CH-14.2
4.2K 763 14
ည (၇) နာရီ  ။ @ ဂလက်ဆီ အင်တာတိန်းမန့်။
စုန့်ယွင်ရန်သည် ဥက္ကဌ ရုံးခန်းအတွင်းတွင် သူ့အား ဖန်သားပြင်ထက်တွင် ဆဲဆိုနေသော Nitizens  များအား နှုတ်ဆက်၍ အင်တာဗျူးအား အဆုံးသတ်လိုက်လေပြီ။
ရှီလင်းထွက်သွားသည်နှင့် လက်ထောက်တန်ထံ အပြေးသွားပြီးသူ့အား ချီးကျူးရန် အရိပ်အမြွက်
ပေးတော့၏။
" ဒီနေ့ကျွန်တော့ အခြေအနေ ??။"
တန်သည် တစ်ချက်ကြည့်လိုက်ပြီး "ကုမ္ပဏီရဲ့ Weibo တော့ ချူ ရှောင်ချန်း ဖန် တွေနဲ့ ပြည့်နေရောဘဲ။"
"အမ်?။ အုပ်စ်။ အဲ့တာတော့ မမျှော်လင့်လိုက်မိဘူးဘဲ။ "
စုန့်ယွင်ရန်သည် လက်ထောက်တန်၏ ဖုန်းအားယူ၍ တစ်ချက်လှမ်း ကြည့်လိုက်သော်လည်း သေသေချာချာ မမြင်လိုက်ရ။
သူ့နှာခေါင်းပေါ်တွင် တပ်ထားသော မျက်မှန်ကိုသာ သတိပြုမိလိုက်သည်။
" အိုး။ မျက်မှန်အရင် ပြန်ယူလိုက်။ကျွန်တော်တပ်ဖို့ ပါဝါ မပါတဲ့ မျက်မှန် နည်းနည်းပြင်ထားပေးပါဦး။ ပင်ပန်းလို့ အိမ်ပြန်နား ခြင်နေပြီ။အောက်ဆင်း
တော့မယ်။"
လက်ထောက်တန်သည် မျက်မှန်အား ယူ၍ 
ပြန်တပ်လိုက်လေပြီ။
အခုမှ လောကကြီးကို ပြတ်ပြတ်သားသားပြန်
မြင်ရတော့တယ်။
လူရည်သန့် သူဌေးရုပ်ပါ အဆစ်ထည့်ပြီးပေါ့။
လည်ချောင်းအား ရှင်းလိုက်ပြီး တလေးတနက်နှင့်
" မစ္စတာစုန့်၊ Live Broadcast မှာ ဘာလို့ …"
(ကလင် ကလင် ကလင်…)
ဖုန်းမြည်သံက လက်ထောက်တန်၏သိချင်စိတ်
အား နှောက်ယှက်လိုက်လေပြီ။
စုန့်ယွင်ရန်က လက်ထောက်တန်အား ဖုန်းပြန်ပေး လိုက်ပြီး : " ရှီလင်း တဲ့။"
လက်ထောက်တန်သည် ဖုန်းဖြေဆိုလိုက်ပြီး
နောက် မိနစ်ဝက်အတွင်း သူ့မျက်နှာမှာ ဖြူ လျော့ သွားလေတော့သည်။
ပြတင်းပေါက်ဆီသို့ လျှောက်သွား၍ လိုက်ကာအား သတိထား ၍ မကာ ကြည့်လိုက်တော့သည်။
စုန့်ယွင်ရန်သည် မျက်မှောင်ကြုတ်၍ သံသယ
လာကြည့်တော့သည်။
"ဘုရား၊ဘုရား။ လူတွေအများကြီးဘဲ ။ဘာလာ
လုပ်ကြတာပါလိမ့်။"
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now