CH - 53.2

3.2K 528 8
                                    

စုန့်ယွင်ရန်မှာ တကယ်ပင် အလုပ်ကိစ္စများဖြင့် ချာလည်ရိုက်နေ၏..

အဘယ်ကြောင့်ဆိုသော် အနုပညာလောကနှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေးအသိုင်းအဝိုင်းမှ နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် နှစ်ကုန် ကွန်ဖရင့် အခမ်းအနား သို့ တက်ရောက်ရန် ဖိတ်ကြားလွှာ ရရှိထားသောကြောင့်ပင်....

ထို သတင်းကောင်း အား လက်ထောက်တန် က သူ့အား လာအကြောင်းကြားသောအခါ ရှောင်စုန့်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားလေ၏..

အားလုံးသိကြသည့်အတိုင်းပင်... ရှောင်ဥက္ကဌစုန့် လေးမှာ ဒီလို နေ့ရက်မျိုးအား မျှော်လင့်စောင့်စားနေသည်မှာ  အနုပညာရှင် ဘဝအားလက်လျှော့ကာ စီးပွားရေးလောကထဲ စတင်ဝင်သည့် အချိန်ကတည်းကပင်...

လုပ်ငန်းရှင် အချင်းချင်း အချိတ်အဆက်ပြု ရင်းနှီးမှု့တည်ဆောက်ကာ မီလီယံ ရာချီတန်သည့် Project များ ပူးပေါင်းလုပ်ဆောင်ရန် အတွက် ရှောင်စုန့် တစ်ယောက် အားသန်နေလေ၏...

CEO တစ်ယောက်၏ နေ့စဥ် ဘဝဆိုတာ  ဒီလိုပဲ ဖြစ်သင့်တာပေါ့... ဘာ variety show လဲ ... လစ်...

စုန့်ယွင်ရန်၏ သန္နိဌာန်ကြီးမှာ ပို၍ ပို၍ ခိုင်မြဲလာလေပြီ.... ထို ဖိတ်စာလေးမှာ သူ့ ဘဝ နတ်ပြည်တက်ရေး အခွင့်အရေးပေးမည့် ရွှေရောင်လမ်းကြောင်းဟု ထင်လေပြီ ဖြစ်ရာ ပွဲတက်ဖို့အရေး အလွန်ပင် မျှော်လင့်နေလေ၏..

ရှောင်စုန့်၏ ရိုးရှင်းလှသည့် ပျော်ရွှင်မှု့လေးမှာ ကုမ္ပဏီ၏ စီနီယာ အကြီးတန်း အရာရှိများနှင့် ယှဥ်ကြည့်ပါက မဖြစ်စလောက်အနေအထားသို့ ရောက်သွားရှာ၏...

အဘယ်ကြောင့် ဆိုသော် ဂလက်ဆီ စတင်တည်ထောင်ချိန်မှစ၍ ၆ နှစ်တာ ကာလ ကျော်လွန်မှသာ ပထမဦးဆုံး အကြိမ်အဖြစ် ဤ ဖိတ်ကြားလွှာအား လက်ဝယ်ရရှိဖူး၍ပင်...

ကုမ္ပဏီရှိ အရာရှိများမှာ ကျေးလက်မှ တက္ကသိုလ်သို့ စတင်တက်ရောက်တော့မည့် လူငယ်လေးကဲ့သို့  စိတ်လှုပ်ရှားနေကြလေ၏..

ရှောင်စုန့်မှာလည်း ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောရန်ပင် PowerPoint တစ်စောင်ပြင်ခိုင်းထားလေသေးသည်.... ထို PowerPoint လေးမှာ ချပြရန် အခွင့်အရေး မရှိကြောင်း သေချာသိသော်လည်း ပြင်ဆင်ထားခြင်စိတ်မှ တားမရတော့၍....

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now