PART_ 15

7.2K 346 4
                                    


" ဖေဖေ တကယ်ဘဲ သားကားဂိတ်ထိဘဲ လိုက်ပို့လို့ဖြစ်ရဲ့လား"

နေး ဖေဖေ့ ပစ္စည်းများကိုထည့်ပေးနေရင်းပြောလိုက်ခြင်းဖြစ်သည်။ဖေဖေက ရောက်တာမှ သုံးရက်မပြည့်သေး ကလောကို ပြန်တော့မယ်ဆိုပြီး ချက်ချင်းကြီးလက်မှတ်ထဖြတ်ခိုင်းတယ်လေ။

" သြော် ဖေဖေ့ကို စိတ်ချပါဆို သားငယ်ရယ် သားကအလုပ်တွေရှိသေးတာကို ဖေဖေ့ကို ကလောထိပြန်လိုက်ပို့မလို့လား"

" လိုက်ပို့သင့်ရင် လိုက်ပို့ရမှာပေါ့ ဖေဖေရဲ့ သားဘဝမှာဖေဖေ့လောက်ဘယ်သူမှ အရေးမကြီးဘူး ဖေဖေသာ သားကိုမကယ်ခဲ့ဘူးဆို သားဘဝဟာ အခုချိန်မှာ ဘာတွေဖြစ်နေမလဲ မတွေးရဲလောက်အောင်ပါဘဲဖေဖေ ။ ဖေဖေ့ကျေးဇူးတွေက ဆပ်လို့မကုန်နိုင်ပါဘူး"

" သားငယ် ဖေဖေပြောတာနားထောင်  ဖေဖေကသားငယ်လေးအပေါ်ကျေးဇူးတရားတွေနဲ့ချည်နှောင်ခဲ့ဖူးသလား ၊ဖေဖေသားကို ပြုစုစောင့်ရှောက်ခဲ့တာ ဘာမျှော်လင့်ချက် ဘာအတ္တမှမပါဘူးသား။ဖေဖေကျေးဇူးလည်းအတင်မခံချင်ဘူး၊ ဒီသနားစရာ ဖေ့သားလေးက ဘဝကို ဘယ်လောက်တောင်ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရလည်းဖေဖေသိတာပေါ့၊ ဖေဖေ့အသုံးမကျမှုတွေကြောင့်ဖြစ်သွားရတာ ၊ဖေဖေက အသုံးမကျတဲ့သူပါ ငါ့သားရယ် "

ဖေဖေဟာနေးကိုရင်ခွင်ထဲထည့်ဖက်ထားပြီး မျက်မှန်ကိုချွတ်ကာ ရှိုက်လို့ငိုနေပြန်သည်။

"ဖေဖေရယ် ဖေဖေအပြစ်မဟုတ်ပါဘူး  နှစ်တွေလည်းကြာခဲ့ပါပြီ  သားလည်း စိတ်ထဲမရှိတော့ပါဘူး "

"သားငယ် ဖေဖေ တစ်ခုပြောပြမယ် သားငယ်လေးဟာ ချစ်ခြင်းမေတ္တာတွေနဲ့ထိုက်တန်ပါတယ်ကွယ် ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ သားအမှားတစ်ခုမှမပါဘူးမို့လို့ ဖေ့သားလေးက ကိုယ့်ကိုယ်ကို  ဘယ်သူနဲ့မှမထိုက်တန်ဘူးလို့ မတွေးပါနဲ့လား ချစ်ကြည့်ပါ ငါ့သားရင်ထဲက နေရာယူထားတဲ့သူကို ရဲရဲဝံ့ဝံ့မေတ္တာတွေ ပြန်ပေးလိုက်ပါ "

နေးအဲ့နေ့က ဖြစ်ရပ်ဆိုးကြီးတစ်ခုကြုံခဲ့ပြီးတဲ့နောက်ပိုင်းမှာ လူတွေကိုအယုံကြည်မရှိတော့ ။ အချစ်ဆိုတာ သူ့လိုမသန့်ရှင်းတဲ့သူနဲ့ မထိုက်တန်တဲ့အရာလို့ဘဲထင်ခဲ့တယ်။အချစ်မပါဘဲ ယောက်ျား မိန်းမမရွေး အားလုံးနဲ့တွဲတယ်။ တစ်ချို့ one night stand တွေဆို နာမည်တောင်မသိ။ နေးကဘယ်သူ့ကိုမှအာရုံမထား ဖြတ်ချင်တဲ့အချိန်ကောက်ဖြတ်လိုက်တာပါဘဲ။ဖြစ်သမျှပြသနာ အားလုံးကို နောင်ကဘဲ ထိုင်ခံဖြေရှင်းရသည်။နေးလုပ်သမျှ အားလုံးဖြေရှင်းမယ့် နောင်တစ်ယောက်လုံးရှိနေတာဘဲ နေးကဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။နောင်ကတော့ နေးလိုမဟုတ် ကျောင်းတက်ကတည်းက သူ့ကိုကြိုက်တဲ့လူတွေမှိုလိုပေါနေတာတောင် တစ်ယောက်ကိုမှ ပြန်မကြိုက်ခဲ့။ ဒီကောင်က ကိလေသာ ကုန်ခမ်းနေတာများလား။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now