"သူ့ကိုနိုင်မဲ့သူကလေ...."
"သူ့တီချယ်တစ်ယောက်ပါ"ဟုဆိုလိုက်ကာမှ မြင့်မိုရ်မှာ ရင်ထဲကအလုံးကြီးကျသွားတော့သည်။တီချယ်ကတော့ မြင့်မိုရ်ကိုမျက်စေ့တစ်ဖက်မှိတ်ကာပြောင်ပြလေသည်။
"အဲ့တာဆို မြင့်မိုရ်ကိုနိုင်အောင်ထိန်းဖို့ပြောလိုက်ပါအုံး မနိုင်ရင် ရိုက်လို့"
"ဟာ မေမေကလည်း သမီးက ကလေးမှမဟုတ်တာ ရိုက်ရအောင်"မြင့်မိုရ်ဒီလိုဆိုတော့ အကုန်လုံးကရယ်ကြလေတော့သည်။အချိန်ကတဖြည်းဖြည်းဖြင့်ပြောင်းကာ ညရှစ်နာရီပင်ထိုးလုလေပြီ။
"ရှစ်နာရီတောင်ထိုးတော့မယ် နှင်းပြန်အုံးမယ်နော်"
"အေးအေး နှင်းရေ နောက်လည်းပြန်ရင်လာခဲ့နော် မြင့်မိုရ်ရေ သမီးတို့မောင်နှမနှင်းကိုလိုက်ပို့ပေးပါအုံး"
မေမေမှ မတော်ရသေးသည့်ချွေးမလေးအား စိတ်မချစွာအကဲပိုနေတာကြောင့်မြင့်မိုရ်နှုတ်ခမ်းစူပြလိုက်မိသည်။မြင့်မိုရ်ကတီချယ့်ကားနဲ့လိုက်ပြီး ကိုကိုမှာ နောက်မှကားမောင်းကာလိုက်လာလေသည်။
"ကလေးမ..ရှင်ဒီနေ့သိပ်ကဲနေတယ် နွေးကိုတိုင်ရမယ်"
"အာ တီချယ်ကလည်း..မတိုင်ပါနဲ့"
"ဟွန့် ဒါကျကြောက်တတ်တယ်"ကားလေးဟာအရှိန်ဖြင့်လမ်းမပေါ်သွားနေပြီးခဏအကြာ တီချယ်နှင်းအိမ်ရှေ့ရောက်လာလေသည်။
"တီချယ်မြင့်မိုရ်အထဲမလိုက်တော့ဘူး အန်တီတို့ကအိပ်နေလောက်ပြီ မြင့်မိုရ်ကြောင့်ရှုပ်နေပါအုံးမယ်"
"ရှင်လေးသဘောပါ အန်တီတို့ရှုပ်နေမှာထက် ရှင့်လူလေးဆီ ဖုန်းဆက်ဖို့နောက်ကျနေလို့မလား"
"ဟီး ဟီး"
"သိပါ့သိပါ့ ကျွန်တော်မျိုးမကိုလည်းမစိမ်းကားပါနဲ့အုံး သူ့လူရှိပြီဆိုတိုင်း"
"အာတီချယ်ကလည်း ဒါကတစ်ကန့်စီ တီချယ်ကလည်းသမီးရဲ့အချစ်ရဆုံးပါပဲလေ"ဟုဆိုရင်း နှင်းအားဖက်လိုက်လေသည်။
"ဟုတ်ပါပြီရှင့် သွားတော့ ကိုလွင်စောင့်နေပြီ"
"ဟုတ်"ဟုဆိုကာ ကားတံခါးဖွင့်ဆင်းပြီးသွားဟန်ပြင်ပြီးမှ တစ်ခါကားတံခါးပြန်ဖွင့်လိုက်ကာ
"တီချယ် ကိုကို့ကို နှစ်ယောက်တည်းဆိုဘယ်လိုခေါ်လဲ"
"ကဲ ဒီကလေးနဲ့တော့"ဟုဆိုရင်း အနားရှိ တစ်ရှူးဘူးလေးဖြင့်ပေါက်လိုက်တော့ ရှောင်ပြီးပြောင်ပြကာထွက်သွားလေသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now