( Part _ 1)

32.5K 992 13
                                    

(Zawgyi version)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းသို့ ခြေချလိုက်သည် နှင့်တစ်ပြိုင်နက် လူများအားလုံး၏ စိတ်အာရုံသည် ထိုလူသားထံမှ
အကြည့်မလွှဲနိုင်။

၆ ပေကျော်မြင့်မားသောအရပ်ကြောင့် လူအုပ်ထဲတွင်ထင်ရှားနေသည်။ တစ်ကိုယ်လုံးနက်စွေးနေအောင်ဝတ်ဆင်ထားသော ထိုလူသားသည် တစ်လောကလုံးကိုဂရုမစိုက်သည့်ဟန်။လက်တစ်ဖက်မှ luggage ကိုဆွဲကာ ဘယ်ဘက်လက်တွင် ကုတ်အင်္ကျီကိုလွှားလျက် တစ်လှမ်းချင်းလျှောက်ဝင်လာလေသည်။တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးသည် အပြုံးအရယ်မရှိ။မျက်ခုံးထူထူသည် ထိုလူသား၏
ချောမောခန့်ညားမှုကို ပံ့ပိုးနေသယောင်။မဟူရာရောင်မျက်ဝန်းနက်နက်တို့သည် စွန်ရဲတစ်ကောင်ကဲ့သို့စူးရှလျက် ပဟေဠိများနှင့်ပြည့်နှက်နေပေသည်။
အကြည့်မလွှဲနိုင်အောင်ခန့်ညားလှသော ထိုလူသားသည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ...

" ဟက်! မွေးရပ်မြေဆီ ခြေမချဖြစ်တာ ဆယ်စုနှစ်ကျော်ပြီပေါ့ ။ခင်ဗျားတို့နဲ့ စာရင်းရှင်းဖို့ ကျုပ်လာပြီ "

ထို့နောက် လေဆိပ်ရှေ့တွင်ရပ်ထားသော အနက်ရောင်ကားဆီသို့ဦးတည်သွားလိုက်လေသည်။ကားအတွင်းမှ လူတစ်ယောက်ထွက်လာကာ ကားတံခါးကိုဖွင့်ပေးလျက်

"Boss ဘယ်ကိုအရင်မောင်းရမလဲဗျ "

"မမဆီ အရင်သွားမယ်။ ပြီးမှစံအိမ်ကိုမောင်း သွေးသု "

"Yes Boss"

ထို့နောက်Audio အနက်ရောင်ကားလေးသည် အဝေးပြေးလမ်းမကြီးပေါ်တွင် တစ်ရွေ့ရွေ့ဖြင့် လိုရာခရီးနှင်လေသည်။

ကားမောင်းရင်းသွေးသု Boss ကိုလှမ်းကြည့်
နေမိသည်။ကားအပြင်ဘက်ကိုသာငေးမောနေသော Bossမျက်ဝန်းထဲတွင် မည့်သည့်ခံစားချက်မှဖြတ်ပြေးမနေ။Boss ကသူ၏ တစ်ဦးတည်းသောအစ်မကို အရမ်းချစ်လေသည်။
Boss ဒယ်ဒီနှင့်မာမီက Bossရဲ့အသက် ၁၃နှစ်အရွယ်တွင် သဘောထားချင်းမတိုက်ဆိုင်၍ ကွာရှင်းပြတ်စဲခဲ့ကြသည်။ လူကြီးတွေရဲ့ထုံးစံအတိုင်းဘဲပေါ့။Boss ကတော့ သူ့ဒယ်ဒီနှင့်အတူ UK တွင်လိုက်နေခဲ့ရပြီး Boss၏ အစ်မ မမလေးပန်းစက်သျှားနှင့် သခင်မကြီး ဒေါ်အလင်းစက်နွယ်တို့ကတော့
မြန်မာပြည်တွင်သာနေရစ်ခဲ့ကြသည်။ဂုဏ်ဒြပ်ဆိုသည့်ပကာသနတွေဟာ မိသားစုတစ်ခုကိုဖြိုခွဲနိုင်သည့် အစွမ်းအစရှိမှန်း ထိုအချိန်ကတည်းက ကျွန်တော်သဘောပေါကနားလည်ခဲ့ရသည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now