CH - 65

2.6K 443 11
                                    

"မင်း...မင်း... ခုလေးတင် ငါ့ကို ဘယ်လိုခေါ်လိုက်တာ...?"

စုန့်ယွင်ရန်သည် အနွေးထည် မြှုပ်ထားသည့် ခေါင်းလေးအား စွပ်ကနဲ နေအောင် ထုတ်ပစ်လိုက်ကာ အံ့ ဩမှု့ ၂၀%... ပျော်ရွှင်မှု့ ၃၀% နှင့်သော ဟန်မဆောင်နိုင်အောင် အေးနေသည့် အအေးဓါတ် ၅၀% တို့ဖြင့် ပေါင်းစပ် ထားသည့် တုန်ရီနေသောအသံလေးဖြင့် မေးခွန်းထုတ်လာရှာသည်..

ဘယ်အချိန်ကတည်းကရယ်မသိ နောက်တစ်ကြိမ် ကျလာသည့် နှင်းပွင့်များ သည်လည်း ကောင်းကင်ယံထက်မှ တဖွားဖွား ကျဆင်းနေကြလေသည်..

နှင်းပွင့်များသည်ကား မိုးစက်လေးများသဖွယ် တဖွဲဖွဲ ကျနေကြလေရာ သူ၏ အနက်ရောင် ဆံပင်များမှာလည်း သကြားအုပ်ထားသည့် ချောကလက်ပမာ တလက်လက် ဖြစ်နေလေပြီ... နှာခေါင်းထိပ်လေးမှာလည်း အအေးဒဏ် ကြောင့် နီရဲနေရှာ၏...နှင်းပွင့်များကြောင့် စိုစွတ်နေသည့် မျက်တောင်ဖျား လေးမှာ လည်း ပုံမှန်ထက် အထက်သို့ ကော့တက်နေကြလေ၏...

ရှောင်စုန့်လေးသည်ကား သနားချင့်စဖွယ် ပုံရိပ်လေးအား ပိုင်ဆိုင်ထားသည့် ချစ်စရာအကောင်ပေါက်လေးနှင့် တစ်ထေရာတည်းပင် ...

ချင်ကဲသည် သူ့ခေါင်းထက်မှ နှင်းမှုန်လေးများအား ခါချပေးရင်း " ဥက္ကဌလေး ကို Daddy လို့ ခေါ်လိုက်တာပါဗျာ..."

စုန့်ယွင်ရန် : "!!!"

ထိုခဏ၌ ဟွားလင်ရွာ အနှံ့ အိုးစည်ဗုံမောင်းတီးကာ ပျော်ပွဲရွှင်ပွဲကျင်းပနေ သည့် အသံများအား ကြားလိုက်ရသည်ဟု ရှောင်စုန့် ထင်ယောင်ထင်မှား ဖြစ်သွားသည်... အဖွဲဖွဲ ကျဆင်းနေသည့် နှင်းမှုန်များမှာလည်း သူ့မျက်လုံးထဲ တွင် "Daddy" ဟူသော စာလုံးကြီးအသွင်သို့ ပြောင်းသွားလေပြီ...

စိတ်ကူးယဉ် ပျော်စရာကမ္ဘာထဲမှ ရှောင်စုန့်လေးမနိုးထသေးခင် ချင်ကဲသည် သူ့ လက်ကောက်ဝတ်လေးအား ဆုပ်ကိုင်လိုက်ကာ မငြင်းသာသောလေသံမျိုး သုံး၍ "ကျွန်တော်နဲ့ အခန်းထဲကို ပြန်လိုက်ခဲ့တော့" ဟု ဆိုလာ၏..

စုန့်ယွင်ရန်သည်လည်း ချင်ကဲ ပြောဆိုလိုက်သည့် စကားမှာ မှန်ကန်သည်ဟု ထင်သည်... သူသည်ကား ကောင်းမွန်ကာ တာဝန်ကျေပွန်သည့် Daddy တစ်ယောက် ဖြစ်လေရာ ချင်ကဲအား ငယ်ငယ်ရွယ်ရွယ်နှင့် အဖမဲ့သား ဖြစ်သွားမည်အား ခွင့်မပြုနိုင်....

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now