CH - 62

2.5K 415 6
                                    

ရှောက်ချမ်းတစ်ယောက် သူ၏လုပ်ရပ်ကြောင့် ပင်ပန်းကာ ပူဆွေး နေခဲ့ရပါသည် ဟု ပေါ်ပေါက်နေသည့် ပုံစံကြောင့် စုန့်ယွင်ရန် တစ်ယောက် ရှက်ရှက်နှင့် ခေါင်းငုံ့သွားရှာလေတော့သည်..

အရင်ဘဝတွင် သူသည် ချင်ကဲအပေါ် ကိုသာ အာရုံထားကာ နေခဲ့မိသည်... ထို့ကြောင့် idol လောကက အခြားသော ကိစ္စများအား သူ တကယ် မသိပေ.. ထောင်ပေါင်းများစွာသော စစ်သည်တော်များ ဟူသည့် အမည်နာမအား ကြားပင် မကြားဘူးခဲ့... သူ တစ်ချိန်လုံး ထိုမျှ ဗဟုသုတ မရှိစွာ နေခဲ့လိမ့်မည် ဟု ဘယ်သူမှ တွေးမိကြမည်မဟုတ်....

နားလည်မှု့လွဲခြင်းကြောင့် ဖြစ်ခဲ့ရသည့် ကိစ္စဖြစ်သော်ငြား ထို ကိစ္စကြောင့် စိတ်ဓါတ်များ ပြိုလဲရသည်အထိ ပင်ပန်းသွားကြသူများရှိနေခဲ့လေပြီ...

"​ငါတို့နှစ်ဖွဲ့က သားရေရလဒ် တောင် ရမှာ မဟုတ်ပါဘူးကွာ.."ဟု အစချီကာ စုန့်ယွင်ရန် အားပေးအားမြှောက်ပြုလေသည်...

"မင်းနဲ့သူရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကောင်းတာပဲကို... Fan တွေက သဘောကျကြတယ်မလား..?"

ရှောက်ချမ်း : " သေချာတာပေါ့... ဒီလိုမှ မဟုတ်ရင် အခုချိန်ထိ သူနဲ့ ကျွန်တော် အတူတူရှိနေနိုင် ပါတော့မလား....ရွာကိုရောက်လို့ ရိုက်ကူးရေး စတာနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ Activities တွေပြန်စကြမှာပဲလေ.. ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အရင်ကထက် နည်းနည်း လျှော့လုပ်ကြမှာ... ဒီလိုလုပ်ပြီး တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ CP ကို ဖျက်သိမ်းဖို့ အစပျိုးထား တော့မှာလေ... ဒီလိုဆို ရှိုးလဲပြီးရော ကျွန်တော်တို့ CP သင်္ဘောကြီးလဲ မှောက်ရော အခြေအနေ ဖြစ်အောင်လုပ်ဖို့ ညွှန်ကြားချက် ရှိပြီ.."

စုန့်ယွင်ရန်မှာ ဒီအရေးနှင့် ပတ်သက်ပြီး သံသယအချို့ရှိနေ၏..

CP fan group ထဲတွင် အချိန်အတော်ကြာကြာ Fan တစ်ယောက်နေရာအား ပိုင်ဆိုင်ထားသူဖြစ်လေရာ Shipper ကောင်မလေးများ၏ စုံထောက် စွမ်းရည် မှာ တော်ရုံမဟုတ်ကြောင်း သူသေချာသိ၏...

ယနေ့တွင် ရှောက်ချမ်းနှင့် ဝမ်ယုကျယ် တို့ ကားထဲတွင် အပြောအဆို အဆက်အဆံမလုပ်ကြသည်နှင့် အနှီကောင်မလေးများမှာ BED ENDING DRAMA ပေါင်းများစွာအား ရေးကြတော့မည် ဖြစ်၏...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now