CH -17

4.5K 784 11
                                    

စုန့်ယွင်ရန်သည် ချင်ကဲအား ဟယ်ကျီယူ နှင့် တူလိမ့်မည်ဟု မထင်ထား။
သူတို့နှစ်ယောက်လုံးသည် မျက်စိတစ်မှိတ် အတွင်း သူငယ်ချင်း ဟူသော ဆက်ဆံရေးအား သူတစ်ပါး သွေးထိုးမှု့ကြောင့် ဖြတ်နိုင်ကြသူများပင်။

စုန့်ယွင်ရန်သည် ချင်ကဲ၏ နတ်ဘုရား ထုဆစ် ထားဟန်ရှိသည့် မျက်နှာချောချောအား တစ်ချက် ဝေ့ ကြည့်လိုက်ပြီး နူးနူးညံ့ညံ့ အသံဖြင့်
"အဲ့တာဆို ခင်များက သူများပြောသမျှ ယုံပြီး လိုက်လုပ်တတ်တဲ့  အူတူအတလေး၊ လူရိုးလူဖြောင့်လေးပါ့။ အိုး အဲ့လို မထင်ထားမိဘူးအော်။"

ချင်ကဲသည် သူ့မျက်လုံးအား လှန်ကြည့်လိုက်ပြီး  "အာတာဆို ရှောင်စုန့်က ကျွန်တော့ကို လူဆိုးကောင်လို့ တစ်ချိန်လုံး ထင်နေတာ
ပေါ့လေ…။"

သူသည် သူ့ပင်ကိုယ် စရိုက်အတိုင်းသာ လူများ အား ပြောဆိုဆက်ဆံခဲ့သည်။
သူငယ်ငယ်က တဖောက်ဖောက် မြည်သံ ထွက်သည့် သကြားလုံးလေးများကဲ့သို့  ချို မြိန်သောစကားများအား ပေါက်ပေါက်ဖောက်သကဲ့သို့ ဆိုခဲ့ဖူးသော်လည်း အသက်ကြီးလာသည်နှင့် အမျှ စကားနည်းကာ အေးစက်စက်
ဖြစ်လာသည်။

စုန့်ယွင်ရန်သည် သူ့မျက်နှာလေးအား မဲ့ လိုက်ပြီး "  အဲ့လိုထင်ခဲ့တော့ရော ဘာဖြစ်လဲ?
ကျွန်တော့ကို ဆူဆဲခြင်တာလား။ ဒါမှမဟုတ် ကျွန်တော်အမြင်ကောင်းကြောင်း
ချီးကျူးခြင်တာလား…?။ဟမ့်…။"

ယခုဘဝတွင် သူတို့နှစ်ဦးသည် " Happy and White " ဇာတ်ကား၏ စတိုခန်းတွင် 
ပထမဆုံး  နှစ်ဦးတည်း တွေ့ဆုံခဲ့ခြင်းဖြစ်
သည်။
ထိုအချိန်တွင် စုန့်ယွင်ရန်သည် ရူးကြောင်ကြောင် ကိစ္စရပ်များအား လုပ်ခဲ့မိ၏။
ထိုကိစ္စကြောင့် ချင်ကဲ စုန့်ယွင်ရန်အား လေးစား ချီးကျူးလိုစိတ် ဖြစ်ရန်မှာ ခက်လှသည်။
သို့ရာတွင် ထို ဘိုးဘေးလေး၏ စိတ်အား သူ သွားမဆွရဲ။

ချင်ကဲ နှုတ်ခမ်းစွန်းသည် အပေါ်သို့ ကော့တက်သွားပြီး "ခင်များလေးကို ချီးကျူးတာပါဗျာ။"

စုန့်ယွင်ရန်သည် မေးအား ဂုဏ်ယူဟန် ဖြင့် မော့ထားလိုက်ပြီး " ဖားနေတာလေးတွေရပ်…။ အပြင်ထွက်တော့ …။ဒီလိုမျိုး သိတတ်သူကို ဒီဥက္ကဌ ကနောက်ပိုင်း ကောင်းကောင်း ပြုစု ပျိုးထောင်၊ မြှောက်စားမှာပါ။ ဖားတတ်လို့မဟုတ်ဘူးနော် အဟမ်း  သိတတ်လို့…။"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now