(PART_27)

5.2K 271 2
                                    


" Oh! Jayတို့ ရောက်လာကြပြီလား"

အဲရစ်ဆိုတဲ့ လူက ဒီပါတို့ကိုကြည့်ပြီး Jay လို့ ခေါ်လိုက်တော့ ဒီပါ ကြောင်သွားမိသည်။နောက်မှ မောင်က UK မှာနေခဲ့တာဆိုတော့ မောင့်နာမည်ဘဲဖြစ်လောက်မှာပါ။

ဒီပါနဲ့မောင် အခု အီတလီကနေ လာတဲ့ ဒီဇိုင်နာအဲရစ်ဆီ ရောက်နေကြခြင်းဘဲဖြစ်ပါတယ်။အဲရစ်က မောင်နဲ့ UK မှာတည်းက သူငယ်ချင်းလို့ပြောတာပါဘဲ။အထက်တန်းအထိ အတူကျောင်းတက်ခဲ့ကြပြီး အထက်တန်းအောင်ပြီးနောက်ပိုင်းမှာတော့ အဲရစ်က  အီတလီမှာ ဒီဇိုင်းပညာသင်ယူရင်း  ဖက်ရှင်ရှိုးပွဲတွေမှာ သူ့လက်ရာတွေဟာ နာမည်ရလာတာပါဘဲ။အခုတော့ အဲရစ်ဟာ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ဖြစ်နေပါပြီ။

"Nice to meet you "

" oh ! you too"

(AN/ ဒီနေရာမှာ အဲရစ်နဲ့စကားပြောရင်အင်္ဂလိပ်လိုဘဲသုံးနှုန်းမှာပါနော် )

" မတွေ့တာတောင် ကြာပြီနော် Jay"

" ဟက် အထက်တန်းပြီးကတည်းကဆိုပါတော့ "

အဲရစ်က ပြောလည်းပြော အာဏာ့ကို ပွေ့ဖက်နမ်းလိုက်သည်။ဒီအပြုအမူဟာ အနောက်တိုင်းကလူတွေအတွက်တော့ မထူးဆန်းပေမယ့် မြန်မာပြည်မှကျတော့ အမြင်တစ်မျိုးဖြစ်နေတာမို့ ငယ်စိတ်ခုသွားမည်ကို အာဏာစိုးရိမ်မိသော်လည်း ငယ်ကတော့ ဘာမှတောင်စိတ်ထဲထားပုံမပေါ်  ။ပြုံးလျက်ပါဘဲ။

"ဒါလေးက ယူ့ boyfriend ဆိုတာလား တကယ်ကို လှလိုက်တာ "

"တွေ့ရတာဝမ်းသာပါတယ်,တို့ကအဲရစ်ပါ "

" တွေ့ရတာ ဝမ်းသာပါတယ် ,ဒီပါလွှမ်းခေတ်ပါ "

ဒီပါလည်း အဲရစ်ကို လက်ကမ်းပေးပြီးပြန်နှုတ်ဆက်လိုက်သည်။အဲရစ်က  အသားဖြူဖြူ ၊လူကောင်သေးသေး၊ မျက်ဝန်းပြာလေးနှင့် ဆံပင်တွေကို တစ်ခေါင်းလုံး ခရမ်းရောင်ဆိုးထားသည်။နားကွင်းတွေကိုလည်း နားနှစ်ဖက်အပြည့်တပ်ထားသေးသည်။ဖက်ရှင်ကလည်း တိုးလို့တွဲလျောင်းတွေနဲ့ သူနဲ့တော့တကယ်လိုက်ဖက်နေတာပါ။ခြုံငုံပြောရရင် အဲရစ်ကလည်း တကယ်လှတဲ့သူပါဘဲ။

" တီပါ အိုး ဆောရီးပါ တို့မခေါ်တတ်ဘူး ခေတ်ဆို အဆင်ပြေမလားဘဲ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Waar verhalen tot leven komen. Ontdek het nu