(PART_32)

6.4K 262 6
                                    

သာယာလှသောနံနက်ခင်းဝယ် ကျေးငှက်တို့၏ တွန်ကျူးသံနှင့်အတူ နေရောင်ခြည် ခပ်နွေးနွေးက ပြတင်းတံခါးမှတစ်ဆင့် လိုက်ကာစကို ဖြတ်ကာ ခန္ဓာကိုယ်ထက်ကျရောက်လာတာမို့ မျက်လုံးများပွင့်လာရသည်။ဘေးဘက်ဆီကို အာရုံပြုမိတော့ ချစ်ရသူဟာ အိပ်စက်နေတုန်းဖြစ်သည်။ချစ်ရသူရဲ့ ရင်ခွင်ကျယ် ဟာ မနက်ခင်းနိုးထတိုင်း ကြည်နူးရခြင်း၏ အကြောင်းပြချက်ဖြစ်သည်။အိပ်ယာမှ ထရန်ပြင်မိလေတော့  ခါးအောက်ပိုင်း တစ်နေရာမှ စူးကနဲ နာကျင်မှုကြောင့် အသာငြိမ်နေလိုက်ရသည်။

မောင့်မျက်နှာထက် နဖူးပေါ်ဝေ့ကျနေသော ဆံသားနက်မှောင်မှောင် ပျော့အိအိတစ်ချို့ကို လက်ချောင်းများဖြင့် အနောက်ဘက်သို့ အသာယာပို့ပေးလိုက်မိသည်။နဖူးထက်ကို အကြင်နာအနမ်းပန်းတစ်ပွင့် ခြွေလိုက်လေတော့ မျက်တောင်တိုစိပ်စိပ်တို့က ခပ်ဟဟ ပွင့်လာလေသည်။

" Morning မောင်, နေတောင်ထွက်နေပြီ ထတော့လေ "

မနက်စောစော ကြားလိုက်ရတဲ့ ချစ်ရသူရဲ့ အသံလေးဟာ မနက်ခင်းတိုင်းကြားချင်မိတဲ့ အသံလေးဖြစ်သည်။နားထဲ သကာရည်လောင်းချသလို ပျော်ဝင်သွားတဲ့ အသံချိုချိုလေးကြောင့် မျက်လုံးများဖွင့်ကာကြည့်မိလေတော့ ဝင်းမွတ်ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ ရှုပ်ပွနေတဲ့ ဆံနွယ်ညိုကောက်ကောက်နဲ့ကောင်လေးဟာ အာဏာ့ကိုပြုံးကာ ကြည့်နေသည်။ဒီကောင်လေးဟာ တစ်နည်းအားဖြင့် အာဏာ့သက်ဆိုင်သူ အမျိုးသားငယ် ဖြစ်သည်။အာဏာ့ထက် အသက်ကြီးပေမယ့် ဒီကောင်လေးဟာ ကလေးတစ်ယောက်လို အသည်းယားဖွယ် ပြုမူတတ်သေးသည်။

" Morning မောင့်ရဲ့ငယ် "

" နာနေသေးလားအချစ် မောင်ညက သန့်ရှင်းရေးလုပ်ပေးပြီး ဆေးတော့ထည့်ပေးထားတယ်"

ဒီပါသိပါတယ် ။မောင်သန့်ရှင်းရေးလုပ်ပေးထားမှန်း။ဒီပါ့အဝတ်အစားတွေက ကအဝတ်အစားတွေမှမဟုတ်တော့ဘဲ။အိပ်ယာခင်းကလည်း မောင်အသစ်လဲပေးထားပုံပါဘဲ။

"အာ့ မောင် လွှတ်ပါဦး "

မောင်က ဒီပါ့ရဲ့လက်တစ်ဖက်ကို အသာယာဆောင့်ဆွဲလိုက်လေတော့ မောင့်ရင်ဘတ်ပေါ်ပြုတ်ကျသွားရပြီး ဒီပါ့မျက်နှာနဲ့ မောင့်မျက်နှာဟာ နီးကပ်သွားရသည်။ဝင်လေထွက်လေဟာ ပြင်းပြနေလေတော့ ဒီပါ့အသက်ရှူသံပြင်းပြင်းကို မောင်ကြားနိုင်လောက်ပါရဲ့။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Dove le storie prendono vita. Scoprilo ora