CH- 25.2

4.3K 680 18
                                    

ညနေပိုင်း ရောက်ချိန်တွင် ချင်ကဲ ရှီချန်အပေါ်ပိုင်း ရက်ကွက်ဆီသို့ ပြန်လာသည်…

ကားထဲမှ မထွက်မီ ခဏမျှ တွေးလိုက်ပြီး လက်ထောက် ရှောင်ခယ့် အားပြောလိုက်၏…
" ချိန်ကျားမင်လို့ ခေါ်တဲ့ မင်းသားတစ်ယောက်လည်း အခုရိုက်ကူးရေးမှာပါတယ်…သူနဲ့  ကျွန်တော့ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ သူကြည့်ရတာ ကျွန်တော့ရဲ့ အတန်းဖော်ဆိုတဲ့ နာမည် သုံးချင်နေတဲပုံဘဲ…"

ရှောင်ခယ့် သည်လည်း ပါးနပ်သူဖြစ်ရာ ချက်ချင်းပင် ကတိပြန်ပေးလာ၏…
" ဟုတ်ကဲ့ …ကျွန်တော်သဘောပေါက်ပါတယ်…ကုမ္ပဏီကို ဒီကိစ္စတင်ပြထားလိုက်ပါ့မယ်…သူနဲ့ အဆက်အဆံလုပ်ရမဲ့ ကိစ္စတွေရှောင်ဖို့အတွက်လည်း စီစဉ်ထားလိုက်ပါ့မယ်…"

ချင်ကဲသည် ရှောင်ခယ့်အား ကျေးဇူးတင် စကား ဆိုလိုက်ပြီး ကားထဲမှ ထွက်ကာ တိုက်ခန်း၏ ကားပါကင်ဆီသို့ ဖြတ်ထွက်လိုက်သည်…ထို့နောက် အပေါ်ထပ်သို့တက်ရန် ဓါတ်လှေကားအား စောင့်နေတော့သည်…

ဓါတ်လှေကား ထဲသို့ သူဝင်ဝင်ခြင်း လူတစ်ယောက် အော်သံအားကြားလိုက်ရ၏…
"ခဏလေး စောင့်ပေးပါဦး…"
ဓါတ်လှေကားတံခါး ဖွင့်သည့် ခလုတ်အား နှိပ်ကာ အသံရှင် ရောက်လာသည်အထိ စောင့်ပေးလိုက်လေတော့သည်…

"ကျေးဇူးပါဗျာ…"

စုန့်ယွင်ရန်၏ အသံသည်ကား တိုးဝင်သွားကာ သူ၏လှုပ်ရှားမှု့များမှာလည်း ရပ်တန့်သွားတော့၏…

ချင်ကဲ ; "?"

စုန့်ယွင်ရန်သည် သက်ပြင်း တစ်ချက်ရှိုက်လိုက်ပြီး  လက်ထောက်တန်၏ အကျိုးနည်း မျက်နှာလိုက်မှု့ ကြီးအား တိတ်တဆိတ် အပြစ်ဆိုနေလေတော့၏…

ချင်ကဲနှင့် သူသည် အဆောက်အဦးတစ်ခု ထဲတွင် နေကြသည်ဖြစ်ရာ အိမ်မှ ရုံးသို့အသွားတွင်ဖြစ်စေ အိမ်အပြန်တွင်ဖြစ်စေ တစ်ချိန်မဟုတ် တစ်ချိန် မလွဲမရှောင်သာ တွေ့ဖြစ်ကြပေလိမ့်မည်…

ဟာ မဖြစ်ဘူး…ငါက သူနဲ့ အဆက်သွယ် ဖြတ်ပြီးနေရမှာပါဆို…

စုန့်ယွင်ရန်သည် မည်သို့သော အမှားမျိုးမှ ထပ်မလုပ်မိစေရန် ဆုံးဖြတ်လိုက်တော့သည်…

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now