CH - 76

2.4K 411 14
                                    


မစ္စချင်၏ မီးဖိုချောင်သည် တံခါးမပါသည့် အမျိုးအစား ဖြစ်လေရာ ချက်ပြုတ် ပြင်ဆင်နေသည့် အသံများအား ဧည့်ခန်းမှ အတိုင်းတိုင်း ကြားနေရ၏... ဧည့်ခန်းထဲမှ တိုးတိုးလေး ဆိုနေသည့် စကားသံများပင် မီးဖိုချောင် ထဲတွင် ရှိနေသည့် တတိယလူ နားထဲသို့ ရောက်သွားမည်ဟု ရှောင်စုန့် သံသယများ မိရှာသည်...

စုန့်ယွင်ရန် မှာ နောက်ပြန်ဆုတ်ချင်နေရှာလေပြီ..

ချင်ကဲအား သူလျော့တွက်မိခြင်းမှာ အမြဲလိုလို ဖြစ်တတ်သည့် ကိစ္စဆို သော်လည်း အနှီလူ သည် ဤမျှ သတ္တိကောင်းလိမ့်မည်ဟူ၍ သူ မထင်မိ..

(သူ အိမ်ပြင်မှာ Daddy တစ်ယောက် ရှာထားတာကို သူ့အမေ သိသွား မှာ မစိုးရိမ်ဘူးလားမသိ)

( အင်း.. ဘယ်လိုဆိုဆိုပါလေ သားဆိုတာ အဖေ့ဆီက နှစ်ကူး လက်ဆောင် လိုချင်ကြတာကြည့်ပဲကိုး... ) ဟု တွေးမိသော်ငြား ချင်ကဲအား သွန်သင် ဆုံးမ ရန်ကိုမူ မမေ့...

ဝင်းဝင်းတောက် နေသည့် အကြည့်များဖြင့် အေးစက်စက်လေသံအား သုံးကာ " ဟုတ်တယ်လေ... မင်းက မထိုက်တန်ဘူး..."

ထို့နောက် ခေါင်းလေးအား မာန်ပါပါလှည့်လိုက်ချိန်တွင် ချင်နန်ရုန်၏ တုံ့ဆိုင်း ဟန်ရှိသည့် အကြည့်နှင့် ဆုံတွေ့သွားလေ၏...

"..."

ချင်နန်ရုန်သည် ဘယ်အချိန်ကတည်းက ဧည့်ခန်းအား လှမ်းကြည့်နေသည် မသိ... လက်ထဲတွင်လည်း ဟင်းချက်ဓါးအား ကိုင်ထားကာ ရှောင်စုန့် အား စိုက်ကြည့်နေလေ၏...

ရှောင်စုန့် နောက်ကျောလေး မှာ အေးစက်မှု့အား ခံစားနေရလေပြီ... မစ္စချင် တစ်ယောက် ဘယ်လောက်ထိ ကြားသွားသည်အား သူ မသိ...

ထိုအခိုက်၌ ချင်နန်ရုန် ဆိုလာ၏..

"ချင်ကဲ... မားကို လာကူ..."

ချင်ကဲ " ဟုတ်" ဟု ဆိုကာ ထမရပ်သေးမှီ စုန့်ယွင်ရန် အား " ညနေစာ စားဖို့ ခဏလောက်တော့ စောင့်ရဦးမယ်... မင်း ပင်ပန်းနေပြီဆိုရင် ကိုယ့် အခန်းထဲ သွားပြီး ခဏလောက် နားလိုက်လေ.."

စုန့်ယွင်ရန်သည် ချင်ကဲ စကားအား မေးခွန်းပြန် ထုတ်မနေတော...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now