5.2

4.9K 863 23
                                    

ပစ္စည်းများ ထားရာနေရာမှ အရိပ်သည် သူ့(စုန့်) အပေါ်ကျရောက်နေပြီး စုန့်ယွင်ရန်ခေါင်းမှာ ဟိုယိမ်းဒီယိမ်း ဖြစ်နေသော်လည်း နိုးမလာချေ ။မိသားစုဖြစ်သူအားစောင့်နေရ၍ ပြန်မအိပ်နိုင်ရှာသေးသော သနားချင့်စဖွယ် တုံးတုံးအအ ကလေးလေးပုံ ပေါက်နေလေသည် ။လက်မောင်းများအားပိုက်ထွေးထားကာသူ့ထံကျရောက်လာသော အအေးဒဏ်အား ကြံ့ကြံ့ခံ နေဟန်ပေါ်၏။

'အိပ်ပျော်သွားလည်း ဟန်မပျက်ဖူးထင်ပ' ဟု အိပ်ပျော်နေရာမှ နိုးလာသော စုန့်ယွင်ရန်မှာ ဟန်ကို့ဖို့ ပြင်လိုက်လေသည်။
' အိပ်ရတာကောင်းလိုက်တာ လန်းဆန်းသွားတာဘဲ'

မျက်စိအားပွတ်၍ ဖွင့်ကြည့်လိုက်ချိန်တွင်သူ့ ခန္ဓာကိုယ်တွင် ခြုံပေးထားသောစောင်အား တွေ့လိုက်လေသည်။
"အော ရိုက်ကူးရေးဝန်ထမ်းတွေ သိတတ်လိုက်ကြတာ ကြည့်စမ်းပါဦး အေးတဲ့ဒဏ်ကြောင့် နိုးလာမှာ စိုးလို့နဲ့တူတယ်။ စောင်လေးတောင် ခြုံပေးထားတာ၊ သေချာခေါက်ပြီး ထားပေးမှ။" ဟု စဉ်းစားကာ စောင်အားခေါက်၍ သပ်ရပ်စွာ တင်ပေးထားလိုက်သည်

'ဥက္ကဌရှောင်စုန့် နိုးလာပြီလားဗျ ' ဟု အပြုံးနှင့် ပရိုဂျူဆာက နှုတ်ဆက်လိုက်ပြီး ရေနွေးတစ်ခွက် ကမ်းပေးလိုက်သည်။

ရေနွေးခွက်အားယူ၍ အနည်းငယ် သောက်ပြီးနောက် " ဘယ်အချိန်ရှိပြီလဲ ဗျ" ဟု မေးလိုက်သည်။

"ည ၁၂ နာရီ ထိုးခါနီးနေပြီ နောက်ထပ်ကျွန်တော်တို့ ရိုက်ဖို့ အခန်းတွေကျန်သေးတော့ နောက်ကျတဲ့ထိနေရဦးမယ် ထင်တယ်။ ဒီနေရာက မြို့ပြင်ကျတယ်လေ။ သိပ်မလုံခြုံဘူး အိမ်စောစောပြန်လိုက်တာကောင်းမယ်နော်"

ပတ်ပတ်လည်အားတစ်ချက်ဝေ့ ကြည့်ပြီးနောက်
အခြားဇာတ်ကွက် တစ်ခုအား ရိုက်ကူးနေသည်ကိုတွေ့လိုက်ရသည် ရိုက်ကူးရေးလုပ်နေသော သရုပ်ဆောင်များကို သူမသိပေ။ထို့ကြောင့်  ရေခွက်အားချ၍ မေးလိုက်သည်မှာ -" ချင်ကဲရော??"

ပရိုဂျူးဆာ သည် ကျောဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် ဒါရိုက်ဖြစ်သူ မှ ချင်ကဲအား စုန့်ယွင်ရန် အလွန်အလေးထားကြောင်း မှာထားသည်ကို သတိရလိုက်သည် ။ထိုအကြောင်းအား ခဏ တွေးပြီးနောက် " ချင်ကဲ ဒီနေ့ရိုက်ရမဲ့ အခန်းတွေက ပြီးသွားပြီလေ သူနဲ့ ပြောစရာ ကိစ္စများရှိလို့လားခင်ဗျ ။ကျွန်တော်သူ့ကို လှမ်းပြောပေးရမလား???"  

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now