CH-46

3.2K 590 14
                                    


စုန့်ယွင်ရန်၏ လက်ရှိ စိတ်အခြေအနေမှာ ထိတ်ထိတ်ပျာပျာနှင့် ကြောက်လန့်နေသည့် အဆင့်မျိုး မကတော့ပေ....။ ဝိဉာဉ်လွင့်သွားသည့် အခြေအနေသို့ ရောက်သွားရှာ လေပြီ..။

ငယ်စဉ်ကတည်းက သူ့အမေက သူ့အား သွန်သင်ဆုံးမခဲ့သည်မှာ "ပေါင်းပေါင်း စကား တစ်ခွန်းဆိုတော့မယ်ဆိုရင် သေချာ စဉ်းစားပြီးမှ ဆိုရမယ်ကွဲ့... ကြမ်းကျွံရင် နှုတ်ရတယ် စကားကျွံရင် နှုတ်မရဘူးတဲ့... ရှေ့မကြည့် နောက်မကြည့်ပြောမိရင် ဒုက္ခရောက် လိမ့်မယ်နော်..ကိုယ်ပြောတဲ့ စကားကို တာဝန်ခံရမယ့် လူက ကိုယ်တိုင်ပဲ..." ဟု ဖြစ်လေသည်.။

ထို့ အချိန်က စုန့်ယွင်ရန်သည် မင်းသား ရူး ရူးနေသည်ဖြစ်လေရာ သူ့အမေ၏ စကားအား နှာခေါင်းရှံ့၍ အနုပညာလောက မှာနာမည်ကြီး ဖြစ်လာမှ အမေ့ရှေ့ သွားပြီး တွေ့လား သားနာမည်ကြီး မင်းသားဖြစ်နေပြီဆိုပြီး ချေပစ်မယ်ဟု တွေးကာ ... ပြီးတော့ ငါက အနုပညာ လောက ထဲ ဝင်မှာဥစ္စာ ....စီးပွားရေး သမားတွေလို ရှုပ်ရှုပ်ရှက်ရှက် ဟို အစည်းအဝေးတက် ဒီအစည်းအဝေးတက် လုပ်စရာမှ မလိုဘဲ... သရုပ်ဆောင် အရည်အချင်းကို တိုးတက်အောင် လုပ်ပြီး ဆုပေးပွဲတွေမှ ဆုယူတဲ့ အချိန် စကား ကောင်းကောင်း ပြောနိုင်ရင်ရပြီ... ဒီလို ရှုပ်ရှုပ်ရှက်ရှက် စကားတွေ အပြုအမူတွေကို မှတ်ထားစရာ မလိုပေါင်... ဟု တွေးခဲ့၏..။

သို့သော် ယခု အချိန်တွင်မူ သူ့ အမေအား ဆုံးမစကားမှာ မည်မျှ အဖိုးတန်ကြောင်း သဘောပေါက် သွားလေပြီ....

ချင်ကဲအား ညစာ ဖိတ်ကျွေးရန် ခေါ်လိုက်စဉ်က ချင်ကဲအား အစ်ကိုကြီး နေရာထားကာ ထောင်ထောင် မလုပ်တော့ရန် သူဆုံးဖြတ်ထားသည်..။

သို့ရာတွင် နဖူးတွေ့ ဒူးတွေ့ ကြုံလာချိန်တွင် စုန့်ယွင်ရန် အတွေးများ နေလေပြီ...

ငါ လူမိုက်ပုံ ဖမ်းပြီး ဟုတ်တယ် ကျုပ်က ပြန်မွေးဖွား လာတဲ့လူပဲ... အဲ့တော့ မင်း ဘာတတ် နိုင်လဲ...?ဆိုပြီး ဖိနှိပ်လိုက်ရင် စစချင့် ဆောက်နဲ့ထွင်း ဆိုသလို ရန်စကား ပြောလိုက်ရင် ကောင်းမလား ...

စုန့်ယွင်တစ်ယောက် ဝေခွဲမရ ဘဲ ကြောင်တက်တက် အမူအယာလေးနှင့် စိတ်နှင့်ကိုယ် ပြန်မကပ်သေးစဉ် ချင်ကဲ က သတိပေးစကား ဆိုလာလေသည်..။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now