CH-26.1

3.7K 647 8
                                    

စုန့်ယွင်ရန်သည် Icecream ပေးထားသော link အား ထိလိုက်စဉ်တွင် အိမ်ထိန်းအန်တီကြီးက ညနေစာစား၍ ရပြီဖြစ်ကြောင်းပြောလာလေသည်...

သူကြွယ်စုန့်မိသားစု၏ စည်းမျဉ်းအရ အစားစားနေချိန်တွင် ဖုန်းကစားခြင်းမပြုရချေ...

သို့သော် ယနေ့တွင် သူ၏ စပ်စုချင်စိတ်က သူ့ မိဘနှစ်ပါး၏ ဆုံမစကားအား နားထောင်လိုစိတ်ထက် ကျော်လွန် သွားလေသည်...
ထို့ကြောင့် စားနေရင်းပင် ဖုန်းအား ဆက်ကြည့်နေလိုက်တော့၏...

(အချို နံပါတ် (၁)- စုန့်ယွင်ရန် ကိုလူထောင်ပေါင်းများစွာပါတဲ့ စစ်တပ်လက်ထဲမှချင်ကဲက ကယ်တင်ခြင်း]

ပထမ အချက်နှင့်ပင် စုန့်ယွင်ရန် မျက်မှောင် ကြုတ်မိသွားတော့၏...

ထောင်ပေါင်းများစွာသော စစ်သားတွေ...?
ချူရှောင်ချန်း ဖန်တွေက ငါ့ဆီကိုအဲ့နေ့က စစ်သားတွေလွှတ်လိုက်တာလား...?

ထို့နောက် ထို စာသားကိုသာမကနှင့် သူနှင့် တွဲလျက်ပါရှိသော Video အား ကျော်လိုက်လေသည်...
ငါ့ရဲ့ ရူးကြောင်ကြောင်ပုံတွေပါတဲ့ video များ ထပ်မကြည့်ချင်ပေါင် ဟမ့်...

(အချိုနံပါတ် ၂ : မွေးနေ့ ဂဏန်းတွေ...ချင်ကဲ မွေးနေ့က သြဂုတ်လ ၂၁ ရက်...စုန့်ယွင်ရန် မွေးနေ့က မတ်လ ၁ ရက်)

စုန့်ယွင်ရန် လက်ထဲမှ စားလက်စတူလေး ပင် တန့်သွားလေ၏...
ချင်ကဲရဲ့ မွေးနေ့ကို သိတာက မဆန်းပါဘူးလေ...ဒါနဲ့ ငါ့မွေးနေ့ပါ ဘယ်လို သိသွားကြတာပါလိမ့်...?

ထိုစာအောက်ရှိ အကြောင်းအရာအား သူ ကြည့်လိုက်ရာ မနှစ်က သူမွေးနေ့တွင် ဟယ်ကျီယူ တင်ထားသော video အား တွေ့လိုက်ရသည်...

ထို post အား တင်ထားသည့် ဟယ်ကျီယူ၏ Caption က ရိုးရှင်းလှသည်...
" ဒီနေ့တက်တဲ့ မွေးနေ့ပွဲလေး..."
စုန့်ယွင်ရန်၏ အင်တာဗျူးအား ကြည့်ဖူးသူတိုင်းက မွေးနေ့ကိတ်ရှေ့တည့်တည့်တွင် ထိုင်ကာ ဆုတောင်းနေသော စုန့်ယွင်ရန်အား မှတ်မိကြပေလိမ့်မည်...

ထို Video အား မြင်လိုက်သည်နှင့် စုန့်ယွင်ရန်မှာ အံ့အားသင့်ကာ လက်မ ကြီးကြီးပေး၍ ဝိုး ဟု အော်ကာ ချီးကျူးချင်စိတ်ပင် ပေါက်သွားသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now