6- 1

4.7K 809 5
                                    

တောက်ပနေသော လိမ္မော်ရောင် ပြိုင်ကားနားရောက်သည်နှင့် စုန့်ယွင်ရန် သော့သုံး၍ ကားအားလှမ်းဖွင့်လိုက်သည် (တွီတွီ)။

ကားမီးမှ ထွက်လာသောအလင်းရောင်ကြောင့်သူ့အား စိုက်ကြည့်နေသည့် ချင်ကဲ မျက်လုံးအား ရိပ်ခနဲ မြင်လိုက်ရ၏  ။

ဘယ်လိုလဲ ဒီDaddy ရဲ့ ဇိမ်ခံကား ကမိုက်တယ်ဟုတ် မညာပါနဲ့ မင်းမျက်လုံးကြီးတောင်အရောင်တောက်လာပြီ 😎😎။

မင်းမနာလိုတွေ ဖြစ်နေပြီမလား၊ ဟု တွေးကာ စုန့်ယွင်ရန် တစ်ယောက် ဘဝင် ကိုင်နေလေတော့သည်။

အတိတ်က မကျေနပ်ချက်များအား အနည်းငယ် လက်စားချေပြီးပြီဟု ခံစားရပြီးနောက် ကားဘေးသို့ ကျော့ကျော့မော့မော့လေး လှမ်းလျှောက်သွားတော့သည် ။
ဒါက တစ်ကမ္ဘာလုံးမှာ ဒီတစ်စီးမှာဘဲ ရှိတဲ့ Limited edition  အရောင်။ မိုက်တယ်ဟုတ်?? ။
ကြိုက်တယ်ဆို အဝကြည့်နော် အမြန်မလိုဘူး ဖြေးဖြေးမှ ပြန်လည်းရတယ် ။

"No thanks."

ချင်ကဲသည် ကားအားထပ်မကြည့်ထဲ ကားထဲသို့ ပြတ်ပြတ်သားသား ပင် ဝင်ထိုင်လိုက်သည် ။
ထို့နောက်သူ့မျက်လုံးအားပွတ်လိုက်လေတော့
သည် -

" အတော်တောက်ပြီး မျက်စိစူးတဲ့ကားရောင်ကွာ မျက်လုံးတောင် ဒဏ်ဖြစ်ပြီလားမသိဘူး ကျွတ်"
(T/N - So Poor ပါစုန့်လေး 🤣🤣)

စုန့်ယွင်ရန်သည် တစ်ဖက်မှ ကားတံခါးအား ဖွင့်လိုက်ပြီး ဝင်ထိုင်လိုက်လေသည် ။
ချင်ကဲမျက်နှာအားအပြင်ရှိလမ်းမီးရောင်မှ တစ်ဆင့်လှမ်းကြည့်လိုက်စဉ်တွင်  စိတ်ဓါတ်ကျနေဟန်
ဖြင့် မျက်မှောင်ကုန်ထားသည်ကို တွေ့မြင်လိုက်ရ
၏။
အိုး။ဒီ စိတ်အလိုမကျဟန်လေးက ငယ်ရွယ်နုပျိုသော သရုပ်ဆောင်လေးတစ်ဦး၏ အနိုင်မခံ မရှုံးမပေးချင်စိတ်လေးကြောင့် ဖြစ်မယ်။

သူ(ချင်ကဲ) တော့ ငါ့နဲ့ သူ့ကြား က အဆင့်ကွာခြားချက် အကြီးကြီးရဲ့ ရိုက်ချက် ခံလိုက်ရပြီ။
ဟင်းဟင်း။

ထို့သို့စဉ်းစားပြီးနောက် စုန့်ယွင်ရန် ပြောလိုက်
သည်မှာ -
"အခုရှုပ်မှ နောင်ရှင်းဆိုသလို ခင်များအတွက်နားဝင်ဆိုးဆိုးစကားဖြစ်သွားလည်း လိုအပ်တာဆိုတော့ ပြောရမှာဘဲ ။"
"အငှားဒရိုင်ဘာတွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဘဲ ကားကိုကောင်းကောင်းမွန်မွန်နဲ့ သက်သက်သာသာရောက်အောင် မောင်းပို့ပေးရမယ်"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now