CH - 79

2.3K 406 12
                                    


စုန့်ယွင်ရန် နားဆီသို့ ထိုသတင်းရောက်သွားချိန်တွင် သူ သည် "တရုတ်ပြည်တောင်ပိုင်း၏ ဒဏ္ဍာရီ" ဇာတ်လမ်းတွဲရိုက်ကူးရေး ၏ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်နေပြီဖြစ်သည်...

ထို အခမ်းအနားပွဲသို့ ရိုက်ကူးရေးဝန်ထမ်းများသာမက မီဒီယာအများအပြား မှ သတင်းထောက်များပါ တက်ရောက်ကြလေသည်...

ဂလက်ဆီနှင့် ကျုံးရှောင်ဖန်းတို့ ပထမဦးဆုံး လက်တွဲခဲ့ကြသော Web Drama ဖြစ်သည့် "After Meeting You" ဇာတ်လမ်းတွဲသည် ယခုလ အစပိုင်းတွင်မှ ထုတ်လွှင့်ပြီးစီးခဲ့ခြင်း ဖြစ်ပြီး အပိုင်းတစ်ပိုင်းခြင်းစီ အတွက် ပျှမ်းမျှ ကြည့်ရှု့ နှုန်းမှာ သန်း နှစ်ရာခန့်အထိ ရှိပြီ ဖြစ်သည်... တစ်ပြိုင်နက်တည်း ထုတ်လွှင့် သည့် Web Drama များ ကြားတွင်လည်း ရေပန်းအစားဆုံး Drama အဖြစ် ရပ်တည်လျှက်ရှိလေရာ အကျော်ကြားဆုံး ကာလအပိုင်းအခြားအား ပိုင်ဆိုင်ထားပြီ ဟု ဆို၍ ရနိုင်လေပြီ...

ထိုသို့သော အကြောင်းများကြောင့် မီဒီယာများအနေဖြင့် ဂလက်ဆီနှင့် ကျုံးရှောင်ဖန်းတို့၏ ဒုတိယပူးပေါင်းမှု့ဖြစ်သည့် ယခု Project အပေါ် များစွာ မျှော်လင့်ထားကြလေသည်...

ပရိုဂျူဆာအဖွဲ့တွင် ပါဝင်သူ တစ်ယောက်ဖြစ်သည့် စုန့်ယွင်ရန်သည်လည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရလေသည်..

စုန့်ယွင်ရန်သည် ထိုအခွင့်အရေးအားယူကာ "တရုတ်ပြည်တောင်ပိုင်း၏ ဒဏ္ဍာရီ" ဇာတ်လမ်းတွဲအတွက် သူ ပြင်ဆင်ထားသည့် IP Plan (အင်တာနက်ဂိမ်း) အား သူများ ကူးယူခွင့်မရအောင် မူပိုင်ခွင့်အတွက် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း လူထုထံချပြရင်း ပွဲအတွင်းမှ ထွက်ပေါ်လာသည့် မှတ်ချက်စကားကြား ကျေနပ်ပျော်ရွှင်နေလေ၏...

လွန်ခဲ့သည့် နှစ်က ဂျလုံးပလုံး ကုမ္ပဏီ ဖြစ်သဖြင့် အရေးမစိုက် ခံခဲ့ရသည့် ဂလက်ဆီ အင်တာတိန်းမန့်သည် ယခုနှစ်တွင် ဤမျှတိုးတက်လာ လိမ့် မည်ဟု မည်သူက ထင်ခဲ့ပါ့မည်နည်း...?

(ကုမ္ပဏီ ဒီအခြအနေထိ ရောက်လာတာ စီးပွားရေး Genius ဖြစ်တဲ့ ငါ့ကို ကျေးဇူးတင်သင့်တာပါဆို...ဟွင်း..ဟွင်း)

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now