CH - 28.1

3.6K 626 2
                                    

ထိုခဏတွင် လေထုကြီးမှာ ထူးတိထူးဆန်းဖြစ်လာကာ လူတိုင်း အနေခက်သွားကြရ၏..။

စုန့်ယွင်ရန်သည်ကား လုံခြုံရေး ဝန်ထမ်းအများအပြားအား မြင်လိုက်ခြင်းကြောင့် စိတ်မသက်မသာဖြစ် ကာ ရှက်ရွံ့သွားရှာ၏..။

လုံခြုံရေး ဝန်ထမ်းများသည် သူတို့မျက်လုံး အကြည့်များအား သူ့ထံ မရောက်မိစေရန် ထိန်းချုပ်ထား ကြသည်..။

ရှီချန်ရပ်ကွက်၏ လျှို့ဝှက်သင့်သော အရာများအား သူတို့ တစ်ချက်လောက်လေးကြည့်မိပါက သင့်လာမည့် ပြစ်ဒဏ်အား ကြောက်နေသည့်အလားပင်..။

စုန့်ယွင်ရန်၏ ဒေါသမီးတောင် ပေါက်ကွဲမလာခင် ချင်ကဲက ပြေရာပြေကြောင်း ဖြစ်စေရန် ဝင်ရှင်းတော့ ၏..။

"တောင်းပန်ပါတယ်ဗျာ..ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေပါ..။ကျွန်တော် ဘာမှမဟုတ်တဲ့ ကိစ္စလေး နဲ့ ခင်များတို့ကို အလုပ်များစေမိပြီ..။အထင်လွဲမိတာလေးတွေ ရှိသွားလို့ပါဗျာ.."

အာ.. အထင်လွဲတာဆိုတာက အမြင့်ဆုံး တန်ပို ရောက်နေတဲ့အချိန် ဘောင်းဘီချွတ်ခိုင်းလို့မရတဲ့ကိစ္စ အတွက် အကူအညီတောင်းတာမျိုးလားဟင်..?

လုံခြုံရေး အဖွဲ့ခေါင်းဆောင်မှာ အတော်ပင် ပဟေဠိ ဖြစ်သွားရှာ၏..။သို့ရာတွင် သူ၏ ပညာရှင်ဆန် သော ကျင့်ဝတ်က အမြန်ပင် ခေါင်းထဲ ပြန်ရောက်လာ၏..။သူခေါင်းထဲ၌ ဆူပူအုံကြွလာသော အတွေးများအား ဖိနှိပ်လိုက်ကာ မေးခွန်းထုတ်လိုက်တော့သည်..။

"ခင်များက မစ္စတာချင် ဆိုတဲ့ အောက်ထပ်မှာ နေတဲ့ တစ်ယောက် ဟုတ်တယ်မလား.?ဖုန်းခေါ်လိုက်တဲ့ လူ ဟုတ်တယ်နော်..?"

ချင်ကဲ ခေါင်းငြိမ့်ပြလိုက်သည်..။

ရှီချန်အိမ်ယာ များတွင် တာဝန်ထမ်းဆောင်ကြသော လုံခြုံရေးအရာရှိများသည် မြင့်မားသော လစာငွေ နှုန်းထားပေးထားရသည်နှင့် တန်အောင် ထူးချွန်ထက်မြက်ကြကာ တစ်ခါမြင်ဖူးထားသူအားပင် လွယ် လွယ်နှင့် မမေ့ကြ..။

ချင်ကဲသည် ယခုနှစ် နွေဉီးရာသီတွင် ဤ ကွန်ဒိုသို့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဤ အထပ်၏ အောက်ထပ်တွင်ရှိသော တိုက်ခန်းတွင် နေသူဖြစ်ကြောင်း သူကောင်းကောင်းမှတ်မိ၏..။ထိုသူသည်ကား ယဉ်ယဉ်ကျေးကျေးရှိ ကာ သူတို့ တွေ့ဖူးသော အခြားအိမ်ရှင်များကဲ့သို့ မတူဘဲ ကွဲပြားခြားနား၏.။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now