7-2

4.7K 771 7
                                    

7-2
ထိုစကားအား ကြားလိုက်သည်နှင့် ရှူဖိန်မျက်နှာရှိအပြုံးမှာ ပျောက်ကွယ်သွားလေတော့သည်။

ချင်ကဲသည်လည်း မျက်မှောင် ကြုတ်လိုက်တော့၏။
ငါ မှန်းလိုက်တာ မှန်တာဘဲ။

သူ၏ အရင်ဘဝတွင် ရှူဖိန်နှင့်သူ နှစ်အတော်
အတန်ကြာ လက်တွဲကာ အလုပ်အတူတူ
လုပ်ခဲ့ကြသည်။
ဤသူသည် အရည်အချင်းရှိသော်ငြား အောင်မြင်မှုရရှိရန် အသုံးပြုသော နည်းလမ်းများမှာ ရက်စက်လှသည်။
ထိုသို့သော ကိစ္စရပ်များတွင် သူတို့နှစ်ဦးအမြင်မှာ အမြဲဆန့်ကျင်ဘက် ဖြစ်နေတတ်ပြီး ထိုအချိန်တိုင်း  အတိုက်အခံ ဖြစ်ကာ ပြဿ     နာ တက်ရလေ့ရှိ၏။

ထို့နောက်တွင် မသင်္ကာဖွယ် အချက်တစ်ချို့
တွေ့လာရတော့၏။
သဲလွန်စများအရ ရှူဖိန်သည် သူ၏အဖေနှင့်
အဆက်အသွယ်ရှိကာ အပေးအယူလုပ်ထား
ကြောင်း သူ သဘောပေါက်လာသည်။

မတော်တဆ ဖြစ်ရပ်ကြောင့် သူ ပြန်လည်မွေး
ဖွားမလာလျှင်ပင် စာချုပ်သက်တမ်းပြည့်သည်နှင့် ရှူဖိန်နှင့် လမ်းခွဲရန် သူ စီစဉ်ထားသည်။

စာချုပ်ဖျက်ရခြင်း၏ အကြောင်းပြချက်တစ်ခုမှာ သူ၏ အောင်မြင်မှု့ အတွက် တစ်ပါးသူများအား
ချနင်းတတ်သည့် အကြံများအား သဘောမကျ၍ ဖြစ်ပြီး ကျန်တစ်ချက်မှာ သူ၏ ဖခင်နှင့်တွဲ၍ မည့်သည့်အလုပ်မှ လုပ်ကိုင်ချင်စိတ် မရှိသော
ကြောင့် ဖြစ်လေသည်။

ချင်ကဲ မိဘ နှစ်ပါး၏ ဇာတ်လမ်းမှာ သမာရိုးကျ ဇာတ်လမ်း တစ်ပုဒ်သာ။

ဘွဲ့ရပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ နှစ်ဦး
သဘောတူ လက်ထက်လိုက်ကြပြီး ကလေးတစ်ယောက်မရခင်အချိန်ထိ ချင်ကဲ၏ မိခင်ဖြစ်သူမှာ သူ၏ယောကျာ်းသည် ဆန်ကုန်မြေလေး တစ်ယောက်ဖြစ်ကြောင်း မရိပ်မိခဲ့။

ချင်ကဲ၏ အဖိုးနှင့်အဖွား နှစ်ဦးသည်  စောစီးစွာ ကွယ်လွန်သွားကြတော့၏။

သူ၏မိခင်မှာ စိတ်ထားကောင်းပြီး နူးညံ့သိမ်မွေ့
သော အမျိုးကောင်းသမီး တစ်ဦး ဖြစ်သည်။

မိဘများကွယ်လွန်သွားပြီးနောက်တွင် ယောကျာ်း
ဖြစ်သူထံမှ ဖိအားပေးကွာရှင်းခံရပြီး သူမ၏
သားဖြစ်သူအား တစ်ဦးတည်း ရှာဖွေကျွေးမွေးကာ ပြုစုစောင့်ရှောက်ခဲ့ရသည်။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now