Extra 3

5.4K 324 20
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
Extra 3

"ဟော! မူကြိုကလေးလေး ပြန်လာပြီ၊ တီတီ့ဆီလာပါအုံး၊ တီတီ့တူမလေးက ချစ်ဖို့ကောင်းလိုက်တာ"

"ဝသုန်နဲ့တူတာကို မမကြီးရဲ့၊ချစ်ဖို့ကောင်းမှာပေါ့"

"ဟယ်၊နေစမ်းပါ မဟုတ်တရုတ်တွေလာမပြောနဲ့။နင်နဲ့တူတာမဟုတ်ဘူး"

"မမကြီးနော်၊ သူများကဒီလောက်ချစ်စရာကောင်းတာကို"

"တီတီမေးမယ်၊နှောင်းကလေးက ဘယ်သူနဲ့တူတာလဲ"

"မေမေနဲ့တူတာ"

"တွေ့လား၊ မေမေနဲ့တူတာတဲ့"

"နွေနှောင်းနီနီ!..၊ရတယ် မုန့်လာဝယ်မကျွေးခိုင်းနဲ့"

နှုတ်ခမ်းစူကာ အိမ်ထဲသို့ဝင်သွားသည့်ဝသုန့်အားကြည့်ကာ မြင့်မိုရ်ရယ်မိလိုက်သည်။

"ခိခိ၊မာမီ စိတ်ဆိုးသွားပြီ တီတီ"

တူမဖြစ်သူအား ချီပိုးနမ်းရှိုက်နေသည့် သမီးငယ်အား ကြည့်ကာ နွေးသက်ပြင်းကလေးချမိလိုက်သည်။

"သက်ပြင်းတွေချလှချည်လား နွေးရဲ့၊ဘာဖြစ်လို့လဲ"

"ဝသုန်နဲ့အစ်မကကံကောင်းလိုက်တာ"

"ဘာလို့လဲ"

"ဝသုန်နဲ့အစ်မက မိခင်ဖြစ်ခွင့်ရကြတယ်လေ။သမီးငယ်ကိုသနားလိုက်တာ၊ကြည့်ပါအုံး သူ့တူမလေးကို ချစ်နေလိုက်တာ။သူက ကလေးသိပ်ချစ်တာအစ်မရဲ့"

"သြော်၊ဘာများလဲလို့နွေးရယ်။နွေးလည်း မြင့်မိုရ်အတွက် ကလေးတစ်ယောက်မွေးပေးလို့ရတာပဲ။အစ်မနဲ့နွေးနဲ့ကအတူတူပဲလေ။အစ်မက အသက်အရွယ်ကြောင့် အလောတကြီး ကလေးယူခဲ့တာ။နွေးက ငယ်သေးတယ်လေ၊အခုယူလည်းရပါတယ်"

"နွေး အဆင်မပြေမှာစိုးတာ အစ်မရယ်"

"မဟုတ်တာပဲနွေးရယ်၊အဆင်ပြေမှာပါ။နွေးတို့သေချာတဲ့အချိန်ကျပြောလေ၊အစ်မတို့လည်းကူပေးမှာပေါ့။ဒီကိစ္စနဲ့တော့ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့ကွယ်"

"ဟုတ်အစ်မ၊နွေးအဆင်​ပြေအောင်ကြိုးစားပါ့မယ်။"

"ဟုတ်ပြီ၊ဟုတ်ပြီ။အစ်မတို့လည်းရှိတာမလို့ တစ်ခြားတွေတွေးမနေနဲ့။နေတောင်စောင်းလာပြီ။ဘုရားသွားမှာဆိုတော့ ရေချိုးတော့"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now