CH - 88

2K 322 13
                                    


ဒုက္ခ လှလှတော့ ရောက်ပါပြီကော... မျက်နှာဖြတ်ရိုက်ခံလိုက် ရသလိုပါလား နော်...

စုန့်ယွင်ရန်ခေါင်းထဲတွင် "Buzz" ဟူသော အသံကြီးမြည်ဟီးသွားပြီး ဖုန်းအား နေရာတွင် ပေါက်ခွဲပစ်မိမတတ် ဖြစ်သွားရှာ၏..

ကိုယ့်ကိုယ်ကို အရူးလိုလုပ်မနေနဲ့... အဆင်ပြေသွားမှာရယ်... ဟု သူ့ကိုယ်သူ တရားချရှာ၏..

ချင်ကဲက စာတွေဖျက်လိုက်တာကိုပဲ မြင်လိုက်တာနေမှာ.. ဘာတွေ ဘယ်လို ဆိုတာကို တိတိကျကျ မြင်မှာမဟုတ်ဘူးလေ နော်...?

ဟုတ်တယ်... နှစ်မိနစ်တောင် ကြာလိုက်တာမှ မဟုတ်တာ... ငါ အဲ့လောက် ကံဆိုးမှာ မဟုတ်ပါဘူးလေ...

ယုံကြည်ချက်များ ပြန်ရောက်လာပြီး နှုတ်ခမ်းထက်မှ အပြုံးနှင်းဆီလေး ဖူးပွင့် လာချိန်တွင် သူ့ ဖုန်းမှာ နောက်တစ်ကြိမ် တုန်ခါလာလေသည်...

ချင်ကဲ ; { Halo group က ဘာလဲ...?}

"..."

စုန့်ယွင်ရန် ခမျာ ဆွံ့အသွားရှာလေတော့သည်... မြင်လိုက်တာများ မြင်လိုက် တယ်လို့ တည့်တည့် မပြောဘဲ ပြန်တောင် မေးခွန်းထုတ်လိုက်သေးတယ် ပေါ့လေ... ဒီ Daddy သေခြင်းတရားနဲ့ ရင်ဆိုင်နေတဲ့ပုံကို အဲ့လောက်တောင် စောင့်ကြည့်ရတာ ကြိုက်နေတယ်ပေါ့လေ..?

ဒေါသထွက်လိုက်တာနော်... ထိန်းမနိုင် သိမ်းမရအောင် ဒေါသထွက်လာ ပြီလို့...

ချင်ကဲသည် သူ၏ အကြံအစည်များ အောင်မြင်သွားသဖြင့် ကျေနပ်ဝမ်းသာ ပီတိဖြာနေသည့် ပြီတီတီ မျက်နှာ​ပေးကြီးအား သူ မြင်ယောင်မိမတတ် ဖြစ်လာ တော့၏...

ဒီလူကြီး ငါကို ဘယ်လောက်တောင် ကြိတ်ရီနေမယ်မသိဘူး.. ဟု စုန့်ယွင်ရန် တွေးရင်း... စိတ်ရှုပ်စရာကောင်းလိုက်တာနော်... အဲ့ CP Group ဝင်ပြီး အခြေချနေပြီနဲ့တူတယ်.... ငါ့ အရိပ်မည်းတွေတော့ ပေါ်ကုန်ပါပြီ... ဘယ်လို ရှင်းရပါ့...?

..ဟုတ်သား... ဒီကိစ္စက ဒီလောက်ကြီးတဲ့ ပြဿနာမှ မဟုတ်တာဘဲလေ နော်..?

စုန့်ယွင်ရန်သည် ထို Group တွင်သူသည် အမြဲလိုလို ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ အမှန်တရားများအား ပြောလိုသည့် အခါမှသာ စာပို့မိကြောင့် သတိရသွား လေသော် အစောပိုင်းကလေးက သူ အဘယ့်ကြောင့် ထောင်ချောက်မိနေသလို ခံစားလိုက်ရသည့်ပါသနည်း ဟု အံ့ဩတကြီး ဖြစ်သွား၏...သူသည် အချိုများအား စတင် ဖောက်သည်ချသူ မဟုတ်သလို ချောင်းဟွ တွင်ပင် ဝင်ရောက်ဖူးသူမဟုတ်ပေ...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now