CH- 19.2

4.2K 761 14
                                    

ချင်ကဲ စိတ်ပူသွားပြီး နေရာမှ ထလာကာ
စုန့်ယွင် ရန်အား နူးနူးညံ့ညံ့လေး မေးလိုက်သည်…
"ဘာဖြစ်တာလဲ…? ခေါင်းတအား ကိုက်နေတာလား…?ကိုယ် ဆရာဝန် သွားခေါ်လိုက်ရမလား…?"

"သိပ်ပြီး ဆူဆူညံညံတွေ လုပ်မနေနဲ့…ခင်များကို ပြောရမလား မပြောရမလား စဉ်းစားနေတာရှိလို့…?"

စုန့်ယွင်ရန် ယုတ္တိရှိသော စကားအား စဉ်းစားမိလေပြီ…
" ဥက္ကဌ အလုပ်လုပ်နေတဲ့အချိန် အေးအေးဆေးဆေး သက်တောင့်သက်သာ ထိုင်နေတတ်တဲ့ ဝန်ထမ်း ဖြစ်ရတာ ပျော်စရာကောင်းလားလို့လေ…?"

ချင်ကဲ  : "……"

စန်းရီရိ ပါလာသော သစ်သီးခြင်းအား ချင်ကဲ တစ်ချက်ကြည့်လိုက်ပြီး…" အဲ့တာဆို ဥက္ကဌ စားဖို့ ပန်းသီး ခွဲပေးရမလားဗျ…?"

စုန့်ယွင်ရန်သည် သူ့ပေါင်သူ ပုတ်လိုက်ပြီး…
"အင်း…ခွဲပေး…"

ချင်ကဲသည် စုန့်ယွင်ရန်၏ သက်တောင့်
သက်သာ ရှိဟန်တူသောအခြေအနေ အား
အတည်ပြု ပြီးနောက် စိတ်သက်သာရာ ရသွားတော့သည်…

အခြားလူတွေဆို တခုခုများ ထိခိုက်မိထားလို့ကတော့ ဆေးရုံကုတင်ပေါ် ငြိမ်ငြိမ်လေးနေပြီး ဒါဏ်ရာ ပိုမဆိုးအောင် နေကြမှာ…
ဟော သူ့ကြည့်လိုက် …အခြားသူတွေနဲ့
တခြားစီဘဲ…

နဖူးပေါ်က မီးသီးကြောင့်သာမဟုတ်ရင် ဆေးရုံတစ်ခွင် အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ တလွားလွားလုပ်နေလို့ ဆရာဝန် ဆူတာတောင်ခံရလောက်တယ်…
အင်း ဥက္ကဌပေါက်ကတော့ တကယ့်ကလေး ပေါက်ပါလားကွာ…

စုန့်ယွင်ရန်သည် ချင်ကဲအား သားကောင်းတစ်ယောက် ဖြစ်အောင် ပျိုးထောင်နိုင်လိုက်ပြီဟု တွေးထင်ကာ သွေးနားထင်ရောက်(စိတ်ကြီးဝင်) သွားလေပြီ…
ချက်ခြင်းပင် ကုမ္ပဏီ အလုပ်များကို ပစ်ပယ် လိုက်ပြီး ခေါင်းအုံးအား အနေအထားပြောင်းလိုက်ကာ သက်တောင့်သက်သာထိုင်၍ ပန်းသီး စားရန်စောင့်လိုက်တော့၏…

ချင်ကဲ အပြင်သို့ထွက်ကာ သူနာပြု တစ်ဦးထံမှ အသီးလှီးဓား သွားငှားလေသည်…
ဓါးရလာပြီးနောက် စုန့်ယွင်ရန် အိပ်ယာဘေးတွင် ထိုင်ကာ  ပန်းသီးအား စိတ်ရှည်လက်ရှင်နှင့် အခွံခွာတော့သည်…

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now