CH -36

3.7K 587 5
                                    


ချင်ကဲသည်ကား စုန့်ယွင်ရန်နှင့် Monica ကြားက အဖြစ်အပျက်ပုံပြင်ကိုကား မသိ
သေချာသည့် တစ်ခုမှာ စုန့်ယွင်ရန်သည် Monica အား သဘောကျသည်ကိုကား သူ ခန့်မှန်းနိုင်၏.။
သုံးမိနစ်ကုန်လွန်သွားသည့်တိုင် စုန့်ယွင်ရန်သည် သူ့အား ဖက်ထားသည့် လက်အား လွှတ်မပေးသေးချေ.။
Monia အပေါ်ထားရှိသည့် သူ၏ ချစ်ခြင်းတရားအားလုံးကို နေရာမှားကာ ချင်ကဲ အပေါ်တွင် ပုံအောလိုက်ဟန်ရှိ.။သူ့ကို ဖက်ထားရုံသာမက တယုတယပင် လုပ်လိုက်သေးသည်.။
နောက်တစ်စက္ကန့်ခန့်အကြာတွင် ချင်ကဲသည် သူ ခွေးအစစ်တစ်ကောင် မဖြစ်သည့် အပေါ် မုန်းတီးမိသွားတော့၏.။
အကယ်၍ သူသည် ခွေးတစ်ကောင်သာ ဖြစ်ခဲ့ပါက ခေါင်းအားလှည့်၍ စုန့်ယွင်ရန်အား  ဆေးရုံဆီသို့ တစ်ရက်ခန့် အလည်သွားရအောင် ကိုက်ပြီးလေပြီ.။
ဘေးပတ်ဝန်းကျင်တွင် ရှိသော လေထုက တဖြည်းဖြည်း ပါးလွှာလာဟန်ရှိ၏.။
နှင်းများနှင့် ဖုံးလွှမ်းနေသော အောက်ဆီဂျင် နီးပါးသည့် တောင်ထိပ်ဆီသို့ တဖြည်းဖြည်း ရောက်လာသလိုပင်.။ သူ၏ ခန္ဓာကိုယ်သည်ကား တဖြည်းဖြည်း အပူချိန်တက်လာတော့ သည်.။သူ၏ စဉ်းစားနိုင်စွမ်းသည်ကား ပြောမပြတတ်သည့် အကြောင်းရင်းကြောင့် မြန်မြန် ဆန်ဆန်ပင် လျော့နည်းလာတော့သည်။ စိတ်ညှို့ခံထားရသူပမာ စုန့်ယွင်ရန်အနီးသို့ သူကပ်လာမိတော့၏။
သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ အလုံးစုံ ပြိုလဲမသွားသေးခင် ချင်ကဲ ရုတ်တရက် အသိစိတ်ဝင်သွားတော့သည်.။သူအသိစိတ်ဝင်သွားသည့် အချိန်တွင် သူ့လက်သည်ကား စုန့်ယွင်ရန် ခါးအားတွင် ဖက်ထားမိပြီးလေပြီ.။
ချင်ကဲ၏ အသက်ရှုသံသည်ပင် ရှက်ရွံ့မှုကြောင့် စည်းချက်မမှန်ဖြစ်လာတော့၏.။ အဘယ် ကြောင့်သူ ရေဘဝဲတစ်ကောင်ပမာ စုန့်ယွင်ရန်ထံ ကပ်တွယ်မိသွားကြောင်း မတွေးနိုင်လိုက် သေးခင် သူ၏ နားထဲတွင် မိုးချုန်းသံ တစ်သံကြားလိုက်ရ၏.။
ကျယ်လောင်သည့် အသံကြီးက ချင်ကဲအား အလန့်တကြားပင် ဖြစ်သွားစေသည်။
Monica နှင့် ရန်ဖြစ်နေသည့် စုန့်ယွင်ရန်သည်လည်း နိုးလာလေတော့သည်.။
မီးရောင်မှိန်မှိန်အောက်တွင် တစ်ဉီးနှင့်တစ်ဉီး အကြည့်ခြင်းဆုံသွားလေတော့သည်.။
စုန့်ယွင်ရန် ; “?”
ချင်ကဲ ; “…”
လျှပ်စီးတစ်လက် ထက်လက်ပြီးနောက်တွင် နောက်ထပ်မိုးခြိမ်းသံ တစ်သံ ထပ်ထွက်လာ လေတော့သည်.။
စုန့်ယွင်ရန်သည် ရုတ်ခြည်းပင် အသိစိတ်ပြန်ဝင်လာပြီး ဒေါသတကြီး အော်လေတော့သည်။
“ခင်ဗျား ဘာလုပ်နေတာလဲ ?!!!”
သူ(စုန့်)၏ ဆင်ခြင်နိုင်စွမ်းအားလုံးသည်ကား ထိုခဏ၌ အငွေ့ပျံပြောက်ကွယ်သွားလေပြီ.။
သူ လုပ်ထားသည်ကိုလည်း မသိတော့.။ချင်ကဲ ဖြေရှင်းမည်ကိုလည်း မစောင့်တော့ဘဲ တစ်ဖက်လူ၏ လက်အားဖယ်ချကာ ပြစ်မှု့ကျူးလွန်ခံထားရသည့် အရေးမှ ထွက်ပြေးလေ တော့၏.။
သို့ရာတွင် ထွက်ပြေးခြင်းက မချောမွေ့ခဲ့ပေ.။
ငှက်မွှေးစောင်က သူ၏ ခြေထောက်အား ဖမ်းချုပ်ထားလေပြီ.။
သူ၏ လှုပ်ရှားမှု့အားလုံးသည်ကား ကြိုးတစ်ချောင်းနှင့် ဆွဲချည်ခံလိုက်ရသည့်ပမာ တုန့်ခနဲ ဖြစ်သွားပြီး ဟန်ချက်မထိန်းနိုင်တော့ဘဲ အိပ်ယာထက်မှ ကြမ်းပြင်ပေါ်သို့ ငှက်မွှေးစောင်နှင့် တကွအထွေးလိုက်ကြီး ပြုတ်ကျသွားလေတော့သည်..။ထိုအချိန်တွင် မီးအလင်းရောင်သည်    တစ်ခန်းလုံး ဖြာကျလာတော့၏.။
“မီးတောင် ဖွင့်ရဲလိုက်သေးတယ်ပေါ့လေ ?!”
စုန့်ယွင်ရန်ကျောနှင့် ကြမ်းပြင်သည်ကား မိတ်ဆက်လျှက်ရှိပြီး ခြေထောက်နှစ်ချောင်းကို ကား လေထဲတွင် ကန်ကျောက်နေလေကာ “ ခင်ဗျားက နှာဗူးကြီးလား..!!”
Victim ရဲ့ ကမောက်ကမ ဖြစ်နေတဲ့ အမူအယာတွေကို ကြည့်ပြီး သာယာမှုရှာချင် သေးတယ် ပေါ့လေ..ဟုတ်လား ?
အလင်းရောင်ရစေရန် မီးဖွင့်လိုက်သည့် ချင်ကဲ ; “…..”
ထိုခဏ၌ သူ မည်သည့်စကား ဆိုရမည်မသိ ဖြစ်သွားလေတော့သည်.။
သက်ပြင်းချကာ အိပ်ယာထက်မှ ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် လဲလျက် တလူးလူးတလိမ့် လိမ့် ဖြစ်နေသော စုန့်ယွင်ရန်အား သွားကူလိုက်ကာ “ စိတ်လေးနဲနဲလောက် လျော့လိုက် ပါဉီးဗျာ ဟုတ်ပြီလား..?။”
စုန့်ယွင်ရန်သည် သူ့အား တွန်လွှတ်လိုက်ပြီ “Asshole , မင်းက ဒီလိုကောင်စားမျိုးဆိုတာ ငါ သိသားပဲ..!”
ချင်ကဲသည် မျက်မှောင်ကြုတ်လိုက်ကာ “ စုန့်ယွင်ရန်..!”
သူ၏ အနိမ့်သံထဲတွင် လျှို့ဝှက်စွာဖုံးကွယ်ထားသော ကြောက်မက်ဖွယ် အမှောင်ထုကြီး တစ်ခု ပါနေဟန်ရှိ၏.။
“ကျုပ်သာ မင်းပြောသလို မကောင်းတဲ့အကောင်ဆိုရင် မင်း အခုချိန် ဆဲဆိုနေနိုင်ပါဉီး မလား ဟမ်..?”
? ? ?
ကျုပ်ပြောတာ ဘာမှားလို့လဲ ။ ဘာလဲ ခင်ဗျားက ကျုပ်နားဖို့အတွက် ခင်ဗျားအခန်း ခွဲပေး ထားရတာကို  အခုအချိန်ထိ ဂုဏ်ဖော်ချင်နေသေးတဲ့သဘောလား.။
စုန့်ယွင်ရန်၏ ဒေါသသည်ကား ငြိမ်သွားလေပြီ.။သို့သော် ချင်ကဲအပေါ် ဆူချင်စိတ် ရှိသေး၏။ ထိုအခိုက်၌ပင် ချင်ကဲသည် သူ့နာမည်ရင်းအား ပထမဉီးဆုံးအနေနှင့်ထုတ်ခေါ်လိုက်ကြောင်း  သတိထားမိသွားလေတော့သည်.။
"..."
သူ့အား ချင်ကဲမှ ရုတ်တရက်တိုက်ခိုက်လာမည့် အရေးအား သတိချပ်လိုက်ပြီး တစ်ဖက်လူ အား စိုက်ကြည့်လိုက်ကာ “ကောင်းပြီလေ.။အဲဒါဆိုလည်း ကျွန်တော် ခင်ဗျားကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုပေးလိုက်မယ်..”
မိနစ်အနည်းငယ်အကြာတွင် စုန့်ယွင်ရန်သည် ချင်ကဲအား မတရားစွပ်စွဲမိသည့်အပေါ် ရှက်ကာ ခေါင်းမဖော်ရဲရှာတော့ပေ။
အထင်နဲ့အမြင်ကား တက်တက်စင်အောင်လွဲခဲ့လေပြီ.။
အိပ်ယာထဲသို့ မသွားမီ သူ၏ စိတ်ကို သူမာန်တင်းထားခဲ့၏.။ချင်ကဲကိုပင်စည်းကမ်းချက်များ ပြောကာ သတိပေးခဲ့သေးသည်။ အဆုံးတွင် သူသည်သာ သူ့မျက်နှာသူ ဖြတ်ရိုက်မိခဲ့လေပြီ ။
ဘာဖြစ်လို့ငါက ချင်ကဲကို  Monica လို့ ထင်မိလိုက်တာပါလိမ့်?
စုန့်ယွင်ရန်၏ ခံစားချက်များသည်ကား ရှုပ်ထွေးနေလေပြီ.။
သူ့ မိဘနှစ်ပါးအိမ်ရှိ နတ်သမီးအပြုံးလေးရှိသည် စပ်ဖြဲဖြဲခွေးလေးမျက်နှာအား ပြန်လည် ကာမြင်ယောင်ရင်း သူရှေ့တွင်ရှိ အေးစက်နေသောမျက်နှာပိုင်ရှင် သူ့၏သားတော်မောင် အား နှိုင်းယှဉ်ကြည့်လိုက်သည်။ ထိုအချိန်တွင် သင့်တော်သော အကြောင်းပြချက် တစ်ခု သူ့အတွေးထဲတွင် ပေါ်လာလေသည်.။
ချင်ကဲကို ငါစိတ်ထဲ ချစ်စရာခွေးလေးလို့ ထင်မိထားတာများလား..?
ဒါမှမဟုတ်ရင် ငါ့အတွင်းစိတ်ထဲတစ်နေရာမှာ ခွေးလေးတွေရဲ့ ပါးပါး ဖြစ်ချင်တဲ့စိတ်ရှိနေ တာများလား..?
စုန့်ယွင်ရန် တစ်ယောက် ဝေခွဲမရဖြစ်နေလေသည်.။ထိုအကြောင်းပြချက်နှစ်ခုအား တွေးမိပြီး နောက် သူ၏ စောနက အပြုအမူများအား ပြန်မြင်လာမိတော့၏.။
အဆုံးတွင် သူ့နှာခေါင်းလေးအား ရှက်ရှက်နှင့်ပွတ်ကာ : “ ကျွန်တော် တောင်းပန်ပါတယ်ဗျာ. ဒါမှမဟုတ် ကျွန်တော် အခန်းပြောင်းပေးလိုက်တာ ပိုကောင်းမလားဟင်..?”
ဒါမှမဟုတ် ငါ အခြားဟိုတယ်မှာပဲ သွားနေလိုက်ရမလား.။ယောက်ျားသားဆိုတော့ မိုးကြိုး မုန်တိုင်းတွေ ပြင်းထန်နေတဲ့ညလည်း တစ်ယောက်တည်းအေးအေးဆေးဆေး နေရဲပါတယ်လေ..။
သူ မသိသည်မှာကား သူ ချင်ကဲအား ဆဲဆိုနေချိန်မှ စ၍ ချင်ကဲရှင်းပြချိန်အလယ် သူ တောင်းပန်ချိန်အဆုံး ချင်ကဲသည်ကား သူ့ထံမှ အကြည့်တစ်ချက်ပင် မလွှဲသည်ကိုပင်..။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now