CH-21.1

3.9K 722 19
                                    

"..."

စုန့်ယွင်ရန်မှာ ဟယ်ကျီယူ၏ အမေးစကားကြောင့် အတော်ကြာအောင် ကြောင်တောင်တောင်ဖြစ်သွားရှာလေသည်…
အတော်အတန်ကြာပြီးနောက် မှ  သူ
ဟယ်ကျီယူ ၏ပြောလိုသည့်  စကားအဓိပ္ပါယ်အား နားလည်သွားရှာလေတော့သည်…

သူ့ ပုခုံးအား ဖက်ထားသော ဟယ်ကျီယူ ၏
ခွေးလက်အား ဖယ်ကာ ပြန်မေးလိုက်လေ တော့သည်…
"မင်းပြောတဲ့ အချစ်က ဘယ်လိုအချစ်မျိုးတုန်း ကွ…!?"

မူကြိုကျောင်းတက်နေသည့် ကြက်ပေါက်စလေးက TVထက်တွင် အနမ်းခန်းအား ပထမဆုံး မြင်လိုက်ရသကဲ့သို့ ဟယ်ကျီယူ ခမျာ အတော်လေး ရှက်နေရှာလေသည်…
သူ့အနားကပ်ကာ တိုးတိုးလေး ပြောပြ၏…
" လူကြီးအချစ်ပေါ့ကွာ မင်းကလဲ…ရှက်မနေပါနဲ့တော့…ဝန်ခံလိုက်ပါတော့ သားကြီးရာ…
အဲ့တစ်ယောက်ကလည်း အတော်ခန့်၊အတော် ချောသကိုး ဟ…မင်းတို့နှစ်ယောက်  တကယ်လိုက်တယ် သလား...!"

စုန့်ယွင်ရန်ခမျာ သူ့သူငယ်ချင်း၏ စကားကြောင့် သတိလစ်မတတ်ဖြစ်သွားလေသည်…
သူ့ခေါင်းအားလှည့်၍ မီတာအနည်းငယ် အကွာရှိ ချောမောခန့်ငြားသောအမျိုးသားအား
လှည့်ကြည့်မိလိုက်၏…

ချင်ကဲသည်ကား သူတို့နှစ်ယောက်၏ စကားအား နားစွင့်နေဟန်မတူ…မူလနေရာတွင်ပင် ရပ်နေကာ ခေါင်းအားမော့၍ ကောင်းကင်ထက်ရှိ လ ၏ အလှအား ကြည့်နေပုံရ၏…
လ၏ အလင်းရောင်ကြောင့် မျက်ခုံးထူထူလှလှ လေးနှင့် မျက်လုံးကြားရှိ နေရာလေး၏ ဖြူဖွေးနေသော အလှကိုပင် လှမ်းမြင်ရလေသည်… ချင်ကဲ ၏ ယခု ပုံသည်ကားနူးညံ့လှပသော အလှလေးပုံ ပေါက်နေလေသည်…
သို့ရာတွင် မြေပြင်တွင် ထင်နေသော အရိပ်သည်ကား ထိုပုံရိပ်နှင့် ဆန့်ကျင်ဘက်…
ထက်မြက်ပြတ်သားသော ခန့်ငြားထည်ဝါသည့် ယောက်ျားပျို  ၏ အရိပ်သဏ္ဍာန်ပင်…
ကြံ့ခိုင်ကျစ်လစ်ကာ မြင့်မားသော အရပ်၏ အရိပ်သည်ပင် လူပေါင်းများစွာအား ဆွဲဆောင်ရန် လုံလောက်လေသည်…

ချောမောခန့်ငြားတယ်…? လခွမ်း တကယ်ကြီး ချောတာဟ…

ဒါနဲ့ ဘယ်လိုလုပ် ဟယ်ကျီယူက ငါ ချင်ကဲကို ချစ်နေတယ်ထင်သွားရတာတုန်း…?ပြီးတော့ အဲ့ အချစ်ကလည်း လူကြီးနှစ်ယောက်ကြားက ချစ်ခြင်းဆိုဘဲ…ဒါကြီးကတော့ ဘယ်လိုကြီးပါလိမ့်…?"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now