CH-25.1

3.7K 679 3
                                    

ချိန်ကျားမင်သည် အသက်ရှုသံပင် မထွက်ရဲတော့ချေ။

သူ၏ အတွေ့အကြုံအရ ချင်ကဲသည် အခြားလူများပြောသည့် စကားအား အရေးမထား ဂရုမစိုက်သူဖြစ်သည်။ အရင်က သူ့အကြောင့်အား သူ့ရှေ့တွင်ပင် အပုပ်ချကာ ရန်စသူရှိခဲ့ဖူးသော်လည်း ထိုလူအား အာရုံရှိဟန်မတူ။ထိုလူစကားအား လေတိုက်သံကဲ့သို့ပင် သဘောထားကာ အမူအယာမဲ့နေသော မျက်နှာနှင့် အဝေးသို့သာ ထွက်သွားဖူးလေသည်။ ပြောနေသူများသာ အရူးဖြစ်ကျန်ခဲ့ရဖူးသည်။

သို့သော် ယခုအချိန်၌ သူလက်ကောက်ဝတ်က နာကျင်မှု့က ချင်ကဲ မည်မျှ စိတ်ဆိုးနေကြောင်း အသိပေးနေလေသည်။

ချိန်ကျားမင်သည် ချင်ကဲ ဒေါသထွက်နေသည်အား တစ်ခါမှ မမြင်ဖူးချေ။ သို့သော် ရှိရင်းစွဲ အသက်အရ ချင်ကဲ၏ အရှိန်အဟုန်မှာ ဘာကြောင့် ဤမျြှပင်းထန်ရသည်ကိုကား သူသံသဝင်မိ၏။သူသိထားသော    ချင်ကဲနှင့် သူရှေ့တွင်ယခုရှိသော ချင်ကဲမှာ ရုပ်ရည်ခြင်းက တစ်ထပ်တည်းတူညီနေသော်လည်း ထုတ်လွင့်နေသော အရှိန်အဝါက ကွာခြားလှပေသည်။ထို့အပြင် ချင်ကဲ၏ အကြည့်သည်ကား   သူ့ထက်နိမ့်ပါးသော   ရွံရှာစက်ဆုပ်စရာသတ္တဝါတစ်ကောင်အား အထင်အမြင်သေးစွာ ကြည့်နေသကဲ့သို့ပင်။

သူ့ရှေ့တွင် အခု ရပ်နေသော ချင်ကဲမှာ သူ၏ ကောလိပ်ကျောင်း အတန်းဖော် ဖြစ်ခဲ့ဖူးသူ နှင့်မတူတော့ပေ… ထူးချွန်ဆုပေါင်း မြောက်များစွာရထားသည့် သူလက်လှမ်းမမှီနိုင်သည့် အမြင့်တွင်ရှိနေသော စူပါစတား တစ်ယောက်နှင့် တူတော့၏…

"မင်း…မင်းအထင်လွဲတာပါကွာ…" ချိန်ကျားမင် မျက်နှာထက်တွင်ကား ဟန်ဆောင်ပြုံးပင် ပျောက်ကွယ်သွားလေသည်…
"မင်း ထင်နေသလို အဓိပ္ပါယ်မျိုး ပြောတာမဟုတ်ရပါဘူး…ပြီးတော့ ငါတို့ ရင်းနှီးလာတဲ့ နှစ်တွေက နဲမှ မနည်းတောဘဲ…မျက်နှာသာပေးတဲ့ အနေနဲ့ ငါ့လက်လေးအရင်လွှတ်ပေးပါဦးကွ…"

ချင်ကဲ ကား တုတ်တုတ်မှု မလှုပ်…အားဖြင့်ဂသာ ဆက်ကိုင်ထား၏…
"ငါ ကြားချင်တဲ့ စကားက အဲ့စကားမဟုတ်ဘူး"

ချိန်ကျားမင်တစ်ယောက် ကူကယ်ရာ မဲ့ ဖြစ်နေလေပြီ…ထို့နောက်သူ့ခေါင်းအား ဖုန်းဆီသို့ ပြန်လှည့်ကာ ဖုန်းအား ဆက်ပြောရလေတော့သည်…
"ငါ အခုပြောထားတဲ့ စကားတွေအားလုံးက အတည်ပြောတဲ့စကားတွေ မဟုတ်ဘူးနော်…ဟာသ တွေ ပြောနေတာရယ်…ချင်ကဲက ဘယ်လိုလုပ် သူ့သူဌေးနဲ့ အဲ့လို ဆက်ဆံရေးမျိုး ထူထောင်ထားမှာလဲ…ငါရှေ့ကပြောတဲ့စကားတွေကို မယုံလိုက်နဲ့နော်…"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now