6-2

4.7K 851 10
                                    

ချင်ကဲ တစ်ယောက်ငြင်းဟန်ပြင်လိုက်လေ၏။

သို့သော် Convenience စတိုး၏ မှန်အကြည်မှနေ၍ စုန့်ယွင်ရန်တစ်ယောက် Oden စားနေသော ကောင်မလေးများအား ငေးနေသည်ကို တွေ့လိုက်ရသည် ။

"ဟုတ်ကဲ့  ၁ ပွဲပေးပါ "

မိနစ်အနည်းငယ်ကြာပြီးနောက် အစားစားရရန်
မျှော်နေရှာသူ စုန့်ယွင်ရန် သည် နောက်ဆုံး၌ သူ့၏ ညစာနှင့် ဆုံတွေ့ရလေပြီ။

ချင်ကဲထံမှ Oden အား လက်လွှဲယူပြီးသည်အထိ အံ့သြစိတ် မပြေရှာသေး။
ထို့နောက် ဝို့တို့ဝါးတား ဖြစ်နေဟန်လေသံလေး
နှင့် မေးလိုက်တော့သည်။
"ဘာလို့ အများကြီးဝယ်လာတာလဲဟင်??။"

ချင်ကဲသည် ကားတံခါးအား ဆွဲပိတ်ပြီးနောက် ထမင်းဆုပ်နှင့် ရေသန့်နွေးနွေးပါသော ပလတ်စတစ်အိတ်အား သူ့ရှေ့သို့ ချပေးလိုက်လေသည် ။

"စတိုးဆိုင်က Discount ပေးနေတာလေ ။အဲ့ထဲမှာပါတဲ့ ရေက ခင်များဖို့ ဝယ်လာတာ။
သောက်လိုက်လို့ရတယ် ထမင်းဆုပ်တော့ ခင်များ စားလို့ မကုန်နိုင်ဘူးထင်ရင် ကျွန်တော့ဖို့
ချန်ထားလိုက်။"

"......"

စုန့်ယွင်ရန်၏ စိတ်လှုပ်ရှားပျော်ရွှင်နေမှု့များ
လေနှင်ရာသို့ လွင့်ပါသွားတော့သည် -

သုန်မှုန်နေသော မျက်နှာဖြင့် -
"ကျွန်တော့ကို Discount ချထားတွေဘဲ ကျွေးဖို့ သဒ္ဓါတာပေါ့လေ ဟွန့်။"
(T/N - ရှေ့ရေးအတွက် ရင်လေးရတယ် Baby
လေးတို့ရယ်)

ချင်ကဲသည် စုန့်ယွင်ရန်အား တစ်ချက်ကြည့်ပြီးနောက် " အဲ့တာဆို မစားတော့ဘူးပေါ့??။

စုန့်ယွင်ရန်သည် မကျေနပ်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့ လိုက်ကာ ပလတ်စတစ် အိတ်ထဲရှိ ထမင်းဆုပ်အား ဖျတ်ခနဲ့ ချောင်းကြည့်လိုက်သည်။

ထမင်းဆုပ်၏ ဈေးကပ်ထားသော စာရွက်မှာ အပေါ်ဘက်တွင် ရှိနေ၏။
အမြင်အားကောင်းကောင်းဖြင့် သေသေချာချာ
ကြည့်လိုက်ခြင်းကြောင့် ထမင်းဆုပ်၏ ဈေးနှုန်းမှာ ၃ ယွမ်သာ ကျသင့်ကြောင်း တွေ့ရလေသည်။

ဟုတ်ပါတယ်လေ ချင်ကဲက အခုမှ သရုပ်ဆောင် အသစ်လေးကိုး ။
အလုပ်ပြီးလို့ အိမ်ပြန်ချင်ရင်တောင်
တက္ကစီ ဖိုးမတတ်နိုင်လို့ မစီးရဘူး။
ငါရဲ့လက်ထဲက Oden ကလည်း လျော့ဈေးရတယ်ဆိုရင်တောင် ဒီထမင်းဆုပ်ထက်တော့ ဈေးကြီးဦးမှာ ။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now