CH - 51

3.5K 534 9
                                    

ဘယ်လိုလုပ် ဒီလိုအနေအထားကြီး ဖြစ်သွားရတာတုန်း !!!

စုန့်ယွင်ရန်မှာ ဆွံ့အသွားပြီး တစ်ချိန်တည်းမှာပင် အတွေးပေါင်း မြောက်များစွာ တွေးမိ လေတော့သည်...

သူ သေသေချာချာ မှတ်မိပါ၏... ဖန်တရာတေနေသည့် ဇာတ်လမ်းတွဲများတွင် ဇာတ်ညွှန်းရေးဆရာများက အမျိုးသမီးဇာတ်လိုက်များအား ဤကဲ့သို့သော အခြေအနေများအား တိုက်တိုက်ဆိုင်ဆိုင်ဟု ထင်ရလောက်အောင် ဖန်တီးရေးသားကြပြီး ထို အခြေအနေမျိုးကြုံပြီးသည်နှင့် ဇာတ်ဆောင်မင်းသားက မခိုးမခန့်ပြုံးကာ " ဒီမှာ မင်းက ဒီလိုကလေးကွက်လေးတွေသုံးပြီး ကိုယ့်ကို ဆွဲဆောင်ချင်တယ်ပေါ့လေ..?" ဟု မေးလေ့ရှိကြသည်ဟု ရေးသားတတ်ကြ၏...

ထိုကဲ့သို့သော ကလေးကလား ကွက်များအား ဟာသဆန်သည့် ဇာတ်ဝင်ခန်းဟုသာ သူ(စုန့်ယွင်ရန်) ထင်ခဲ့ဖူးသည်... ယခု သူကိုယ်တိုင်လက်တွေ့ကြုံလိုက်ရချိန်တွင်မူ ဇာတ်ဝင်ခန်းများဟူသည် လက်တွေ့ဘဝအား အခြေခံ၍ ရေးသားထားခြင်းသာ ဖြစ်သည်ဟု သိလိုက်ရလေပြီ....

သို့သော် ဇာတ်ဆောင်များ၏ ဇာတ်ကွက်တွင်မူ ပြဿနာရှိနေလေသည်....

သူနှင့် ချင်ကဲ၏ အနေအထားအရ ဘယ်လိုပင်တွေးတွေး ချင်ကဲသည်သာ သူ့လက်မောင်း ထဲ လှဲလျောင်းနေသူဖြစ်သင့် သည်...
အိုး....ဂွတွေတော့ကျကုန်ပြီ.... ငါ အမြန်ပြန်ထ မှပဲ...ဟု တွေးကာ ခေါင်းလေးအား ခပ်လျှိုလျှိုလေး နောက်ပြန်ဆုတ်လိုက်လေ၏...

သူ့(ရှောင်စုန့်) ဘယ်ဘက်တွင် ထိုင်နေသော ကောင်လေးသည် ခေါင်းလှည့်ကြည့်လိုက် ချိန်တွင် သူ့ရှေ့ရှိထိတ်လန့်ဖွယ်မြင်ကွင်းကြီးအား မြင်သွားလေတော့၏...

ကြောက်လန့်တကြားဖြစ်သွားကာ နေရာတွင် အငွေ့ ပျံကာ ပျောက်ကွယ်သွားချင် ရှာလေပြီ...
" မစ် မစ္စတာစုန့် ခင်ဗျ...ဥက္က..ဥက္ကဌ အဆင်ပြေရဲ့လားဟင်...."

ထစ်ထစ်အအဖြင့် စကားဆိုနေသော်ငြား ရှောင်စုန့်အား သူ့ လက်ဖြင့် ပြန်ဆွဲရန်ကိုမူ မမေ့ပေ...

စုန့်ယွင်ရန် ခမျာ ကြောင်တက်တက်ဖြစ်ရုံသာမက သူ့ကိုယ်သူ ဘောလုံးတစ်လုံး အဖြစ်သို့ ဘဝပြောင်းသွားလေပြီဟု ခံစားလိုက်ရသည်...ကား ခုန်သွားစဉ်က သူပါ လိုက်လံ ခုန်တက်သွားရပြီး တစ်စုံတစ်ယောက်နှင့် တိုက်မိသွားလေ၏...ယခုတွင်မူ လူတစ်ယောက် လက်ထဲ ပါသွားပြန်ရလေပြီ.. အင်အားကွာခြားမှုမှာ weight ပေါ်တွင် မူတည်နေသည်ဟူသော နိယာမမှာ မှန်ကန်ကြောင်း လက်တွေ့သိရလေပြီ....သူ့ခမျာ သက်မဲ့ အရုပ်လေးတစ်ရုပ်နှယ် ကိုယ့်ခန္ဓာကိုယ်ရှိ ခွန်အားအား မထုတ်နိုင်ဘဲ တစ်ပါးသာ ဆွဲခေါ်ရာသို့ စွေ့ခနဲ ယိုင်သွားရ၏..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now