CH - 66

2.6K 422 10
                                    

နောက်ထပ်နာရီအနည်းငယ်ကြာသည်အထိ ပန်းပုထွင်းစက်ကြီး ခမျာ အလုပ် လုပ် ရလေတော့သည်...

စုန့်ယွင်ရန်သည် သူ၏ သစ်သားပြားလေးအား ကိုယ်တိုင်ကိုယ်ကျ သေသေချာချာလေး ထွင်းလေသည်။ သူ၏ မိုနီကာလေး ပြီးစီးသွားပြီးနောက် အလုပ်ရုံထဲရှိ အခြားသူများ၏ ပုံများအား လိုက်စပ်စုရုံမက အလုပ်ရုံထဲမှ အခြားပစ္စည်းများအကြောင်းကိုပါ စပ်စုနေလေရာ ကျန် Guest များခမျာ Pressure ပိလာကြတော့၏...

အဆုံးတွင် ကျန်နှစ်ဖွဲ့မှ Guest များသည် ရှောင်စုန့်ကြောင့် နားဆူကာ အာရုံစိုက်မရဖြစ်သည်ဟု ရိုက်ကူးရေးအဖွဲ့အား တိုင်တန်းငြီးညူကြလေရာ ဒါရိုက်တာကြီးခမျာ ရှောင်စုန့်အား အခြား အခန်းဆီသို့ ခေါ်ထုတ်ကာ INREVIEW ရလေတော့သည်...

ရှောင်စုန့် အလုပ်ရုံခန်းမသို့ ပြန်ရောက်လာချိန်တွင် ချင်ကဲ၏ သစ်သားပြား ထွင်း လက်ရာမှာ ပြီးလုနီးပါး ဖြစ်နေလေပြီ...

စုန့်ယွင်ရန်သည် ချင်ကဲ အနီးသို့လျှောက်သွားကာ သေသေချာချာ ကြည့်ပြီး နောက် ပြုံးလိုက်၏..

သူ့ မျက်မြင်ကိုယ်တွေ့ အရ ချင်ကဲသည်ကား အရာအားလုံး တတ်ကျွမ်း နေသည့် အနန္တတန်ခိုးရှင် မဟုတ်တော့ပေ... ဥပမာပြရသော် သစ်သားထွင်းထုသည့် လုပ်ငန်းစဉ်တွင် ချင်ကဲသည်ကား သူ့လောက်ပင် မတော်.... သစ်သားပြားအား ထွင်းထုချိန်တွင် အလွဲအချော်တစ်ခုခု ဖြစ်ခဲ့သည်လားမသိ.. ချင်ကဲရေးဆွဲထားသည့် သနားချင့်စဖွယ် ခွေးပုံလေးမှာ ဆေးရောင်ခြယ်ပြီးနောက် အရင်က သူ ခံစားခဲ့ရသည့် ဒေါသထွက်စရာ ခွေးပုံလေး မဟုတ်တော့ဘဲ ကြည့်လိုက်သည်နှင့် ပျော်ရွှင်မှု့အား ပေးနိုင်သည့် ခွေးရုပ်လေးအသွင် ပြောင်းသွားလေပြီ...

" အရင်က အဲ့လိုပုံမျိုးမှ မဟုတ်တာကို"

စုန့်ယွင်ရန်သည် သားဖြစ်သူ၏ အိမ်စာအား စစ်ဆေးပေးနေသည့် အဖေအိုကြီး သဖွယ် ခေါင်းတခါခါ လုပ်ကာ သက်ပြင်းချလိုက်၏...

ချင်ကဲသည် သူ့အား လှမ်းကြည့်လိုက်ပြီး " ဒါပေမဲ့ ချစ်စရာကောင်းတယ် လေ..ဟုတ်တယ်မလား..?"

စုန့်ယွင်ရန်သည် အနည်းငယ် စဉ်းစားဟန်ပြုလိုက်ပြီး " အဲ့လို ခံစားချက်မျိုး တော့ ရပါတယ်..."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now