Description (Zawgyi)

23.7K 397 6
                                    

Seme - Qin Ke
Shou- Song Yunran
After Rebirth, I Decided To Inherit the Family Property
ပြန်လည်မွေးဖွားလာပြီးနောက်
မိသားစုစီးပွားရေးကို ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်

အနုပညာလောကတွင် ပွဲဦးထွက် အချိန်မှ စ၍ Song Yunran နှင့် Qin Ke တို့နှစ်ဦးမှာ ရန်သူများဟုပင်ခေါ်ဆိုနိုင်လေသော ပြိုင်ဘက်များ ဖြစ်ကြလေသည်
တစ်ဦးနဲ့တစ်ဦး ကြည့်မရသကဲ့သို့ လူမသိ သူမသိပင် နှစ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြလေသည်
ထိုရန်ပွဲများစွာတို့သည် Song Yunran အိမ်မက်မက်ရာမှ နိုးလာချိန်မှစ၍-----

အိမ်မက် - ဟင် Song Yunran ဆိုတဲ့ ငါက ဝတ္ထုထဲက အရန်ဇာတ်ကောင်လေး ဆိုပါလား
အရိုးကြေကြေအရေခန်းခန်း ကြိုးကြိုးစားစား အလုပ်လုပ်သော်ငြား ဇာတ်လိုက် ဖြစ်သူ Qin Ke လက်အောက် မှာ စိတ်ပျက်စရာဇာတ်ကြောင်းနဲ့
အဆုံးသတ်ရတဲ့ လူမလေးခွေးမခန့် ဖြတ်လျောက်သာသာလေးဘဲ

ဟားဟားဟား ဒါပေမဲ့ မိုးကောင်းကင်က ငါ့ကို ကောင်းချီးပေးစောင်မခဲ့လို့ အိပ်မက်ကနိုးတဲ့လာတဲ့အချိန်က ပျက်စီးမဲ့ နေ့ရက်တွေမရောက်သေးတဲ့ အချိန်မလွန်ခင်ဘဲ
ဘူးထွားထွားထွား ငါလေး အချိန်ကောင်းမှာ ပြန်လည်ရှင်သန်လာခဲ့ပြီ

အတိတ်အချိန်များထဲမှ အချိန်တစ်ခုတွင် ပြန်ရောက်လာလေသူ Song Yunran တစ်ယောက် မိသားစုပိုင် အဆင့်အတန်းမြင့် ဇိမ်ခံ ဗီလာကြီးအား လှည့်ပတ်ကြည့်နေလေသည်
သူပိုင်ဆိုင်ထားသော ဥစ္စာဓနများအား တွက်ချက်နေစဉ် ရုတ်တရက် သတိထားလိုက်မိသည်မှာ
သူ့မိသားစု ပိုင်ဆိုင်မှု တစ်ခု ဖြစ်လေသော
" Entertainment Circle"
ပြန်လည် ရှင်သန်လာပြီးနောက် မိသားစု အမွေအားဆက်ခံ၍ လေ မိုး စသည့် အရာများကိုပါ လွမ်းမိုးကာ စေခိုင်းနိုင်စွမ်းရှိလေသည့် ဥက္ကဌ အဖြစ် နေရာယူလေတော့သည်
ဟားဟား မိုးကောင်းကင်သားတော် ဇာတ်လိုက် Qin Ke လေး ဒီ Daddy က မင်းကို ပိုက်ဆံတွေနဲ့ မျှားပြီး အရှက်ခွဲ ပစ်မယ်ကွ
Qin Ke Qin Ke မင်း ငါ့ပိုင်ဆိုင်မှု့တွေရှေ့ ဒူးထောက်ကြပြီး ငါ့ကို Daddy လို့ခေါ်လာအောင် ခိုင်းပစ်မယ်ကွ

ထို့နောက်-
Qin Ke တစ်ယောက် ဇာတ်ညွှန်းတစ်ခု လက်ခံလိုက်ပြီတဲ့
Song Yunran တစ်ယောက် ပိုက်ဆံအိတ်ထဲ ပိုက်ဆံအပြည့်ထည့်၍ ထိုဇာတ်လမ်းတွင် လာရောက် ရင်းနှီးမြှုပ်နှံလေပြီ
ထို့နောက် Qin Ke လေး ဒီဇာတ်လမ်း ရိုက်ချင်တယ်ဟုတ်
ငါ့ကိုသာ Daddy ခေါ်လိုက်
Qin Ke ဆီမှ ပြန်ရလိုက်သည်မှာ အေးစက်စက်အကြည့်တစ်ချက်နှင့် ကျောခိုင်းသွားစော ကျောပြင်တစ်ခု

Qin Ke တစ်ယောက် Song မိသားစုပိုင်ဆိုင်သော
ကုမ္ပဏီ တစ်ခုမှ ထွက်သည့် ပစ္စည်းအား ကြော်ငြာပေးရန် လက်မှတ်ထိုးချိန်
Song Yunran- ကြော်ငြာရိုက်ကွင်းသို့ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာကာပြောသည်မှာ ကြော်ငြာတွောရိုက်ပြီး ငွေရှာရတာကြိုက်တယ်ဟုတ်
လာစမ်းပါ ငါ့ကိုသာ Daddy လို့ခေါ်လိုက်
Song မိသားစုပိုင် ကုမ္ပဏီတွေက ပစ္စည်းတွေအကုန် မင်းကြော်ငြာစေရမယ်
Qin Ke - အဓိပ္ပါယ် အပြည့်ပါသည့် အကြည့်တစ်ချက် ပေးပြီးနောက် စကားတခွန်းမျှ မဟဘဲ ထွက်သွားကာ ကျောပြင်တစ်ခုသာ မြင်ရလေတော့သည်

Qin Ke တစ်ယောက် အခြားလူနဲ့ Variety Show တစ်ခု တွဲတက်ရမယ်တဲ့
Song Yunran တစ်ယောက် လက်ဦးမှု ရစေရန် Qin Ke ဆီပြေးသွား
" မင်း နဲ့အတူပွဲတက်ပေးဖို့ ပွဲတက် ပါတာနာ လိုနေတာဟုတ် ငါ့ကိုသာ Daddy လို့ခေါ်လိုက်"
အဖက်မလုပ်ခဲ့သူ Qin Ke တစ်ယောက် လေးလေးနက်နက်တွေးဟန်ပြုပြီးနောက် သဘောတကျ
ဖြင့် တခစ်ခစ်နေအောင် အသံထွက်ရီလေတော့သည်

အရာအားလုံး Song Yunran ၏ စိတ်ကူးအတိုင်းပင် ထိုနေ့မရောက်ခင်ထိပေါ့
ထိုနေ့- Song Yunran တစ်ယောက် Qin Ke မှာ သူ ၏ ခေါင်းအား သူ(Song Yunran) အနီးနှိမ့်ချကာ သူ၏နားနားကပ်၍ တီးတိုးဆိုလာသံအားကြားလိုက်ရလေသည်
"မင်းလေး ကိုယ့်လက်ထဲကနေ လွတ်ချင်တယ်ဟုတ်
ကိုယ့်ကို Daddy လို့ခေါ်လိုက်
ကို့ယ့်ကို Daddy ခေါ်သံကြားခွင့်ပေး"

(T/R ---- အားအားအား QinKe လေး အရမ်းမိုက်)

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now