CH - 21.2

4.2K 720 20
                                    

သုံးဦးသား ရှီချန် အပေါ်ပိုင်းရပ်ကွက်ထဲ လမ်း လျှောက်ကာ ပြန်ကြလေတော့သည်…

စုန့်ယွင်ရန်သည် ဟယ်ကျီယူ ၏ ခန္ဓာကိုယ်မှ အရက်နံ့ အား လုံးဝ သဘောမကျ…
အိမ်ရောက်သည်နှင့် သူ့အား ရေချိုးခန်းထဲ
ပစ်ထည့်လိုက်တော့သည်…

ရေချိုးခန်းဆီမှ သူထွက်လာချိန်တွင်… ချင်ကဲတစ်ယောက် ဧည့်ခန်းထဲတွင် မတ်တပ်နေသေး ကြောင်း မြင်လိုက်ရ၏…

ခဏမျှ တွေးပြီးနောက် အပေါ်ထပ်ရှိ အိပ်ခန်းအား လက်ညှိုး ထိုးပြ၍ ချင်ကဲအား မေးလိုက်တော့သည်…
"language တွေ အပေါ်ထပ် ပို့ဖို့ ကူပေးရဦး မလား…?"

ချင်ကဲသည် စုန့်ယွင်ရန်၏ လက်ကောက်ဝတ် သေးသေးလေးအား တစ်ချက်ကြည့်လိုက်ပြီး
"ရတယ်…ကျွန်တော့ဘာသာ သယ်လိုက်ပါ့မယ် …"

စုန့်ယွင်ရန်သည် ထို အဖြေနှင့် ပက်သက်၍
ဝန်လေးမနေ…
"အင်း အဲ့တာဆို လှေကားဘေး ကပ်ရပ်က ဘယ်ဘက် အခန်းမှာနေလိုက်တော့…"

စကား ခဏ ရပ်လိုက်ပြီး ထပ်ပေါင်းပြောဆိုလေသည်…
" ခင်ဗျားရဲ့ ကပ်ရပ်က ကျွန်တော့အိပ်ခန်း…
ကျွန်တော် ညဘက် အိပ်ပျော်ဖို့ဆို အတော် ဇီဇာကြောင်တာနော်…အသံနဲနဲ ဆူနေရင်ကို အိပ်မပျော်တော့ဘူး…ညဘက် တိတ်တိတ်လေး နေပေး…ကျွန်တော့ကို လာပြီးစိတ်အနှေက်မပေးနဲ့ကြားလား …"

ချင်ကဲ ထုံးစံအတိုင်း မေးခွန်း ထုတ်လိုက်ပြန်သည်…
" စိတ်အနှောက်ပေးမိရင်ရောဗျာ…?"

စုန့်ယွင်ရန် သည် သူ့အား တစ်ချက်ကြည့်၍
" ခင်များ အသက်က ဒီလောက်တောင် ဖြစ်နေပြီ…ကလေးလေး လုပ်ချင်မနေနဲ့နေတော့…ကိုယ့်ပြဿ      နာ ကိုယ့်ဘာသာ ရှင်းဖို့ လုပ်တော့.…ဟုတ်ပြီလား…? ဒါလေးတောင် ရှင်းပြနေရသေး …ဟမ့်…"

ချင်ကဲသည် သဘောတကျပြုံးလိုက်ကာ Suitcase နှစ်လုံးအား သယ်၍ အပေါ်ထပ် သို့တက်သွားတော့သည်…

သူ့တွင် ပစ္စည်းများများစားစားပါမလာပေ…ထို့အပြင် ဤ အိမ်တွင်လည်း ကြာကြာနေရန် စိတ်ကူးမရှိထား…ဒီညအတွက် လိုအပ်မည့် ရေချိုးခန်း သုံးပစ္စည်းများနှင့် အားသွင်းကြိုးကိုသာ ထုတ်လိုက်တော့သည်…
ဖုန်းအားသွင်းပြီးနောက် ကျုံးရှောင်ဖန်းအား အကျိုးအကြောင်း ရှင်းပြလိုက်တော့သည်…

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now